ဒီနေ့မှာတော့ သတိထားမိတာကတော့ Leo ကနေ ပိုစ့်တင်ရင်
pal ကို တပ်ဂ်တွဲပေမဲ့လည်း pal မှာ မပေါ်တာကို
သတိထားမိခဲ့ပါတယ်။ အဲ့ဒါကြောင့် တရားနဲ့ဆင်ခြင်ပါ ပိုစ်ကို
တင်ဖြစ်ခဲ့ပါသေးတယ်။ ပြီးတော့ မနေ့က ပိုစ့်တင်ခဲ့တုန်းက
Leo and Hive ဆိုပြီး ပိုစ့်တင်ခဲ့ပါတယ်။ အဲ့ဒီပိုစ့်မှာ
Leo က အကောင်ကြီးကြီးတစ်ကောင်က ဘာလို့မှန်းမသိဘူး
ဒေါင်းဗုတ်လာပေးတယ်ဗျ။ ကျနော်ရေးထားတာက HF-24
ပြီးတဲ့နောက်ပိုင်းမှာ အသုံးပြုရတာ လေးပင်နေကြောင်း အခက်ခဲ
တွေ့နေရကြောင်း။ Leo ကတော့ အသုံးပြုရတာ အဆင်ပြေ
ကြောင်း Leo Power တင်မဲ့အကြောင်း စသဖြင့်
ဘာကိုအစာမကြေဖြစ်ပြီး ဘာလို့ ဒေါင်းဗုတ်ပေးသလဲ
မသိပေါင်ဗျာ။ ၄င်းရဲ့ ပါဝါကို သွားကြည့်လိုက်တော့ အကောင်
ကြီးတစ်ကောင်ဖြစ်နေပါတယ်။ ကိုယ်က ဘာမှမဟုတ်တဲ့
ငနဲလေးဖြစ်နေတော့ ဘာမှသွားမလုပ်ရဲပေ။
ဒင်းတို့က ငွေပါဝါရှိကြလေတော့။ အင်း... လောကကြီးမှာ
ငွေဟာ ပါဝါ အကြီးဆုံးမဟုတ်လား။
မိတ်ဆွေများ သတိထားရအောင် အသိပေးလိုက်ရတာပါဗျ။
တစ်နေ့ ကိုယ့်မှာ ပါဝါ သိန်းချီရှိလျှင် ဒီကောင်တွေ
ကိုယ့်ကို မော်ကြည့်ရဲမှာ မဟုတ်ဘူးဗျ။
အင်း...
Written by👇
ကိုကိုမိုးဟိန်း
KoKoMoeHein
Posted Using LeoFinance Beta