မိုးစက်များနှင့် ကခုန်ခြင်း
မရွာပဲ ကျော်သွားတဲ့မိုးတိမ်တွေ
မနေ့ကလိုပဲ ကောင်းကင်မှာ အပြည့်၊
အလွမ်းတွေ ကိုယ်စီဖြေရင်း
အနမ်းတွေခြွေကာမှ
ရှက်မိုးတွေကကြွေ...
မိုးစက်တွေ ခုန်ပေါက်ဆော့တော့
မင်းအပြုံးတွေ ပွင့်လန်း
မိုးရေထဲမှာ လှချင်တိုင်းကိုလှလို့...
မိုးရေတွေစိုနေတဲ့ မင်းဆံနွယ်တွေတစ်ချက်ခါလိုက်တိုင်း
လွင့်စင်ကျသွားတဲ့ မိုးစက်တွေ လွမ်းတတတနဲ့ မြေပေါ်ကိုကြွေ...
ကိုယ်တို့အတွက်တဲ့
အမှတ်တရမိုးတွေ သွန်းသွန်းဖြိုးဖြိုး
အချမ်းပြေကော်ဖီသောက်ရင်း
မိုးစက်တွေနဲ့အတူ အလွမ်းပြေအနမ်းတွေခြွေ...
#ကိုကိုမိုးဟိန်း
သစ်အယ်သီး
ဤစာစုလေးသည် Steemit တွင်တင်ခဲ့ခြင်းဖြစ်ပါသည်။
Zawgyi ဖြင့်ရေးသားထားသောကြောင့် နှောင်တစ်ချိန်တွင်ပျောက်ပျက်သွား မည်းစိုး၍ Hive platfrom ပေါ်တွင်
Unicodeဖြင့်ပြန်လည်တင်ရခြင်းဖြစ်ပါသည်။
ဤစာစုလေးသည် ကျွန်တော့်ချစ်သူအတွက် အမှတ်တရအဖြစ် ရေးသားခဲ့ခြင်းဖြစ်ပါသည်။
12 jul 20