လူ့စာကလေး...
ဆောင်းရာသီရဲ့ ညနေခင်းဟာ တစိမ့်စိမ့်နဲ့ အေးချမ်းသာယာနေပါသည်။ နွေနဲ့ မိုးမှာ နောက်ကျမှ အနားယူရတဲ့ သူရိန်နေမင်းကြီးကလည်း ဟေမာန်ဆောင်းကျမှပဲ စောစောအနားယူရပါတော့သည်။ ဟေမာန်ဆောင်းကတော့ သူရိန်နေမင်းအပေါ် သနားညှာတာစွာ ဂရုဏာ ပိုနေသည့်အလား ထင်မြင်ရအောင်ကိုပင် တခါတေလ ဆောင်းညနေခင်းတွေဟာ ကုန်လွန်မြန်လှသည်။
ညနေခင်းကုန်ဆုံးတော့မည် မှောင်ရိပ်သန်းလာ ချိန်မှာတော့ ဂရုဏာရှင်ဟေမာန်ဆောင်းကတော့ သူ့အစေအပါးတွေဖြစ်တဲ့ နှင်းစက်တွေနဲ့အတူ ကမ္ဘာမြေပေါ်မှာ မြူးတူးပျော်ပါးကြဖို့ ကောင်းကင်ပေါ်က ဆင်းသတ်လာကြပါပြီ။ ကျေးငှက်မောင်နှံတွေက လည်း အိပ်တန်း၀င်ကြဖို့ ခေါင်မိုးစွန်းတွေပေါ်မှာ တကျိကျိနဲ့ တာဆူနေကြပါပြီ။ ထူးထူးဆန်းဆန်းပဲ လယ်ကွင်းကြားထဲ ပျံသန်းဆော့ကစားလို့ ကောင်းနေဆဲ ငှက်လေးနှစ် ကောင် ကို အမှတ်တမဲ့သတိထားမိပါသည်။ သေသေချာချာ သတိထားကြည့်မှ စာကလေးငှက်တွေဖြစ်ပြီး တစ်ကောင်နှင့်တစ်ကောင် သူ့ထက်ငါ ပြိုင်ဆိုင်ပျံသန်းနေကြသည် ကိုမြင်ရသည်မှာ စိတ်ကြည်နူးစရာကောင်း လှပါသည်။ ဆောင်းညနေခင်းကို သူတို့ နှုတ်ဆက်ကာ အိပ်တန်း၀င်ဖို့ အားယူနေကြခြင်းဖြစ်ပါလိမ့်မည်။
ဒါပေမဲ့ စာကလေး နှစ်ကောင်ကို သတိထားကြည့်မိသည်။ လယ်ကွင်းနှင့် အိမ်ကြိုအိမ်ကြားတွေမှာသာ လူးလားပျံသန်း ဆော့ကစားနေ ကြသည်။ ဘာလို့ ဟိုးအမြင့်ကြီး ကောင်းကင်ယံထက်ကိုတက်ပြီး လေဟုန်စီးပြီး မပျံသန်းကြတာလဲ၊ တကယ်ဆို သူတို့မှာ ပျံသန်းနိုင်တဲ့ တောင်ပံနှစ်ဖက်ပါတာပဲ အဆုံးအစမရှိကောင်းကင်ပြင်ကြီးထဲမှာ အမြင့်ဆုံးထိရောက်အောင် ပြိုင်ဆိုင်ဆော့ကစားပြီး ပျံသန်းကြပါလား။ အခုတော့ မြေပြင်နှိမ့်နှိမ့်လေးမှာပဲ ဘာကြောင့် မြူးတူးပျော်ပါးနေကြတာလဲ၊ ဘာကြောင့်လဲ?.....။
ဟိုးအမြင့်ကြီးကို ပျံသန်းကြဖို့ သူတို့ မလေ့ကျင့်ကြဘူးလား၊ ဒါမှမဟုတ် အမြင့်ကိုကြောက်လို့လား၊ တစ်ခုတော့ရှိသည် ငါတို့က စာကလေးမျိုးရိုးဖြစ်လို့ အမြင့်ကို ပျံသန်းစရာလိုဘူးလို့များ ခံယူထားကြပြီး အမြင့်ကို ပျံသန်းဖို့ မကြိုးစားကြတာလား ထူးတော့ထူးဆန်းသည် ဘယ်စာကလေးငှက် တစ်ကောင်တစ်လေမှ အမြင့်ကို ပြန်ဖို့မကြိုးစားခဲ့ဖူးလောက်ပေ။ စွန်ရဲ၊ သိန်းငှက်၊ လင်းယုန် တွေလည်း ငှက်မျိုးတွေပဲမလား သူတို့ကျဘာလို့ အမြင့်ကြီးကို ပျံသန်းကြတာလဲ စဉ်းစားစရာပေ။ အော်သူတို့က ကောင်ကြီးပြီး ကျယ်ပြန့်တဲ့ တောင်ပန်တွေ ပါလို့ ဆိုပြီး စာကလေးငှက်တွေက မချိတင်ကဲနဲ့ ဖြောင့်ချက်ပေးကြပါလိမ့်မည်။ ငါတို့က မြေပျော်ငှက်မျိုးဟု ကြံဖန်ဂုဏ်ယူနေကြချင်နေကြပါလိမ့်မည်။ တကယ်တော့ စာကလေး တွေဟာ တစ်ကြိမ်တစ်ခါမှ အမြင့်ကိုပျံသန်းဖို့ မကြိုးစားကြ၊ မစွန့်စားကြရဲပေ။ သူတို့ပျံသန်းဖို့ကြိုးစားမယ်ကြံတိုင်း အမြင့်ကိုရောက်ရင် ငါတို့ဘယ်လိုပြန်ဆင်းရမလဲ အိုအမြင့်ကြီး ပြုတ်ကျရင်အသက်နဲ့ ခန္ဓာ အိုးစားကွဲသွားမှာပေါ့ စတဲ့ မကောင်းမြင်တက်တဲ့ စိတ်တွေကြောင့် စာကလေး ငှက်တွေဟာ ကိုယ့်ကိုယ်ကို အားကိုးစိတ်တွေမရှိကြတော့ ပဲလူတွေအနီးမှာပဲ လူတွေရဲ့ စားကြွင်းစားကျန်တွေကို လုယက်စားသောက်နေကြရသည်။
လူ့စာကလေးတွေဟာလည်းဒီအတိုင်းပဲ သူတို့ဟာအဆင်ပြေနေတဲ့ အလုပ်မှာပဲ သာယာနေကြတယ်။ သူတို့ အစွမ်းအစကို လည်း ထုတ်မသုံးကြဘူး။ လူ့စာကလေး အမျိုးမျိုးရှိကြပါသည်။
၁) ကြောက်တက်တဲ့ လူ့စာကလေး
၂ ) အပျင်းကြီးတဲ့ လူ့စာကလေး
၃ )ရသမျှနှင့် ရောင့်ရဲတက်တဲ့ လူ့စာကလေး
images-4.jpeg
၁) ကြောက်တက်တဲ့လူ့စာကလေး
ဒီလူတွေဟာ ဘယ်အရာကိုမဆို မလုပ်ခင်ကတည်းက အရှူံးပေးထားကြတာပါ။ ဖြစ်ပါ့မလား၊ ဒါကိုလုပ်လိုက် လို့မှားသွားမလား။ ငါလုပ်လိုက်မှ တစ်ခုခုမှားသွားရင်ဘယ်လိုလုပ်မလဲဲ?...။ လူတိုင်းဟာ မွေးကတည်းက တက်လာသည့်ပညာ မရှိပါ။ အမှားဆိုတာ အမှန်ရဲ့ အစ၊ အမှားကနေ
အမှန်ကို ရှာဖွေကြရပါမည်။ လူတိုင်း အမှားနဲ့ မကင်းဘူးဆိုပေမဲ့ အမြဲတမ်းမှားနေရင်လည်း အမှန်ကိုမြင်နိုင်မည်မဟုတ်ပေ။ တစ်ခါမှား ပြီး နောက်တစ်ခါထပ်မှားတဲ့သူဟာ ပေါ့ဆသူ၊ ဘာကိုမှမလေးနက်မထားသူ၊ ဆင်ခြင်တုန်တရား မရှိသူဟုပြော လို့ရပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကြောက်တက်သော လူ့စာကလေး မဖြစ်အောင်ကြိုးစား သင့်ပါသည်။
၂ ) အပျင်းကြီးတဲ့လူ့စာကလေး
