မနိုးထချင်ခဲ့သော...

နိုင်ဝင်ဘာ ၁ ရက် ၂၀၁၂ ဘဝတစ်ဆစ်ချိုးမှာ ရည်မှန်းချက် ပန်းတိုင်ကို ရှာတွေ့ခဲ့သောနေရာ အလှပဆုံး လူငယ်ဘဝကို ထုဆစ်ပုံဖော်ရင်း အိမ်မက်တွေ အကြီးကြီးမက်ခဲ့သောနေရာ...။ လမ်းပြကြယ်တစ်ပွင့်နဲ့ ဥယျဥ်မှူးတစ်ယောက် သူတို့လ...

5 years ago, comments: 2, votes: 21, reward: $0.42

နိုင်ဝင်ဘာ ၁ ရက် ၂၀၁၂ ဘဝတစ်ဆစ်ချိုးမှာ

ရည်မှန်းချက် ပန်းတိုင်ကို ရှာတွေ့ခဲ့သောနေရာ

အလှပဆုံး လူငယ်ဘဝကို ထုဆစ်ပုံဖော်ရင်း

အိမ်မက်တွေ အကြီးကြီးမက်ခဲ့သောနေရာ...။

လမ်းပြကြယ်တစ်ပွင့်နဲ့ ဥယျဥ်မှူးတစ်ယောက်

သူတို့လက်တစ်စုံနဲ့ ကျွန်တော့်ဘဝကို

ပဲ့ကိုင်ပေးခဲ့သောနေရာ...။

နန်းဆန်တဲ့ အိပ်ခန်းဆောင်တွေနဲ့

သစ်သားရနံ့တွေ မွှေးပျံနေသောနေရာ...။

ညီအစ်ကို၊ မောင်နှမ ရင်းချာ မိသားစုစိတ်ဓာတ်တွေ

လွှမ်းခြုံခဲ့သောနေရာ...။

ငြိမ်းချမ်းသောနေရာ

နွေးထွေးသောနေရာ

လှပသောနေရာ

အိမ်မက်ဆိုရင်တောင် ဘယ်တော့မှ...

မနိုးထချင်ခဲ့သောနေရာ...။

IMG20200513132311.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

သို့သော်... သြဂုတ်လ ၂၅ ရက် ၂၀၂၀ မှာ
ရေစက်ရှိလို့ဆုံကြပေမဲ့
ရေစက်ကုန်လို့ ခွဲခွာကြရလေပြီ...?