လူတော် လူကောင်း
မြန်မာစတီးမစ် မိသားစုဝင်များ အားလုံးမင်္ဂလာပါ
ကျွန်တ်ာတို့ ရှင်သန်နေထိုင်သော လူ့ဘောင် ၊ လူ့လောက ၊ လူ့ပတ်ဝန်းကျင်တွင် လူတော်လူကောင်း ဆိုတဲ့စကားကို အမြဲတစေကြားရတက်ပါသည်။ မိဘက သားသမီးကို ၊ ဆရာများက တပည့်များကို ဆုံးမသည့်အခါ ဖြစ်စေ ၊ ဆုပေးသည့်အခါ ဖြစ်စေ ငါ့သား၊ ငါ့သမီးတို့'' လူတော်လူကောင်းများ'' ဖြစ်အောင်ကြိုးစားကြ။ ''လူတော်လာကောင်း'' များဖြစ်ကြပါစေ စသဖြင့် အမြဲလိုလိုပြောဆိုတက်ကြပါသည်။ သို့သော်လည်း ''လူတော်လူကောင်း'' ဆိုသည့် စကား၏ အဓိပ္ပာယ်ကိုကား
ရှင်းရှင်းလင်းလင်း ဂဂနန ပြောပြကြခြင်းမရှိပေ။ ပြောပြသူရှိချင် ရှိငြားနိုင်ပေမဲ့ တစ်ရာမှာတစ်ယောက်သာ ရှိပေလိမ့်မည်။
''လူတော်လူကောင်း'' ဆိုတဲ့စကားဟာ လူသားတိုင်းနှစ်သက်ကြပါသည်။ လူသားတိုင်းကလည်း သူတို့ကို ''လူတော်လူကောင်း'' လို့ အပြောခံချင်ကြပါသည်။
အဘယ်ကြောင့်ဆိုသော် ''လူတော်လူကောင်း'' ဟု သတ်မှတ်ခံလိုက်ရလျှင် အဲ့ဒီလူဟာ အများအလယ်မှာ နာမည်ရပြီး လူအများ၏ ဂရုစိုက်ခြင်းကိုခံရသလို၊
ချစ်ခင်ခြင်း၊ အပေါင်းအသင်းလုပ်ခြင်း၊ အလေးပေးဆက်ဆံခံရခြင်း စသဖြင့် လူ့အဖက် လုပ်ခြင်းကိုခံရပေသည်။ သို့ပေမဲ့ လူတော်နှင့်လူကောင်း ကွဲပြားခြားနားပုံကိုကား မည်သူတစ်ဦးတစ်ယောက်မှ လေးလေးနက်နက် စဉ်းစားကြလိမ့်မည်မဟုတ်ပေ။ ( အနည်းငယ်တော့ ရှိပေလိမ့်မည်။ )
''လူတော်လူကောင်း'' ဆိုတဲ့စကားမှ လူတော် ကို အရင်ဆုံးစဉ်းစားကြစို့ လူတော်ဆိုတာ အရာတစ်ခုခု သို့မဟုတ် လူတွေတော်တော်များ မလုပ်ဆောင်နိုင်သော အရာများကို တစ်ဦးတစ်ယောက်က လုပ်ဆောင်နိုင်လျှင် အဲ့ဒီလူကို လူတော်ဟုသတ်မှက်ကြပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ထိုသူများကို စွန့်ဦးတီထွင်သူများဟု ခေါ်ဝေါ်ကြပါသည်။ ဥပမာပြရမည်ဆိုလျှင် ယခုခေတ်အခါ ညဘက်မှာ နေရဲ့အလင်းရောင်မရှိပေမဲ့ လျှပ်စစ်မီးသီးများရဲ့ အလင်းရောင်ကြောင့် ကျွန်တော်တို
့နေ့ခင်းလိုမျိုးသွားလာလှုပ်ရှားနိုင်ကြပါသည်။ ဒါဟာ သောမက်အယ်ဒီဆင် ရဲ့စွန့်သီးတီထွင်မှုကြောင့်ဖြစ်ပေသည်။
ဤကဲ့သို့သော ကမ္ဘာလောကကြီးနှင့် လူသားများ၏ ကောင်းကျိုးကို ဆောင်ရွက်