ပျင်းလျင် ဖျင်း ဆိုတဲ့စကားအတိုင်း ညံ့ဖျင်းမှုဆိုတာ အပျင်းရောဂါက ဆင်းသက်လာတာပါ။ တကယ်တော့ လူတိုင်းမှာ သူ့အရည်ချင်းနဲ့သူရှိကြပါသည်။ ထိုအရည်အချင်းများသည် နွံဆိုသော ရွံ့ဗွတ်များ ဖုံးလွှမ်းနေသော ကြောင့် အရည်အချင်းဆိုသော ပတ္တာပြးမားဟာ ကွယ်ပျောက်နေရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ဟာ ဖုံတက်နေသော ရွှေတုံးရွှေခဲများဖြစ်ကြပါသည် လုံ့လ ၀ရိယ စိုက်ထုတ်ပြီး ပျင်းရိခြင်းဆိုသော ဖုံများ၊ ရေညှိများကို တိုက်ချွတ်လိုက်လျှင် တောက်ပ ပြောင်လက်လာပြီး အဖိုးတန်သော ရတနာများ ဖြစ်လာကြပါမည်။
၃ ) ရသမျှနှင့် ရောင့်ရဲတက်သော လူ့စာကလေး
ရသလောက်နှင့် ကျေနပ်တင်းတိမ် ရောင့်ရဲ တက်သော လူအများစုသည် နောက်လိုက်ဘ၀နဲ့ပဲ တစ်သက်လုံး ကျွေးတာစား ခိုင်းတာလုပ် ရတဲ့ ခပ်နှိမ့်နှိမ့် လူစားမျိုးပဲ ဖြစ်ပါမည်။ ထိုသို့ဆိုရာတွင် မတော်လောဘ ထားရမည်လို့ ဆိုလိုခြင်းမဟုတ်ပါ။ သမာအာစီ၀ ကျကျ အစွမ်းကုန်ကြိုးစားပြီး ရရှိလာသော အကျိုးမြတ်များကို စိတ်သန့်သန့်ဖြင့် ကျေနပ်တက်ရပါမည်။ ကျေနပ်တာနဲ့ ရောင့်ရဲတာမတူပါဘူး။ ကျေနပ်တာက ကိုယ်တိုင်ကြိုးစား အားထုတ်ပြီး ရသင့်ရထိုက်တာကို ရလို့ ကျေနပ်တာကို ဆိုလိုခြင်းဖြစ်ပါသည်။ ရောင့်ရဲတာကတော့ လူပျင်းစိတ်ပဲဖြစ်ပါသည် ဖြစ်လာသမျှအကောင်းပဲ ဆိုပြီး ဒီတိုင်းငြိမ်ခံနေတာကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ လည်း ရှိတာလေးနဲ့ မရောင့်ရဲကြပဲ အကောင်းဆုံးဆိုသော အရာများကို ရှာဖွေ ခြင်းဖြင့် ဘ၀ကို အဓိပါယ်ရှိရှိ ဖြတ်သန်းကြသင့်သည်လို့ တင်ပြရင်း လူ့စာကလေး သုံးမျိုး မဖြစ်အောင် ကြိုးစားအားထုတ်ရင်း ၂၀၁၈ ကို အောင်မြင်သော နှစ်တစ်နှစ် အဖြစ်ပြောင်းလည်းကြပါစို့လို့ တိုက်တွန်းနိုးဆော်ရင်း စာဖတ်သူများကို ဦးထိပ်ထားလျက်.
မှက်ချက်။ ။
ဤကဲ့သို့ တွေးခေါ်များ ကိုရင့်သန်အောင် ဖန်တီးရေးသားနိုင်အောင်လမ်းပြပေးပါသော ဆရာတင်လှိုင်ဦး ( သရက် ) အားကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြရင်း ဆရာ့ကို ဦးညွတ်လိုက်ပါသည်။
ဤဆောင်းပါးအား ၂၀၁၈ ခုနှစ် စတီးမစ်ပလက်ဖောင်းတွင် တင်ခဲ့ပါသည်။
ကိုကိုမိုးဟိန်း
KoKoMoeHein