လက်ထပ်ထိမ်းမြားခြင်း
ဤအကြောင်းရာကို ရေးသားသောကြောင့် စာရေးသူကို
အိမ်ထောင်သည်ဟု မထင်မှတ်ပါနှင့်။ ကျွန်တော်သည်
ယင်မပင် မသန်းသေးသော လူပျိုစစ်စစ်ဖြစ်ပါသည်။
လက်ထပ် ထမ်းမြားခြင်းကို အာဝါဟ ဝိဝါဟ ဟုလည်း
ခေါ်ဆိုကြသည်မဟုတ်လား။ အာဝါဟ ဝိဝါဟ ဆိုတာဘာလဲ
အစကကျွန်တော်မသိပေ။ တာယာမင်းဝေ စာအုပ်ဖတ်ပြီးမှ
သိလာရသည်။ ၃၈ဖြာမင်္ဂလာထဲက အာဝါဟမင်္ဂလာ ဆိုသည်မှာ သတို့သမီးကိုသတို့သားဆီပို့တာ။ ဝိဝါဟမင်္ဂလာဆိုသည်မှာ သတို့သားကိုသတို့သမီးဆီပို့တာ။ အဲ့သည့် မင်္ဂလာနှစ်ပါးကို ပေါင်းပြီးအာဝါဟ ဝိဝါဟ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာဟု ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။ ကဲ စာဖတ်ခြင်းအကျိုးကျေးဇူးကလက်တွေ့ပဲ မသိသေးသူတွေ အာဝါဟ၊ ဝိဝါဟကိုသိသွားကြတာပေါ့။
လက်ထပ်ပြီးရုံနှင့် မပြီးသေး။ ရှေ့ရေးတွက် စဥ်းစားကြရပေဦးမည်။
ဘယ်တော့ စားရမလဲ ဆိုသည့်မေးခွန်းကို ကျွန်တော်တို့ပတ်ဝန်းကျင်
တွင် မကြာခနဆိုသလို ကြားရမည်ဖြစ်သည်။ ဘယ်တော့မင်္ဂလာဆောင်မှာလဲ။ လွယ်လွယ်လေးမေးကြခြင်းဖြစ်သည်။ သူတို့က တစ်ရက်တည်းနှင့် မင်္ဂလာပွဲမှာ စားပြီးသောက်ပြီးပြန်သွားကြပေမဲ့ ကျန်ခဲ့တဲ့ ဇနှီးမောင်နှံကတော့ နှစ်ပေါင်းများစွာ မရှိအတူ ရှိအတူ။ ပေါင်းချင်လည်းပေါင်း၊ မပေါင်းချင်လည်းပေါင်း။ ခရီးရှည်ကြီးကို
ဆက်သွားကြရပေမည်။ ခုနက ဘယ်တော့စားရမလဲ မေးသူတွေက
ဘာမှ ကူညီပေးနိုင်မည်မဟုတ်။ ထို့ကြောင့် လွယ်လွယ်လေး
ဘယ်တော့စားရမလဲ မမေးစေလိုပါ။ ကြော်ငြာဝင်လိုက်ပါဦးမည်။ကိုယ်ကလူပျိုကြီးဖြစ်၍မဟုတ်ပါ။
ဗုဒ္ဓဘာသာတွင် လင်ကျင့်ဝတ်ငါးပါး၊ မယားကျင့်ဝတ်ငါးပါး ရှိသည်။
အောက်ကစာတွေကို မဖတ်ခင် ထိုငါးပါးက ဘာတွေလည်း စဥ်းစား
ကြည့်ပါဦး။ မညာစတမ်းစဥ်းစားကြည့်ပါ။ ကျွန်တော်ကတော့ အများစုက မေ့နေကြမည်ဟုသာ ထင်မိပါသည်။ ကျွန်တော် စာရေးသူကိုယ်တိုင်လည်း ဤပို့စ်အားရေးသားပါမှ ရှာဖွေဖတ်ရှု ခဲ့ရပါသည်။ ကျင့်ဝတ်ငါးပါးစီကို ဖော်ပြပေးအံ။
လင်ကျင့်၀တ် ၅ ပါး
မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
၀တ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။
မယားကျင့်၀တ် ၅ ပါး
အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
၀တ်ငါးဆူ အိမ်သူကျင့်အပ်စွာ။
ဟူ၍ဖြစ်ကြောင်း အောက်ပါလင့်၌ ရှာဖွေဖတ်ရှုမှတ်သားခဲ့ရပါသည်။
Credit link
http://www.phothutaw.com/2018/01/blog-post_3489.html?m=0
ချစ်ကြင်နာကြပါလျှက်နှင့်ယူကြသည်။ နှစ်ကိုယ်တူ တဲအိုပျက်မှာ
ထမိန်ရည်ပဲ သောက်ရသောက်ရ ဆိုပြီး လက်ထပ်ထိမ်းမြားခဲ့ကြသူ
တွေ မနက်ကနေ မိုးချုပ်ထိ တဂျက်ဂျက် ရန်ဖြစ်နေကြသည်။ အဲ့သည်လို ဖြစ်ကြသည်မှာ အထက်ပါ ကျင့်ဝတ်ငါးပါးနှင့် မညီညွတ်လို့ပဲ ဖြစ်ကြပေလိမ့်မည်။
ထို့ကြောင့် လင်ကျင့်ဝတ်ငါးပါး၊ မယားကျင့်ဝတ်ငါးပါးနှင့်အညီ
ပေါင်းသင်းနေထိုင်သွားကြမည်ဆိုလျှင် တကယ်မင်္ဂလာရှိသော
အာဝါဟ ဝိဝါဟ ဖြစ်ကြပေလိမ့်မည်ဆိုတာ မျှဝေပေးလိုက်ပါသည်။
ကိုကိုမိုးဟိန်း
@myanmarkoko