ကျွန်တော့်ကြမ္မာ (၃) မိုးကုတ်မြို့ နှင့် ငယ်ဘဝ

ကျွန်တော့်ကြမ္မာ (၃) မိုးကုတ်မြို့ နှင့် ငယ်ဘဝ ဘဝဇာတ်ခုံတွင် ကြုံတွေ့ခဲ့ရသော ဇာတ်လမ်းအဖုံဖုံ နှင့် အဖြစ်ပျက်များကို မှတ်တမ်းတင်ထားလိုသော ကြောင့် ယခုလိုမျိုး ကျွန်တော့်ကြမ္မာ ဆောင်းပါးကို ရေး...

5 years ago, comments: 8, votes: 13, reward: $0.28

ကျွန်တော့်ကြမ္မာ (၃)

မိုးကုတ်မြို့ နှင့် ငယ်ဘဝ

ဘဝဇာတ်ခုံတွင် ကြုံတွေ့ခဲ့ရသော ဇာတ်လမ်းအဖုံဖုံ
နှင့် အဖြစ်ပျက်များကို မှတ်တမ်းတင်ထားလိုသော
ကြောင့် ယခုလိုမျိုး ကျွန်တော့်ကြမ္မာ ဆောင်းပါးကို
ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

ရှေ့အပိုင်းများတွင် ဖော်ပြပြီးခဲ့သည့်အတိုင်း
ကျွန်တော် မွေးပြီးနောက်ပိုင်း အဖြစ်ပျက်များသည်
ကျွန်တော့် မိဘများအတွက်တော့ ကမ္ဘာပျက်သလို
မျိုး ဖြစ်ခဲ့ရသည်။ ကျွန်တော့်ကို မွေးပြီး ၂ လသား
အရွယ်မှာပဲ မိဘများသည် ဤအဖြစ်အပျက်ဆိုးများ
နှင့် ဝေးရာ မိုးကုတ်မြို့လေးသို့ ပြောင်းရွေ့လာခဲ့ကြ
ပါသည်။ ကျွန်တော့်ကြမ္မာသည် အပြောင်းလဲများလှ
ပါသည်။ လာမည့်အပိုင်းများတွင် ထိုအပြောင်းလဲ
များ အကြောင်းကို အလျှင်းသင့်သလို ဖော်ပြပေး
ပါဦးမည်။

ကျွန်တော် လူမှန်းသိတက်စ အရွယ် ကလေးဘဝတွင်
မိုးကုတ်မြို့ အရှေ့ပိုင်း လူးထ ရပ်ကွပ် ရှမ်းဝိုင်းသို့
ရောက်ရှိနေခဲ့ပါသည်။ ကျွန်တော့်တွက်အမှတ်တရ
အဖြစ်ဆုံးအရာ တစ်ခုမှာ မနက် မိုးလင်းပြီဆိုလျှင်
အိမ်ရှေ့ စဥ့်အိုးကြီးထဲမှ ရေများခဲနေသောကြောင့်
ထိုရေခဲများကို ထုခွဲ ဆော့ကစားရခြင်းဖြစ်ပါသည်။
အရမ်းကို အေးသော ရာသီဥုတုဖြစ်ပါသည်။
မနက်နေထွက်ပြီဆိုလျှင် အနွေးထည် ထူကြီးများကို
ဝတ်ပြီး အိမ်ရှေ့ထွက် နေပူဆာလှုံခဲ့ရသည်များကို
ပျော်စရာအဖြစ် ယနေ့ထိတိုင် အမှတ်ရနေပါသေး
သည်။

နောက်တစ်ခု အမှတ်ရစရာကလေးကတော့ ရှမ်းစီးသီးဖြစ်ပါသည်။ ရှမ်းစီးသီးပင်သည် အပင်ငယ်မျိုးဖြစ်ပြီး လူတစ်ရပ်သာသာ မြှင့်သည်။
အပွင့်ပွင့်ပြီး အသီး သီးသည်။ အသီးမှာ လက်သည်းခွံလောက်သာရှိသည်။ ပွတ်ခဲပြီး အုံလိုက်
သီးတက်သည်။ အရသာမှာ မချို မချည် နှင့်
ချည်ပြုံးပြုံးကလေးဖြစ်သည်။ ကလေးငယ် အကြိုက်တွေ့သော အသီးမျိုးဖြစ်သည်။
ထိုရှမ်းစီးသီးကို အကြိုက်ကောင်းလှသော ကျွန်တော်
တစ်နေ့တွင် ဒုက္ခလှလှ တွေ့ခဲ့ပါသေးသည်။
အကြောင်းမှာ ရှမ်းစီးသီးထဲတွင် ခူယားပါလာသည်
ကို သတိမူမဲ တခဲနက် စားပစ်လိုက်သောကြောင့်
နှုတ်ခမ်းများ ဖူးယောင်လာကာ အစာ စားမရသည်
အထိ ဖြစ်ခဲ့ပါသည်။ ထိုနောက်ပိုင်းတွင်တော့
ရှမ်းစီးသီးကို လက်လွပ်စပယ် မစားရဲတော့ပဲ
သေသေချာချာ စစ်ဆေးပြီးမှသာ စားရဲတော့သည်။

နောက်ပိုင်းများ ဖော်ပြပေးပါဦးမည်။

1592892871726.JPG
Image credit

1592893135831.JPG
Image credit

မြန်မာလို ငါးဥုသီးဟု ခေါ်ကြောင်းသိရသည်။

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko