မင်းကိုမုန်းနေတက်ပြီ....
အနေမဝေးပေမဲ့ နှလုံးသား ချင်းကတော့
တစ်ကမ္ဘာစီ ဝေးလို့.....
အရင်ကနွေးထွေးခဲ့တဲ့ အနမ်းတစ်ချို့တောင်
အခုဆိုရင် ကျောက်ရုပ်တစ်ရုပ်လို ငါ့ကို
အေးစက်သွားစေနိုင်တယ်....
ကြေကွဲစရာကောင်းတာတစ်ခုက အရင်က
ငါသိပ်ပြီး ရင်ခုန်ခဲ့ရတဲ့ မင်းမျက်ဝန်းတွေ
အခုဆို ငါ့ကို တစ်စိမ်းတစ်ယောက်လို
ကြည့်နေပြီ......
ရင်ကိုဓားနဲ့ခွဲတာခံနိုင်ပေမဲ့ အသည်းကွဲပြီး
ကျန်ရစ်ခဲ့တာကိုတော့ ဘယ်သူက
ခံနိုင်ရည်ရှိမှာလဲ.....
တို့တွေဝေးသွားဖို့ဆိုတာ မင်းကိုယ်တိုင်
ဖန်တီးခဲ့တဲ့ နှလုံးသား ပြဇာတ်တစ်ပုဒ်ပါ
ဟန်ဆောင်မှုတွေနောက်ကွယ်မှာ....
မင်းကြိုးကိုင်ခဲ့တဲ့ ငါ့နှလုံးသား....အခုဆို
###မင်းကိုမုန်းနေတက်ပြီ.........
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Written by @kokomoehein
MSC no.118