မသောက်ဖြစ်ခဲ့သော ကော်ဖီတစ်ခွက်………
http://steemitboard.com/@myanmarkoko
Steemit platform သုံးလို့ ဘာအကျိုးများထူးမှာလည်းလို့ မသိစိတ်က ကျန်ကျန်ဖန်ဖန်တွေးတောမိခဲ့ဖူးတယ်။ စာရေးရင် ပိုက်ဆံရတယ်တဲ့ မျက်ခုံးပင့်ပြီး မသိမသာ မျက်နှာလွဲခဲ့ဖူးတယ်။
ဒီလောက်သာလွယ်နေရင် မြန်မာတွေအားလုံးချမ်းသာတာကြာပေါ့၊ ( ခုချိန်မှာ ပြန်တွေးကြည့်ရင် ဘယ်လောက်ရှက်ဖို့ ကောင်းလိုက်တဲ့အတွေးလဲ)။
ဘုမသိဘမသိနဲ့ Steemit acc လေးရလို့ မျောင်အုံးသီးကိုင်သလို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ပျော်တာလိုလို ပျင်းတာလိုလို ဟိုဟာဖတ်ဒီဟာဖတ်နဲ့ ကိုယ့်ကိုယ်ကို မျောက်တစ်ကောင်လိုထင်မိ။
ဗြုန်းကနဲဆို လမ်းပြကြယ်MSCထွန်းလင်းလာတယ်ပေါ့၊ မင်္ဂလာပါ Steemit Myanmar ကကြိုဆိုပါတယ်@htetwaihin မှ Reply တစ်ဆောင်ရောက်လာတယ်၊ ဟုတ်သည်ရှိမဟုတ်သည်ရှိ ဆက်သွယ်လိုက်သည်။
@htetwaihin အကိုကသေသေချာချာရှင်းပြပါသည်၊ ဒီအကိုရဲ့ ကျေးဇူးကြောင့် Steemit အကြောင်းကိုတစ်ပိုင်းတစ်စ နားလည်လာခဲ့ရပါသည်။
@kachinhery ဦးဆောင်သော MSC Myanmar Steemit အဖွဲ့ကြီးသည် နွေးထွေးပျူငှာလွန်းလှပါသည်။ @tinhlaingoo,@domelay နှင့်@ahtaroo…,ect,….အစရှိသော MSC admin များမှာတကယ်ကို ကိုယ်ရောစိတ်ပါ ပြောပြရှင်းပြပေးကြခြင်းကြောင့် Steemit ကြောင်းကို ပြည့်ပြည့်စုံစုံနားလည်လာရပါသည်။
ဆရာကြီးတင်လှိုင်ဦး(သရက်)၏ ကျေးဇူးတရားမှာလည်းကြီးမားလှပါသည်။Steemit platform သို့ ရောက်ရှိလာသော လူသစ်များကို အထူးအလေးပေး လက်တွဲခေါ်ဆောင်ကာ ကူညီလမ်းပြပေးကြပါသည်၊ သင်ပြပေးပါသည်။( ထိုထဲတွင် ဆရာဥပမာပေးသော ခွေးဥပမာမှာ အပြောက်မြှောက်ဆုံးဖြစ်သည်)။
ဘယ်အရပ်ဒေသကလာလို့ ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်စေ Steemit platform ပေါ်တွင်တွေ့ဆုံကြသော ညီအကိုမောင်နှမ များသည် အချင်းချင်းကူညီရိုင်းပင်းခြင်း၊ လက်တွဲခေါ်ဆောင်ခြင်း၊ သွန်သင်ဆုံးမခြင်း မိတဖွယ် ၊ ဖတဖွယ်။ အကိုအမ တဖွယ်၊ မိသားစုတဖွယ် ဆက်ဆံကြပါသည်။
ထို့ကြောင့် Steemit သုံးရင် ကျနော်ပျော်ရွှင်နေမိသည်၊ $ ရသည်ဖြစ်စေ မရသည်ဖြစ်စေ အကြောင်းမဟုတ်တော့ပါ( ရလျင်တော့ အတိုင်းထက်အလွန် ပျော်ရွှင်ရတာပေါ့) MSC group ထဲမှာ ရှိနေရ၇င်ပဲ နွေးထွေးသလိုခံစားရပါသည်။ဘာကြောင့်လဲဆိုတော့ ဒီလိုနွေးထွေးသော မေတ္တာတရား၊ ကိုယ်ချင်းစာတရား နှင့် လူသားချင်းစာနာမှုများကို MSC မှလွဲလို့ တစ်ခြားဘယ်နေရာမှာမှ မရနိုင်သောကြောင့်ဖြစ်ပါသည်။ MSC အဖွဲ့နှင့် လက်တွဲရင်း ကျနော့်ဘ၀ရဲ့ အချိန်တွေကို ကုန်ဆုံးပစ်လိုက် ချင်ပါသည်။ ကျန်နော်ဟာ New member တစ်ယောက်သာ ဖြစ်သောကြောင့် ယခုအခါ Steemit အကြောင်းပြည့်ပြည့်စုံစုံ မရှင်းပြနိုင်သေးပါ။ နှောင်တွင်ရှင်းပြနိုင်ရန် အပတ်တကုတ်ကြိုးစားသွားပါ့မယ်။။
ခုလို ခံစားရတာတွေကို ရေးနေရင်းနှင့် ဖျော်ထားသော ကော်ဖီကိုသတိရသွားသည်….. ကိုင်ကြည့်လိုက်သောအခါ ရေခဲရေလိုအေးဆက်နေသည်။ အကြောင်းမရှိ ဒီညမသောက်လိုက်ရတဲ့ကော်ဖီလေးတစ်ခွက်ကိုညကျနော့်ဘ၀တစ်လျောက်လုံး သိမ်းဆည်းထားချင်မိပါသည်။ ဘာပဲဖြစ်ဖြစ် ဒီညမသောက်လိုက်ရသော ကော်ဖီလေးတစ်ခွက်သည်လာမဲ့ကျနော့်ရဲ့ညပေါင်းများစွာကိုပြီးပြည့်စုံသွားစေပါတယ်ဆိုတာတင်ပြရင်း MSC Myanmar Steemit Community နှင့်ပတ်သက် ၍ ခံစားရမိသမျှကိုရေးဖွဲ့မိပါသည်။
ကိုကိုမိုးဟိန်း
Written by @KoKoMoeHein
MSC no. 118