မောဟ နှင့် PAL

Myanmar Hive Community မိသားစုများ မင်္ဂလာပါ... သာယာအေးချမ်းတဲ့ နေရက်လေးဖြစ် ပြီး လောဘ ၊ ဒေါသနှင့် မောဟများ ကင်းဝေး ကြပါစေ... ကျွန်တော်ထင်ပါသည် အထက်ပါဆုတောင်းမေတ္တာ ကို ရရှိသူမှာ အများကြီးမရှိန...

5 years ago, comments: 14, votes: 28, reward: $0.12

Myanmar Hive Community မိသားစုများ
မင်္ဂလာပါ... သာယာအေးချမ်းတဲ့ နေရက်လေးဖြစ်
ပြီး လောဘ ၊ ဒေါသနှင့် မောဟများ ကင်းဝေး
ကြပါစေ...

ကျွန်တော်ထင်ပါသည် အထက်ပါဆုတောင်းမေတ္တာ
ကို ရရှိသူမှာ အများကြီးမရှိနိုင်ပါ။ @golden.future
ကိုဟိန်းနှင့် တခါတရံကျွန်တော့် Blog သို့ အလည်လာရောက်တက်
သော @htwegyi ဦးထွေးသို့ ရရှိနိုင်ပါလိမ့်မည်။

ဒီနေ့ဆုတောင်းလေးတွင် အပိုတစ်ခုပါလာသည်ဟု
ကိုဟိန်း သထားမိလားဗျ။ ဘာပဲဖြစ်ဖြစ် မြန်မာဆို
လို့ ကိုဟိန်းနှင့်ကျွန်တော်တို့တာ ဒီမှာ အဆက်သွယ်
မပြက်ကြတာမို့လား ဒါကြောင့် ညီလေးမှ အစ်ကိုကြီးသို့ ပေးစာသဘောမျိုးသာ သိချင်တာ မေးချင်တာတွေကို နာမည်တပ်ပြီး မေးလိုက်ပါရစေတော့။

ဒီကနေ့မနက် ဓမ္မဒူတ ဒေါက်တာအရှင် ဆေကိန္ဒ ၏
တရားတော် ကြုံရဆုံရ ဘုံဘဝ ဆိုသည့် တရားကို
ကို ကျွန်တော်နာယူမိတယ်။ တရားတော်က အပိုင်း
(၁၀) ထိရှိတယ်ဗျ။ အခုတော့ ကျွန်တော်နာယူနေ
တာ အပိုင်း (၂) ရောက်နေပါပြီ။ တရားတော်ရဲ့
တစ်နေရာမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတာပါလာ
တယ်။ ဆရာတော်က အဲ့ဒါနဲ့ပတ်သတ်ပြီး သူကြုံတွေ့
ခဲ့၊ ပြောခဲ့ရတဲ့အကြောင်းကို ပြောပြပါတယ်။ ဆရာတော်က
ဓမ္မစကူး သင်သန်းမှာ ကျောင်းသားတွေက မေးပါတယ်။ လောဘနဲ့
ဒေါသကို သိပါတယ်။ မောဟ ကို မသိပါဘူးတဲ့။ ဆရာတော်က
ပြန်ဖြေတယ်။ မောဟဆိုတာ သိချင်ရင် မင်းတို့အိမ်က အမေကိုကြည့် တစ်နေကုန်အလုပ်တွေပင်ပန်းပြီး ညကျတော့ ဘာမှမလုပ်ချင်
တော့အောင်မောပန်းပြီး ပါးစပ်ကလေး ဟ နေတာကို မြင်ဖူးကြလား
တဲ့ ကျောင်းသားတွေက မြင်ဖူးပါတယ်တဲ့ အဲ့တာ မောဟ ပဲလို့
ဆရာတော်က အရွန်းဖေါက်ပြီးဖြေကြားခဲ့ပါတယ်တဲ့။

