မန္တလေးတောင်ခြေ ရေလယ် ဓမ္မာရုံ

စတီးမစ်ပလက်ဖောင်းတွင် တင်ခဲ့သော ပို့စ်များကို ခဏ ရပ်နားကာ ယမန်နေ့က သွားရောက်၍ ရိုက်ယူ ခဲ့သော ဓာတ်ပုံများကို တင်လိုက်ရပါသည်။ ကျွန်တော်သွားခဲ့သော နေရာမှာ မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရားအနီးမှ ရေလယ်ဓမ္မာရုံ သို့...

5 years ago, comments: 4, votes: 10, reward: $0.25

စတီးမစ်ပလက်ဖောင်းတွင် တင်ခဲ့သော ပို့စ်များကို
ခဏ ရပ်နားကာ ယမန်နေ့က သွားရောက်၍ ရိုက်ယူ
ခဲ့သော ဓာတ်ပုံများကို တင်လိုက်ရပါသည်။

ကျွန်တော်သွားခဲ့သော နေရာမှာ မန္တလေးတောင်ခြေရှိ
ကုသိုလ်တော်ဘုရားအနီးမှ ရေလယ်ဓမ္မာရုံ သို့
ဖြစ်ပါသည်။ သွားရောက်ရခြင်းမှာလည်း ကျွန်တော်
၏ချစ်သူ ညိုချောလေးနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်ပါသည်။

သာယာလှသည့် ကန်ရေပြင်အလယ်တွင် ဓမ္မာရုံတည်
ထားပြီး ကန်ဘေးပတ်လည်တွင် အရိပ်ရသစ်ပင်များ
စွားရှိနေသောကြောင့် ကျွန်တော်တို့ချစ်သူနှစ်ဦး ဆုံတွေ့ရသော ဤနေရာလေးသည် နတ်ပြည်သမျှ
သာယာလှပလို့နေပေသည်။😁😁😁
IMG_20200722_114317.jpg

IMG_20200722_114424.jpg

IMG_20200722_122248.jpg

ရေလယ်ဓမ္မာရုံ ပေါ်တွင်တော့ နားနေသူများ အနည်းငယ်ရှိပါသည်။
ကျွန်တော်တို့ ချစ်သူနှစ်ဦးလည်း ခေတ္တခဏ တွေ့ဆုံစကားပြောကြပြီး
ပြန်လည်ခဲ့ကြပါသည်။ ဘယ်မှတော့ မလယ်ဖြစ်ကြတော့ပါ။ ကျွန်တော်ကလည်း Evening Duty ဆင်းရမည်။ သူမကလည်း မအားသောကြောင့် အမှတ်တရပုံလေး ရိုက်ယူပြီး ပြန်ခဲ့ကြပါ
သည်။

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko

Jul 23 20