လူသားတစ်ယောက်ဖြစ်ခွင့်ပြုပါ
"နနွယ် "ခေါ်သံကြားပေမဲ့ ယမင်းနွယ် လှည့်မကြည့်ပါ။ နွယ် သိပါတယ် ဒါမောင့်အသံပဲ၊ မောင်က တွေ့ပြီဆိုရင် ဒီလိုအသံလေးပေးပြီး ချိုချိုလေးခေါ်နေကြ။ မောင်နှင့်နွယ်ရဲ့ ချစ်သူသက်တမ်းက ၄ နှစ်ထဲကိုရောက်နေပါပြီ၊ မောင့်ဘက်တင်းရင် နွယ် အမြဲအလိုင်သင့်လျော့ပေးသလို၊ နွယ် ဘက်ကတင်းရင်လည်း မောင်က ချော့မော့လိုက် ရောပေးစမြဲဖြစ်သည်။ ၄ နှစ်ဆိုတဲ့ အတိုင်းတာ ကနဲတာမှ မဟုတ်တာ ၊ ကြားထဲမှာ ကြီးကြီမား မား ပြသနာ နှစ်ခါတာဖြစ်ဖူးသည်။ မောင့်ရဲ့ အချစ်ဦးက မပြက်နိုင်လို့ ပြသနာ လိုက်ရှာတာက ပထမပြသနာ၊ ဒုတိယက နွယ့်ကို လိုက်ကျူတဲ့ကောင်ကို မောင်ဆုံးမလိုက်တာ လက်လွန်ပြီးဆေးရုံပို့ရတဲ့ထိဖြစ်သွားခဲ့သည်။ ဒီပြသနာနှစ်ခုလုံးကို နွယ်တို့အတူတူ ရင်ဆိုင်ပြီး ကျော်ဖြတ်ခဲ့သည်။ မောင်ဟာ နာမည်လိုက်အောင်ကို တောက်ပ ခန့်ညားလွန်းပါတယ်" နေမင်းခန့်"တဲ့ ကိုယ့်ချစ်သူမို့ကြွားပြောတာမဟုတ်ရပါဘူးရှင်၊ တရားဝင်ချစ်သူရှိတယ်လို့ ကြေညာထားတာတောင်မှ အနားမှာ ကွက်ကျိကွက်ကျိ လုပ်ချင်တဲ့ မိန်းခလေးတွေက အများသား၊ ဒါကြောင့် မောင်နှင့်ခဏခဏ စကားများရသည်။ နောက်ဆိုရင်တော့ ဒီလိုမျိုး စကားများစရာမလိုတော့ပါဘူး ဘာဖြစ်လို့လဲဆိုတော့ မောင်နှင့်နွယ်က တစ်သွေးထဲတစ်သားထဲ ဖြစ်နေပြီလေ အခုဆိုရင် နွယ်က လူသားတစ်ယောက်ဖြစ်လာမဲ့ မောင့်ကိုယ်ပွားလေးကို လွယ်ထားရပြီလေ၊ ဒါကိုမောင်သိရင် ဝမ်းသာမှာ အသေအချာပဲ။
"မောင် "ယမင်းနွယ်က လှည့်ကြည့်ပြီး ခပ်နွဲ့နွဲ့လေး ခေါ်လိုက်သည်။
နွယ်ဝမ်းသာစရာ ပြောဖို့ရှိတယ် မောင်ကြားရင် ပျော်လွန်းလို့ အပျော်လုံးစို့ပြီးသေသွားမှာသိလား"
"ဘာများလဲနွယ် တော်ရုံတန်ရုံ တော့မဟုတ်လောက်ဘူး၊ အပျော်လုံးစို့ပြီးသေသွားရအောင် ဘာသတင်းများလဲကွာ"
"မောင်မှန်းကြည့်လေ ဘာဖြစ်မလဲဆိုတာ"
"အင်း....သိန်းတစ်သောင်းထီပေါက်လို့ပဲဖြစ်ရမယ်"
"ပေါက်ပေါက်ရှာရှာ မောင်ကလည်း ထီပေါက်တာနဲ့ပဲ ဒီလိုတကူးတက ချိန်းတွေ့ ဖို့ခေါ်ပါ့မလား"
"မမှန်းတက်ဘူးကွာ....မြန်မြန်ပြောတော့သိချင်လှပြီ"
"မောင်အရင်ဆုံးစိတ်ကိုထိန်းနော် နှလုံးရှော့ရိုက်
သွားမှာဆိုးလို့ ဟိဟိ"
"ကဲ....ပြောပါဆို စကားပလ္လင်ခံနေသေးတယ်"
"ပြောမယ်နော်..န နွယ့်မှာလေ ကိုယ်ဝန်ရှိနေပြီသိလားမောင်"
"ဘာ.......!!!!( မောင့်အသံက ကျယ်လောက်အက်ကွဲသွားသည်။ မောင်ပျော်လွန်းလို့ဖြစ်မည်။)
"လန့်တာမောင်ရယ်....ဘာလဲကြားတော့ အရမ်းပျော်သွားပြီမဟုတ်လားမောင်...အဲ့တာကြောင့်စိတ်ထိန်းပါလို့ ပြောတာပေါ့"
"သေချာလို့လားနွယ်...."
