ကျွန်တော့်ဆန္ဒ

ကျွန်တော်ဟာ လူ့ခြေနင်းဖက် အဲ့ဒါဆို မင်းကမြေကြီးလား မဟုတ်ဘူး အဲ့ဒါဆို မင်းကဖိနပ်လား မဟုတ်ဘူး အဲ့ဒါဆို မင်းက ဘာလဲ ကျွန်တော်ဟာ လူတွေရပ်တည်နိုင်ဖို့ ကူညီပေးတဲ့ မြေကြီးဖြစ်ချင်ပေမဲ့ လူသားတွေရဲ့ ဘဝနိ...

5 years ago, comments: 0, votes: 3, reward: $0.00

ကျွန်တော်ဟာ လူ့ခြေနင်းဖက်

အဲ့ဒါဆို မင်းကမြေကြီးလား

မဟုတ်ဘူး

အဲ့ဒါဆို မင်းကဖိနပ်လား

မဟုတ်ဘူး

အဲ့ဒါဆို မင်းက ဘာလဲ

ကျွန်တော်ဟာ လူတွေရပ်တည်နိုင်ဖို့ ကူညီပေးတဲ့
မြေကြီးဖြစ်ချင်ပေမဲ့ လူသားတွေရဲ့ ဘဝနိဂုံး
လှဲလျောင်းရာတော့မဖြစ်ချင်ဘူး...

ကျွန်တော်ဟာ လူသားတွေ သွားရာ တစ်ကောက်ကောက်လိုက်ပြီး
တာဝန်ကျေလွန်းတဲ့ ဖိနပ်လည်း မဖြစ်ချင်ပြန်ဘူး...

အဲ့ဒါဆို မင်းက....

ကျွန်တော်က ဘောလုံးလေးပါ... ဟိုကန်လိုက် ၊ သည်ကန်လိုက်
ကလေးငယ်တွေနဲ့ လူကြီးတွေသာမက ခွေးတွေပါ ဆော့ကစား
ကြတဲ့ ဘောလုံးလေးပါ... သူတို့အပြုံးလေးတွေ...
အမြဲတမ်းလန်းဆန်း စေချင်သူပါ....

gbanlv.jpg

ကိုကိုမိုးဟိန်း