အင်း... မောဟ မောဟ မောဟ... မသိမှုတဲ့ တယ်
ခက်တဲ့စကားလုံးပဲနော် ကိုယ့်ကိုယ်ကို မသိမှု။
ဆက်ပြောရရင်တော့ ညီလေးက ကိုဟိန်းကို တရား
ချနေသလို ဖြစ်နေပါတော့မယ်။ ဒါကြောင့် PAL
အကြောင်းကို ဆက်ပါရစေ။ ညီလေး PAL စုထား
တာ Power က 9130 ဆိုလား။ ဆိုလားတဲ့...
ကျွန်တော်ကအဲ့လိုပဲ သိပ်ပြီးအတိအကျမမှတ်သတ်
ဘူး။ ကိန်းဂဏန်းတွေနဲ့ သိပ်မရင်းနှီးဘူးပဲ ဆိုရမလား။ ကိုဟိန်းကတော့ အတိကျ မှတ်သားတက်တယ်။ ကျွန်တော်လည်း
အဲ့ဒီအကျင့်လေး မွေးဦးမှဗျ။ ဒီလိုနဲ့ PAL နဲ့ပတ်သတ်ပြီး
ကျွန်တော်မသိတာ တစ်ခုရှိနေတယ်။ PAL ရဲ့
အဓိပ္ပယ်လေ။ PAL ဆိုတာ ဘာကိုပြောတာလဲ။
ကိုဟိန်းတော့ အစကတည်း သိပြီးသားလားတော့ မသိဘူး။ မြင်းစီးပြီး အထီးလား အမလား မသိဘူး လားလို့ ကိုဟိန်းပြောရင်လည်း ခံရတော့မှာပဲ။ ကျွန်တော်က ဒီမနက်မှ PAL ထဲလျှောက်ဝင်ကြည့်
ပြီးမှ PAL ရဲ့ အဓိပ္ပါယ်ကို ရှာကြည့်ပြီးမှ သိခဲ့ရတာ။

img_0.16819030452226852.jpg

PAL ဆိုတာ (Peace Abundance Liberty) တဲ့ဗျာ။
Peace = ငြိမ်းမှု
Abundance = ပယ်လျှံ ကြွယ်ဝမှု
Liberty = အချုပ်ခြာအာဏာ ကင်းလွတ်မှု

PAL... pal... လုပ်နေတာ အထီးလား အမလား။
အခုမှ သိရတော့တယ်။ ဟား... ဟား...

ကျွန်တော်ကတော့ အခုတလော သူငယ်ချင်းနဲ့ ဂိမ်းဆော့မိနေလို့ သိပ်ပြီး Post မတင်ဖြစ်ဘူးဗျို့။
ကျွန်တော်က လူလွတ်ဆိုတော့ကား ကိုဟိန်းလိုတော့ သားရေး၊ မိန်းမရေး မရှိလေတော့ ပေါ့ပေါ့နေ
မိတယ်။ ပေါ့ပေါ့ ပြီးရင် ပျက်ပျက်လာမှာမို့ သတိနဲ့
စဥ်းချင်ပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းရပါတယ်။
စုပုံချစ်အကောင့်ကိုလည်း ဘာဆက်ရေးတင်ရမှန်း
မသိလို့ ဒီတိုင်းထားနေရတယ်။

ကိုဟိန်းရော ဘာတွေလုပ်ဖြစ်နေလဲဗျ။ တကယ်လို့
အချိန်ရရင် သိထားတာ။ တွေ့ထားတာလေးတွေရှိ
ရင် လက်တို့ပါဦးဗျ။ လေရှည်သွားပြီမို့ ဒီလောက်နဲ့
ပဲ ပိုစ်တင်လိုက်ရပါတယ်။

ကိုဟိန်းတို့ မိသားစု ကျန်းမာချမ်းသားပြီး ကိုဗစ်ရန်က ကင်းဝေးကြပါစေ...

ကိုကိုမိုးဟိန်း
KoKoMoeHein

ကျွန်တော်တို့ဟာ မတူညီတဲ့ အဝေးတစ်နေရာစီမှ
ယခုလို Hive Platform မှာ ဆုံတွေ့ရတာဖြစ်ပါ
တယ်။ အဲ့ဒါကြောင့် အချင်းချင်း အပြန်အလှန်
Comments များပေးကြရင်း ရင်းနှီးစွာ
ခင်မင်ကြရအောင်လား...

ကျွန်တော့်ရဲ့ပိုစ်မှာ comment ပေးသူတိုင်းကို
Vote (=1 pal) ပေးဖို့အာမခံပါတယ်။

ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေ...

ကျွန်တော့်ကို လွပ်လပ်စွာ ဆက်သွယ်နိုင်ပါတယ်။
ကျွန်တော့်ရဲ့ FB အကောင့်ကိုသွားရန်နှိပ်ပါ>>>

project_1607832382455.gif

We are meeting with a comment in here.
We are lucky to be friend and with the same goal. That is why leave a comment in this post below and get a vote
(=1 pal) from me.

Have a nice day!

You can connect to me free freely
Click here to go my FB account>>>

img_0.49817235526967235.jpg

@myanmarkoko
KoKoMoeHein