လုငယ်​​တွေဘာ​ကြောင့်​စာမဖတ်​တာလည်း

လူငယ်​​တွေဘာကြောင့်​စာမဖတ်​တာလည်း..? "စာအုပ်​စာ​ပေလူ့ မိတ်​​ဆွေ အလိမ္မာ စာမှာရှိ" ...

8 years ago, comments: 43, votes: 42, reward: $7.10

လူငယ်​​တွေဘာကြောင့်​စာမဖတ်​တာလည်း..?
"စာအုပ်​စာ​ပေလူ့ မိတ်​​ဆွေ
အလိမ္မာ စာမှာရှိ"

IMG_20180125_213544.jpg

       စသဖြင့်​​ဆောင်းပုဒ်​​လေး​တွေနဲ့ လူုငယ်​​တွေကိုစာဖတ်​ကြဖို့ ​ပြောတဲ့အခါ အမြဲတ​စေပြန်

ဖြေတက်​ကြတာက "အချိန်​မရှိဘူးဗျ ၊စာအုပ်​ကြီးကအထူကြီးပဲမို့  စာဖတ်​ရင်​​ခေါင်းကိုက်​လာတာ စာဖတ်​ရမှာကိုပျင်းတာ စသည်​ဖြင့်​အမျိုးမျိုးပြန်​​ဖြေတက်​ကြပါတယ်​ ကျွန်​​တော်​လည်းအပါအဝင်​​ပေါ့...

    လူငယ်​​တွေစာဖတ်​ဖို့ စိတ်​မဝင်​စားကြ၊ စာ​​ပေ

ရဲ့အကျိုး​ကျေးဇူး​တွေလည်းမသိ​ကြ​ပေ။စာအုပ်​တစ်​အုပ်​ဖတ်​ဖို့ထက်​ဂိမ်းဆိုင်​မှာသာအချိန်း
ဖြုန်းဖို့သာစိတ်​အားထက်​သန်ကြသည်​။ကျွန်​​တော်​သည်​လည်း ထိုလူငယ်​များထဲမှ တစ်​​ယောက်​ဖြစ်​ခဲ့ပါသည်​။ စာဖတ်​ဖို့ထက်​ သူငယ်​ချင်း​တွေနဲ့ လက်​ဖက်​ရည်​ ဆိုင်​မှာအချိန်​ဖြုန်းဖို့ စိတ်ထက်သန်​​ခဲ့သည်​။ သို့​ပေမဲ့ Steemit Platform ​ပေါ်သို့ ​ရောက်​ရှိလာချိန်​မှာ​တော့ စာဖတ်​မှဖြစ်​မည့်​အ​ခြေ​နေဖြစ်​လာသည်​။ သူများ​ရေးပြီးသားစာကို ​ကော်​ပီကူးလို့လည်းမရ၊ ကိုယ်​တိုင်​ဖန်​တီး​ရေးသားရမည်​ဖြစ်​​သော​ကြောင့်​ စာများများဖတ်​ဖို့နှင့်​ ကိုယ်​တိုင်​စဉ်းစား​တွေး​ခေါ် ရုံမှတပါး အခြားမတက်​နိုင်​ပါ။ ထို့​ကြောင့်​ စာအုပ်​ များဝယ်​ဖတ်​ဖြစ်​ခဲ့သည်​။

စာများများဖတ်​လာ​သောအခါ အသိပညာ ဗဟုသုတများရသည့်​အပြင်​ ကိုယ်​ပိုင်​စဉ်းစား​တွေး​ခေါ်နိုင်​စွမ်းလည်းရှိလာပါသည်​။ ထို့​ပြင်​ Steemit ​ပေါ်မှာစာများဖတ်​ရသည်​မှာလဲ တကယ့်​ကို အနှစ်​သာရရှိလှပါသည်​။ သူများ​ရေးသားထား​သော အလွယ်​ကြိုက်​​ကော်​ပီကူး ယူထား​သောစာများမဟုတ်​​သော​ကြောင့်​ တန်​ဖိုးထားစရာ ပဲမဟုတ်​ပါလား။ ထို့​ကြောင့်​ကျွန်​​တော်​သည်​ Steemit ​ပေါ်မှာတင်​ထားသမျှ​သော စာ​တွေကို တန်​ဖိုးထားဖတ်​ပါသည်​။ သို့​သော်​လည်း ယခုတိုင်​ ​ကော်​ပီ post များတင်​​နေ​သေး သည်​ကို ကြားရသည်​မှာ စိတ်​ထဲ၌ခံပြင်းလှပါသည်​။ အဘယ့်​​ကြောင့်​ဆို​သော်​......
ဆရာတင်​လှိုင်​ဦး ​​ပြောသလို Steemit ​ပေါ်မှာစာ ​ရေးခြင်းဟာ ကိုယ့်​ရဲ့အချိန်​ကိုသာမကပဲ သူများရဲ့အချိန်​​တွေကိုပါ သုံးစွဲရခြင်း​ကြောင့်​ ကိုယ့်​ကိုယ်​ပိုင်​ချိန်​ကို တန်​ဖိုးမထားချင်​​နေပါ သူတပါးရဲ့အချိန်​များကို​တော့ မဖြုန်းတီးသင့်​​ပေ။

ဒါက Steemit ​ပေါ်မှာစာ​ရေးခြင်းကို အလျင်းသင့်​ ​ရေးသားလိုက်​ရတာပါ။ ​ခေါင်းစဉ်​နဲ့မဆိုင်​တာ​တွေကိုအနည်းငယ်​ ​ရေးလိုက်​ရပါသည်​ ခွင့်​လွတ်​​ပေးကြပါ။
လူငယ်​​တွေဘာ​ကြောင့်​ စာမဖတ်​ကြတာလဲ?
ပြောရမှာက ဒီ​မေးခွန်းပါ။ ကျွန်​​တော့ရဲ့ထင်​မြင်​ချက်
ပါ

၁) စာ​ရေးဆရာ​တွေရဲ့ ဝင်​​ငွေအဆင့်​အတန်း နှိမ့်​ပါးခြင်း

၂) အချိန်​ နှင့်​ဝမ်းစာ

ဒီ၂ချက်​​ကြောင့်​ လူငယ်​​တွေစာမဖတ်​ကြခြင်းဖြစ်​လိမ့်​မည်​ဟု မြင်​မိပါသည်​။

writer_174457185-56a327fc3df78cf7727c0e0b.jpg
Photo credit >> from Google Image

၁) စာ​ရေးဆရာ​တွေရဲ့ ဝင်​​ငွေအဆင့်​အတန်း နှိမ့်​ပါးခြင်း

ဒီအချက်​က စာ​ရေးဆရာ ​တွေကို​အထင်​​သေး ရှူံ့ချခြင်းမဟုတ်​ပါ။
ကျွန်​​တော့်​ သူငယ်​ချင်း တစ်​​ယောက်​ကို စာဖတ်​ဖို့၊ စာ​ရေးဖို့ ​ပြောတဲ့အခါ သူကပြန်​​ဖြေတယ်​။ စာ​ဖတ်​တာ​တော့ဟုတ်​ပါပြီ ဒါ​ပေမဲ့ စာမ​ရေးချင်​ဘူးတဲ့။ ကျွန်​​တော်​ ကဘာဖြစ်​လို့လဲပြန်​​မေး​တော့။

  • စာ​ရေးဆရာ ​တွေဘယ်​မှာချမ်းသာကြလို့လဲ?
    တဲ့ သူ့အ​ဖြေ​ကြောင့်​ကျွန်​​တော်​ဘာမှပြန်​မ​ပြောနိုင်​ပါ။
    ကျွန်​​တော်​တို့ မြန်​မာနိုင်​ငံမှာ ချမ်းသာတဲ့စာ​ရေးဆရာဆိုတာ ရှိချင်​ရှိပါမည်​။ ဒါ​ပေမဲ့ အများစုက​တော့ ပုံမှန်​နဲ့ သမာရိုးကျ သာဖြစ်​ပါသည်​။ တကယ်​လို့များ စာ​ရေးဆရာ ​တွေရဲ့ ဝင်​​ငွေအဆင့်​အတန်းနှင့်​ ဂုဏ်​ ကိုမြှင့်​တင်​​ပေး နိုင်​မယ်​ဆိုလျင်​ လူငယ်​​တွေလည်း ချမ်းသာ​သောစာ​ရေးဆရာ များကိုအားကြပြီး စာများများဖတ်​ကာ စာ​ရေးလာကြပါမည်​။

No-Time-940x5001-610x400.jpg
Photo credit >> from Google Image

၂) အချိန်​နှင့်​ ဝမ်းစာ

လူငယ်​​တွေ စာဖတ်​ဖို့အတွက်​အချိန်​လိုအပ်​ပါသည်​။.ယ​နေ့​ခေတ်​ ​ကျောင်းသူ ​ကျောင်းသား များသည်​ ​ကျောင်းနှင့်​ ကျူရှင်​မှာသာ အချိန်​ကုန်​ ​နေကြပြီး၊ သူတို့အတွက်​ အိမ်​ဆိုတာ အိပ်​ရုံ သက်​သက်​ပဲဖြစ်​ပါသည်​။ ကျွန်​​တော့်​အ​ဖေ​ပြောခဲ့ တဲ့စကားတစ်​ခွန်းကို မှတ်​မိတယ်​ " အ​ဖေတို့​ခေတ်​တုန်းက ကျူရှင်​ဆိုတာ ​ကျောင်းမှာစာမလိုက်​နိုင်​တဲ့သူ​တွေကို အပြင်​မှာ ပြန်​ပြီးနားလည်​​အောင်​ သင်​ပြ​ပေးတဲ့​နေရာကို​ပြောတာ။ ခု​ခေတ်​က ကျူရှင်​ဆိုတာ စာ​တော်​တဲ့ သူ​တွေအတွက်​ဖြစ်​​နေပြီ ။ ထိုမှတစ်​ဆင့်​ ​ကျောင်းပြီးလို့ လုပ်​ငန်းခွင်​ထဲဝင်​ကြတဲ့အခါ ဝမ်းစာအတွက်​ တစ်​​နေကုန်​တစ်​​နေခန်း အလုပ်​လုပ်​ကြရသည်​။ အလုပ်​နားတဲ့ချိန်​ ညကျ​တော့လဲ စာဖတ်​ပြီး စဉ်းစားရမှာထက်​ လွယ်​လင့်​တကူ စိတ်ကို​ပေါ့ပါး အပန်း​ပြေ​စေမဲ့ ကိုရီးယား ဇာတ်​ကား​တွေသာ ကြည့်​ပြီး ညအိပ်​ယာဝင်​ကြပါသည်​။ ဘယ်​မှာလဲ စာဖတ်​ချိန်​၊ ထို့​ကြောင့်​ လူငယ်​များ စာမဖတ်​ကြခြင်းမှာလဲ တစ်​​နေ့အလုပ်​ချိန်​ များပြားခြင်း​ကြောင့်​ဖြစ်​ပါသည်​။

စသဖြင့်​ လူငယ်​​တွေ စာမဖတ်​ကြခြင်း အ​ကြောင်းရင်း​မြောက်​များစွာ ရှိသည့်​အထဲမှ အဓိကကျ​သောအချက်​၂ချက်​ကို တင်​ပြလိုက်​ရပါသည်​။
ထို့​ကြောင့်​ ဒီအချက်​၂ချက်​ကိုသာ ပြင်​နိုင်​မယ်​ဆိုရင်​ လူငယ်​များအားလုံးမဟုတ်​​တောင်​ ၅၀ ရာခိုင်​နှုန်း ​လောက်​ စာများဖတ်​လာကြပြီး စာ​ပေရဲ့ဂုဏ်​ကို တိုးတက်​​အောင်​ လုပ်​​ဆောင်​လာနိုင်​ကြလိမ့်​မည်​ဖြစ်​ပါသည်​။ ကျွန်​​တော်​၏အမြင်​သက်​သက်​သာ တင်​ပြခြင်းဖြစ်​တာ
ကြောင့်​ အမှားပါရင်​ခွင့်​လွတ်​​ပေးကြပါ။

ကိုကိုမိုးဟိန်း

သစ်​အယ်​သီး

Written by @kokomoehein

MSC no. 118