မန်းမြေသိပါစေ……..
Photo credit -Google
ကမ်းကုန်အောင်အေးတဲ့ဆောင်း နှင်းမှုန်တွေဝေဖြာဆင်းသက် မန်းမြေမှာခကြတယ်…….
လွမ်းမကုန်အောင်ရင်မှာဆွေး သံခေါင်ယံလူခြေတိတ်ဆိတ် တိတ်တိတ်လေးငိုခဲ့ဖူးတယ်……
ရိုးမြေကျတောင်းဆုခြွေလည်း... မိုး မြေလို ကွေကာကွင်း မန်းမြေမှာပဲ ဝေးခဲ့ကြတယ်…….
နေညိုချိန်ဒီလမ်းလေးမှာ ညှာတာမှုကင်းတဲ့နင့်ကျောပြင်က ငါ့နှလုံးသားကိုလှောင်ပြောင်ခဲ့တယ်….
လူသိမခံတဲ့ ပုံပြင်တစ်ပုဒ် မန်းမြေမှာပဲအဆုံးသတ်ခဲ့တယ်ဆိုတာ မန်းမြေသိပါစေ…….
(မန်းမြေဆိုတာ မန္တလေး ၊ ရတနာပုံနေပြည်တော် ကိုဆိုလိုခြင်းဖြစ်ပါသည်။ )
ဒီနှစ်မန္တလေးမြို့မှာ ထူးထူးခြားခြား အအေးပိုနေလို့ ရူးနှံ့နှံ့ အတွေးများဖြင့် ရေးသားမိခြင်းဖြစ်ပါသည်။
ကိုကိုမိုးဟိန်း
Written by @kokomoehein
MSC no.118