နိုင်ခဲ့သော သောမက်အယ်ဒီဆင်ကို လူတော် တစ်ယာက်ဟု သက်မှက်ဂုဏ်ပြုကြပါသည်။ ထိုသို့ဆိုလျှင် ထိုလူတော် တိုင်းကရော လူသားများကောင်းကျိုးကို ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု သက်အပ်မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ပထမကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားရာ လူသန်းပေါင်းများကို သေကြေပျက်စီး
စေသော စစ်တိုက်ရာတွင် အသုံးပြုခဲ့သော လက်နက်များကို ဖန်တီးခဲ့သော သူများမှာလဲ ထိုလူတော်များပင်ဖြစ်ကြပေသည်။ လူတော် များ၏ ဆိုးယုတ်မှုများကို ထွေထွေထူးထူးလိုက်လံရှာဖွေနေစရာမလိုပေ။ အားလုံးသိပြီးဖြစ်သော
ဒုတိယကမ္ဘာစ်အတွင်းတွင် အမေရိကန်က ဂျပန် ဟီယိုရှီးမားမြို့ကို ပြာပုံအတိဖြစ်သွားအောင် ကျဲချခဲ့သော အနုမြူ ဗုံးမှာလဲ ထိုလူတော်များကပင် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ဤသာဓကများကိုကြည့်လျှင် လူတော် တိုင်းလည်းလူသားများ၏
ကောင်းကျိုးကို မဆောင်ရွက်နိုင်ကြောင်း ထင်ရှားပါသည်။
ဆက်လက်၍ လူကောင်း ဆိုတဲ့စကားကို စဉ်းစားကြည့်ပါစို့ လူကောင်းဆိုသောစကားကို လူတိုင်းကနှစ်လိုကြပါသည်။ လူကောင်းဟုဆိုလိုက်လျှင် အားလုံးက ထိုသူဟာ စိတ်သဘောထားတည်ကြည်ဖြောင့်မတ်သူ လူသားတွေ ဘေးဒုက္ခတွေ့စေမဲ့ အရာမျိုးကို ဘာတစ်ခုမှ မလုပ်သူများဟု အသိမှတ်ပြုကြပါသည်။
သို့သော်လည်း လူသားများကို ဘေးဒုက္ခမတွေ့အောင် ပြုမူကျင့်ကြံနေထိုင်နိုင်ရုံနဲ့တင် လူသားတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်နိုင်ပါ့မလား။ အသစ်သစ်သော အရာများ၊ လူသားများ၏ လိုအပ်ချင်များကို ထူးထူးချွန်ချွန် လုပ်ဆာင်ဖန်တီးပေးနိုင်ဖို့လည်းလိုအပ်ပါသည်။
ထို့ကြောင့် အချုပ်အနေနဲ့ဆိုရသော် ''လူတော် လူကောင်း'' ဆိုတဲ့စကားအတိုင်း
ပထမဦးစွာ လူတော်များ ဖြစ်အောင် ကြိုးစားအားထုတ်သင့်ပါသည်။
လူတော်များဖြစ်ပြီးသော အခါတွင်လည်း လူသားများရဲ့ကောင်ကျိုးကို ဆောင်
ရွက်ပေးနိုင်သော လူကောင်းများဖြစ်အောင် ထပ်မံကြိုးစားသင့်ပေသည်။
အလိမ္မာ စာမှာရှိ ဆိုတဲ့စကားအတိုင်း လူတော်ဖြစ်လာပြီးသော သူများကို
လူကောင်းဖြစ်လာစေရန်မှာမူ စာများများဖတ်ခြင်းဖြင့် လူကောင်းများဖြစ်လာ
အောင် ကြိုးစားအားထုတ်ရမည်သာ ဖြစ်သည် ဆိုတာတင်ပြရင်း နိဂုန်းချုပ်အပ်ပါသည်။ မြန်မာစတီးမစ် မိသားစုဝင်များလည်း'' လူတော်လူကောင်း'' ဖြစ်ကြပါစေလို့ တောင်းဆုပြုလိုက်ရပါသည်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
photos credit from google image
Written by @kokomoehein
MSC no.118