မိုး...
ခေါင်မိုးပေါ်က မိုးစက်ကျသံ
နှစ်လိုစွာ နားစိုက်ထောင်ရင်း
နှလုံးသားက အလိုလို ဆွေးလာတယ်...
လေခေါ်ဆောင်ရာ မိုးစက်ပါ
တိမ်တိုက်တွေဆိုတာ အုံ့မိုင်းလို့
မိုးချိန်းသံ တစ်ချက်ကြားတိုင်း
အတိတ်က အာရုံတွေ ပြန်ပြန်မြင်လာတယ်...
အဲ့ဒီနေ့က မိုးတွေ တအားသည်းနေခဲ့တယ်
မှက်မိပါသေးတယ် သူမပြောခဲ့တဲ့စကား
ဘယ်လိုမှ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့လို့
လမ်းခွဲကြပါစို့တဲ့။
ထီးလေးဆောင်းပြီး သူမထွက်သွားခဲ့တယ်
ရုတ်တရက်
ပါးပြင်ပေါ်က စီးကျလာတဲ့ အရည်တွေကိုသုပ်လိုက်မိတယ်
မျက်ရည်လား၊ မိုးရေလား
မျက်ရည်တွေက ပိုများနေခဲ့မှာပါလေ....
မိုးဟာ အဲ့ဒီည တစ်ညလုံး ရွာလိုက်သိပ်လိုက်
ကောင်လေးတစ်ယောက်လည်း ငိုလိုက်ရယ်လိုက်
မိုးတွေချိန်းလိုက်တိုင်း လင်းလင်းသွားသလို
မင်းအကြောင်းတွေးလိုက်တိုင်း နှလုံးသားက နာနာသွားတယ်
အဲ့ဒီအနာက ဘယ်တော့မှ ကျက်မသွားပါဘူး
ခုလို မိုးတွေရွာတိုင်း ပြန်ပြန်ပေါ်လာတက်တယ်
ကိုကိုမိုးဟိန်း
မိမိခံစားချက်မဟုတ်ပါ။ မိုးရေထဲမှာ အသဲကွဲဖူးသူတစ်ယောက်၏
ခံစားချက်ကို အငှားခံစားရင်း ရေးမိရေးရာ ရေးလိုက်ပါသည်။