မ ဆိုတိုင်း ဘဲရှိလား?
( အပြောစကားပြေ အရေးသား )
ပဲ နဲ့ ဘဲ အသုံးကလည်း မြန်မာစာ အရေးသားမှာ အသုံးများ
ကြပါတယ်။ စာဖတ်သူတို့ ဘယ်လိုသုံးကြလဲ မသိဘူး။
ကျွန်တော်ကတော့ ကြုံသလို သုံးမိပါတယ်။ မြန်မာစာကလည်း
တကယ်တိတိကျကျသုံးမယ်ဆိုရင် အပြောလွယ်ပေမဲ့ အရေးခက်တဲ့
စာပေလို့ ထင်ပါတယ်။
ကဲ မဆိုတိုင်း ဘဲရှိလား စကြစို့။
ဒီစာအုပ်လေးထဲက စာရေးသူက ဖေ့စ်ဘွတ်ပေါ်မှာ
ပဲ နဲ့ ဘဲ အလွယ်မှတ်သားပုံကို ဖော်ပြထားတဲ့ ပိုစ့်အကြောင်း
ဆွေးနွေးပြောပြထားတာပါ။
ပဲ နဲ့ ဘဲ ကို အလွယ်မှတ်သားနည်း
မ ပါရင် ဘဲ နဲ့တွဲ။
မ မပါရင် ပဲ နဲ့တွဲ။
ဝါကျထဲမှာ ထဲ့ဖွဲ့မယ်ဆိုရင်
မုန့်ချည်းပဲ စားနေတယ် (မ မပါသောဝါကျ)
အိပ်ချည်းပဲ နေတော့တာ (မ မပါသောဝါကျ)
အစာ မစားဘဲ ဆေးသောက်လို့ ဖြစ်ရဲ့လား။ (မ ပါသောဝါကျ)
ကလေးက လက်မဆေးပဲ ထမင်းစားတယ်။( မ ပါသောဝါကျ)
ကျွန်တော်က ဒီအချက်ကို ဖတ်ပြီး အတော်ကလေး သဘောကျသွား
တယ်။ မှတ်သားရတာလွယ်တာကိုး။ တကယ်တော့
မ ပါတိုင်း ဘဲ နဲ့တွဲပေးဖို့ မလုံလောက်ကြောင်း စာရေးသူက ပြောပြ
ထားမှ သိလာရတယ်။
မပါပေမဲ့ ဘဲ နဲ့မတွဲတဲ့ ဝါကျတွေ ရှိပါတယ်တဲ့
(၁) သူတို့တွေက တို့တွေ အပေါ် မစမှာကိုပဲ မျှော်ရုံပေါ့။
(၂) မင်းက မသာချတာပဲ တာဝန်ယူပေးပါ။
(၃) သူက အိမ်ရောက်ပြီး မကြာမီပဲ အပြင်သို့ ပြန်ထွက်သွားတယ်။
စသည်ဖြင့် အများကြီးရှိပါတယ်။
တစ်ခုမှတ်ထားရမှာက အငြင်းဝါကျဆိုပေမဲ့ အဆုံးမှာ ကပ်ထားရင်
ပဲ နဲ့ တွဲပေးရမယ်လို့ သိထားရပါမယ်။
ဥပမာ-
ချစ်ကို ကြည့်ရတာ မောင့်အပေါ် မကြည်ဘူးလားပဲ။
ကဲ ဒီလောက်ဆို မကို ဘဲ နဲ့ သတိထားတွဲပေးဖို့ သတိရှိသွား
ကြလိမ့်လို့ ထင်ပါတယ်။
ကိုးကား။ ။ အလေးထားစရာမြန်မာစာ။
ရေးသူ ။ ။ အေးကျော်မင်း။
ကိုကိုမိုးဟိန်း
@myanmarkoko