ဗုဒ္ဓေါ......!!!!!
ယမင်းနွယ် ဘုရားတမိသွားသည် မောင့်မျက်နှာကို မယုံနိုင်စွာကြည့်မိသည်။ တကယ်ဆိုမောင်ဝမ်းသာလွန်းပြီး ထတောင်ခုန်ရမှာမလား၊
အခုတော့ ကြက်ကြီးလည်လိမ်ထားသလို့ဖြစ်နေသည်။ ယမင်းနွယ် အံသြမှူတွေ၊ မယုံနိုင်မှုတွေနှင့် ချက်ချင်း ဒေါသထွက်သွားသည်။
"ဘာပြောတယ်မောင်....သေချာလို့လား..ဟုတ်လား...၊မောင်ရူးများသွားတာလား။ "
ယမင်းနွယ် ခပ်မာမာမေးလိုက်ပြီး နေမင်းခန့် ကို တွန်းလိုက်သည်။
"မဟုတ်ဘူး....မောင်ကသေချာချင်လို့ပါ"
"ဒီလိုကိစ္စမျိုးက နောက်စရာလား....၊ နွယ်ဆေးခန်းမှာ ဆရာဝန်နဲ့ပြပြီးပြီ၊ ၂လ ရှိနေပြီတဲ့။ နွယ်ဖြင့်ကြားကြားချင်း ပျော်လွန်းလို့။ ဒါကိုမောင့်ကိုပြောပြချင်လွန်းလို့ အပြေးလာတွေ့တာ"
"မောင်လည်းပျော်ပါတယ်"
"ပျော်တယ်ဆို ဘာလို့ မောင့်မျက်နှာက အီးမှန်ထားသလိုဖြစ်ရတာလဲ၊ မောင်တစ်ခုခုဖြစ်နေမလား၊ ဘာလဲ....အခုမှ မောင်ကခေါင်းရှောင်ချင်တာလား"
"ခေါင်းရှောင်မဟုတ်ပါဘူး မောင်နွယ့်ကို အချစ်စစ်နဲ့ချစ်ခဲ့ တာပါ ၊ မောင်နွယ့်ကို ဘယ်လောက်ထိမြတ်နိုးတယ်ဆိုတာ နွယ်အသိဆုံး။ အခုဟာက ဘယ်လိုမှကို ရှောင်လွဲလို့မရတဲ့ ကျင်းထဲကျပ်ထဲရောက်နေလို့ပါ"
"မောင့်ရဲ့ ရင်သွေးထက်ဘယ်အရာကများ အရေးကြီးသေးလို့လဲမောင်"
"မောင်ရှင်းပြပါရစေ.....၊ လွန်ခဲ့တဲ့အပက်က မောင့်မိဘတွေနဲ့ စီးပွားဖက်ဖြစ်တဲ့ သူဋ္ဌေးကြီး ဦးစိန်တိုးရဲ့ သမီးနဲ့ လက်ထက်ဖို့ မောင့်မိဘတွေက စကားကျွန်ထားကြတယ်။ မောင့်သဘောထားကို မမေးပဲအိမ်ကစီစဉ်လိုက်တာ၊ မောင်ကြားကြားချင်း အပြက်ငြင်းတာပေါ့ ဒါကိုအမေက မိဘတွေကလက်နဲ့ရေးတာ ခြေနဲ့ဖျက်ရမလားဆိုပြီး စိတ်အကြီးကျယ်တိုပြီး နှလုံးရောဂါ အခံကလည်းရှိတော့ မေ့လည်းသွားတာ ခုထိအိပ်ယာထဲမှာ လဲနေတယ်။ ဘာမှလည်းမစားမသောက်ဘူး ငါ့စကားကို နားမထောင်ရင် ငါ့နားမလားနဲ့ ဆိုပြီးမောင့်ကို မောင်းထုတ်တယ် အမေဒီလိုသာ ဆက်ပြီးတင်းခံနေရင် အသက်အန္တရယ်ရှိတယ်လို့ အဖေကပြောလို့ မောင်လက်ထက်ဖို့ကိစ္စလက်ခံလိုက်ရတယ်"
ရှင်.......!!!!
