ကျွန်တော့်ကြမ္မာ-၂ (ကျွန်တော်ကျောင်းပြေး)

ကျွန်တော်ကျောင်းပြေး... ငယ်ငယ်တုန်းက ကျွန်တော်သည် ကျောင်းပြေးတစ်ယောက်ဖြစ်ခဲ့ သည်။ ကျောင်းပြေးဆိုလို့ ၇တန်း၊ ၈တန်းအရွယ်မဟုတ်။ သူငယ်တန်း စတက်ကတည်းက ကျောင်းပြေးခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လို ​ကျောင်းပြေးခဲ့ပါသနည်း။ တစ်ခြားမဟုတ် က...

5 years ago, comments: 0, votes: 9, reward: $0.53

ကျွန်တော်ကျောင်းပြေး...

ငယ်ငယ်တုန်းက ကျွန်တော်သည် ကျောင်းပြေးတစ်ယောက်ဖြစ်ခဲ့
သည်။ ကျောင်းပြေးဆိုလို့ ၇တန်း၊ ၈တန်းအရွယ်မဟုတ်။ သူငယ်တန်း စတက်ကတည်းက ကျောင်းပြေးခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လို ​ကျောင်းပြေးခဲ့ပါသနည်း။ တစ်ခြားမဟုတ် ကျောင်းသွားချိန်ဆို လွယ်အိပ်လေး ကိုင်ပြီးထွက်သွားသည်။ ကျောင်းဆင်းချိန်ဆို ပြန်
လာသည်။ မိဘများက အော် ငါ့သားလေး ကျောင်းပျော်နေတာပဲဟု
ထင်ကြသည်။ တကယ်တော့ ကျွန်တော် ကျောင်းမရောက်ပါ။

ဟိုဟိုသည်သည်လည်း လျောက်မသွားပါ။ သည်လိုဆို ဘယ်လို
ကျောင်းပြေးသနည်း။ အဖြေက ကျွန်တော်သည် ဦးလေးရဲ့
အိမ်အောက်က တံခါးနောက်မှာ ပုန်းနေခဲ့ခြင်းဖြစ်ငည်။
သုံးလေးရက် လောက်ထိ မည်သူမျှ မရိပ်မိကြချေ။ နောက်ပိုင်းမှ
ဦးလေး အပြင်သွားစရာရှိလို့ သော့ခက်မဲ့ အချိန်မှ ကျွန်တော့်ကို
တွေ့ကာ မိဘများထံသို့ပို့မှ ကျွန်တော် ကျောင်းမသွားမှန်းသိကြရ
လေသည်။ တော်တော်ဆိုးတဲ့ ကောင်လေးပါ။ အဲ့ဒီအချိန်ကတည်းက
လိမ်ညာတက်နေခဲ့သည်။ အခုရော လိမ်နေတုန်းပါ။ လူဆိုတာ မုသား
နှင့်မကင်းနိုင်ပါ။ လုပ်ငန်းခွင်ထဲ ရောက်သောအခါ ပို၍ပင် လိမ်ညာ
တက်လာပါသည်။ သိသိကြီးကြီးနဲ့ သူတပါးစိတ်ဆင်းရဲမှာစိုးလို့
မသိဘူးဟု လိမ်ညာလိုက်ရတာမျိုး၊ တခါတလေ ကိုယ်မှန်နေပေမဲ့
ကိုယ်ပြန်ပြောလိုက်လို့ သူရှက်သွားမှာ စိုးလို့ ကိုယ်မှားကြောင်း
ဝန်ခံလိုက်ရတာမျိုး....

ငယ်တုန်းကတည်းက ကျောင်းပြေးသည်။ ကြီးလာသော်လည်း
ရန်ဖန်ရန်ခါ ကျောင်းပြေးသည်။ နောက်ဆုံး ကျောင်းကြီးနဲ့ အဝေးဆုံး
ကိုထွက်ပြေးခဲ့သည်။ သူငယ်ချင်း၏ ဖျားယောင်းမှုဟု နာမည်တပ်ရ
မည်လား။ မတပ်ရက်ပါ။ သူ့ကြောင့်သာ လောကကြီးအကြောင်းကို
စောစောစီးစီး နားလည်ခဲ့ရပါသည်။ ဆယ်တန်းကို နှစ်ဝက်ထိနေပြီး
ကျောင်းထွက်ခဲ့ပါသည်။ ရည်ရွယ်ချက်ရှိရှိနှင့် ကားဝက်ရှော့ သို့
ရောက်ခဲ့ပါတော့သည်။

နောက်ပိုင်းတွင် ကျွန်တော့်ဘဝ အတွေ့ကြုံများကို ဝေမျှသွားပါဦးမည်။

dj3njk.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko