လူငယ်ပေမဲ့ လူကြီးအလုပ်လုပ်ရင်
အဲ့တာလူကြီးပဲ.....
( ဗိုလ်ချုပ်အောင်ဆန်း )
ဗိုလ်ချုပ်အောင်ဆန်း( မြန်မာနိုင်ငရဲ့လွတ်လပ်ရေးဖခင်) ကပြောခဲ့သောစကားဖြစ်ပါသည်။ဟုတ်ပါသည်၊လူငယ်လူရွယ် ဆိုပေမဲ့လည်း လူကြီးအလုပ်လုပ်ရင် လူကြီးပဲ ဖြစ်သည်။
လူကြီးပေမဲ့လည်း လုပ်တဲ့အလုပ်က ကလေးကလားဆန်နေရင် လူငယ်သာသာပဲဖြစ်ပေလိမ့်မည်။ လူကြီးနှင့်လူငယ်ဆိုတာနိုင်ငံတိုင်းမှာရှိပါသည်၊ လူကြီးလူကောင်းသို့မဟုတ် လူကြီးလူမိုက်နှင့် လူငယ်လူတော်သို့မဟုတ် လူငယ်လူမိုက်ဆိုတာ မျိုးဆက်တိုင်းမှာ ဧကန်အမှန်ကြုံတွေ့ရမဲ့ လူနှစ်မျိုးနှစ်စားပဲဖြစ်ပေသည်။
Photo credit >> google
မျိုးဆက်တစ်ခုနှစ်တစ်ခု အသိပညာဗဟုသုတွေကိုလက်ဆင့် ကမ်းကြရပါသည်။ လူကြီးကလူငယ်တွေကို သူတို့တွေ့ကြုံခံစားခဲ့ရသော အတွ့အကြုံ၊တွေးခေါ်၊ဗဟုသုတ များကိုပြန်လည်မျှဝေပေးရမည်ဖြစ်သည်။ အထူးသဖြင့်ဒီကိစ္စဟာ ကျနော်တို့လိုဖွင့်ဖြိုးဆဲနိုင်ငံများမှာပိုပြီးလိုအပ်ပါသည်။ လူကြီးကလူငယ်ကိုလက်ဆင့်ကမ်းရာမှာလဲ လက်ခံသူလူငယ်များအနေဖြင့် ``ကြားသမျှကိုမယုံနှင့်မြင်သမျှကိုတစ်ဝက်သာယုံ´´ ဆိုတဲ့စကားပုံအတိုင်း ကြားနာရသမျှကိုမယုံကြည်သင့်ပေ။ ကိုယ်ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ပြီး ကေ ယုံကြည်သင့်သည်ကိုယုံကြည်ပြီးစွန့်လွတ်သင့်သည်ကိုအပြီးပိုင်စွန့်လွတ်ကြရပါမည်။ မကောင်းမှန်းသိလျှက်နှင့် ဘိုးဘွားဘီဘင်တို့ရဲ့လက်ဆင့်ကမ်းခဲ့မှုကိုကျနော်တို့လူငယ်ခေါင်းငုံ့ခံပြီးလိုက်နာမကျင့်သုံးသင့်ပေ။ ဥပမာ - တန်ဆောင်မုန်းလပြည့်ညကို ကျနော်တို့မြန်မာလူမျိုးအများစုဟာ သူခိုးညဖြင့်ယုံကြည် ( မယုံကြည်လည်းလက်ဆင့်ကမ်းခံရမှုကြောင့်)ပေသည်။ ခိုးမှုဆိုတာမကောင်းမှန်းသိလျှက်နဲ့ ခွင့်ပြုနေခြင်းမှာ အမှန်ကိုကျောခိုင်းပြီး အမှားကိုအားပေးရာရောက်ပါသည်။ ထို့အတူ ကျနော်တို့စတီးမစ်ဝင်များလည်း ဖက်ရသမျှ၊ မြင်ရသမျှတွေကို မယုံကြည်ပဲနှင့် ကိုယ်ပိုင်အတွေး၊ အသိဥာဏ်နှင့် ကိုယ်တိုင်ရင်ဆိုင်တွေ့ကြုံခဲ့ရသော အတွေ့ကြုံများနှင့် စီစစ်ဝေဖန်သုံးသတ်နိုင်ကြပါစေ။
Photo credit >> google
လူကြီးတွေအနေနဲ့ လူငယ်တွေကိုလုပ်ပိုင်ခွင့်ပေးသင့်ပါသည်။ ပြောချင်တာကတော့ ယုံကြည်မှုလေးအနည်းငယ်ပေးလိုက်ပါ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးကအရမ်းငယ်သေးလို့ မလုပ်နိုင်လောက်ဘူး ဒီကိစ္စကိုမဖြေရှင်းနိုင်လောက်ဘူးဆိုပြီး အထက်ကနေပိတ်စို့ထားမယ်ဆိုရင် တက်သစ်စလူငယ်များကို အညွန့်ချိုးလိုက်သလိုဖြစ်သွားနိုင်ပါသည်။ ကျနော်ကဝန်းထမ်းတစ်ယောက်ပါ အထက်ကိုကြည့်လိုက်ရင် လူငယ်မန်နေဂျာ၊ လူငယ်တည်ထောင်သူဆိုတာမရှိသလောကိုရှားပါသည်၊ ဒီလိုပြောလို့ လူကြီးတွေကိုမရိုသေတာမဟုတ်ပါဘူး လူငယ်တွေကို အခွင့်ရေးလေးအနည်းငယ် သို့မဟုတ် ယုံကြည်မှုလေပေးသင့် သည်လို့နော်ထင်မြင်မိပါသည်။
လူငယ်တွေဖက်ကပဲပြောနေလို့ လူကြီးတွေကိုအလေးမထားရဘူ့းလိုပြောတာမဟုတ်ပါဘူး၊ လူငယ်တွေကလည်း လူကြီတွေဆီက သင်ယူရပါမည်။ လူကြီးတွေဟာ ICT ယခုခေတ်မှာခေတ်နောက်ကျချင်ကျနေမယ် ဒါပေမဲ့ လူကြီးတွေဟာ လူငယ်တွေ ထက်အတွေ့ကြုံကောင်းတွေ၊ အတွေးခေါ်ကောင်းတွေကို ပိုင်ဆိုင်ထားကြပါသည်။ ထို့ကြောင့်လူကြီးနှင့်လူငယ် လက်တွဲညီပြီး အသစ်အသစ်သော အရာတွေကိုရှာဖွေနိုင်ကြလိမ့်မည်လို့ ကျနော့်အမြင်သက်သက်ကိုတင်ပြခြင်း သက်သက်ဖြစ်သောကြောင့် အမှားပါလျင်ခွင့်လွတ် နိုင်ကြလိမ့်မည်ဟုမျော်လင့်ပါသည်။
PHOTO Credit >> google
Writer >> @ KoKoMoeHein