"အဲ့တာဆို နွယ့်ဗိုက်ထဲက ရင်သွေးလေးကကော...အရေးမကြီးတော့ဘူးလား."..။
နွယ်ရယ်အခုမှ (၂လ)ပဲရှိသေးတာ ဖျက်ချဖို့ အချိန်မီပါသေးတယ်"
"ဘာပြောတယ်......!!! မောင့်ပါးစပ်က ဒီလိုစကားမျိုးပြောထွက်ရက်တယ်၊ လူမဆန်တဲ့လူ၊ ခွေးလောက်တောင် အသိဥာဏ်မရှိတဲ့လူ၊
ပြီးပြီ ရှင်နဲ့ကျွန်မ သေကန်းပျက်ပဲ"
နွယ်ဘာကိုမှ မကြားချင်တော၊့ မောင့်ဆီကဖြေရှင်းချက်တွေလည်း မလိုချင်တော့။ နွယ့်ကမ္ဘာတစ်ခုလုံးပြိုကွဲပျက်စီးသွားပြီ၊ အခုတော့ နွယ်ဘယ်လိုလုပ်ရမလဲ...မောင်။ မောင်က မောင့်အမေတွက် အရေးကြီးတယ် ဆိုတာနဲ့ပဲ လူဖြစ်လာဖို့ မျော်လင့်တကြီး တောင့်တနေတဲ့ နွယ်တို့ရဲ့ ရင်သွေးလေးကို လူမဆန်တဲ့လုပ်ရပ် လုပ်ရမှာလားမောင်။
မောင်....မောင်....မောင်...ရှင်ဟာလေ...လူမဆန်တဲ့လူ ။
ဖြေဆည်မရတဲ့အတွေးတွေနဲ့အတူ နွယ့်အိမ်ပြန်နေတဲ့ ခြေလှမ်းတွေက လေးလံလွန်းလှပါသည်။ ယမင်းနွယ် အခုပင် လှဲသေပစ်လိုက်ချင်ပါသည်၊ လမ်းပေါ်မှာ ကားတွေရှူပ်ရှက်ယှက်ခက်နေအောင် သွားလာလှူပ်ရှားနေကြပေမဲ့ ယမင်းနွယ် ဘာကိုမှ မမြင်တော့။ အရာအားလုံးဟာ ရုပ်ရှင်ဖလင် အနှေးပြကွက်တွေလို ပီပီပြင်ပြင် သူမကို လှောင်ပြောင်နေသည့်အလား။ ယမင်းနွယ် ခံနိုင်ရည်မရှိတော့ပါ။ ရှိသမျှအင်အားလေးနဲ့ အိမ်ကိုပြန်လာခဲ့သည်။
အပိုင်း ၂ ဆက်ရန်>>>>
အားလုံး ကို အချိန်ပေးပြီးဖတ်ရှူပေးလို့ ကျေးဇူးတင်ပါတယ် ။ ဆက်လက်ကြိုးစားပါမည်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Written by @kokomoehein
Photos credit >>Google
MSC no. 118