ဘဝဆိုသည်မှာ ဖြစ်ကိုဖြစ်ရမည့် ဇာတ်လမ်း၊ ကွဲရမည့်ဇာတ်လမ်း၊
ညားရမည့် ဇာတ်လမ်း၊ ဒဏ်ရာ အနာတရ ဖြစ်ရမည့်ဇာတ်လမ်း၊
လွမ်းရမည့်ဇာတ်လမ်း၊ ငိုရမည့်ဇာတ်လမ်း စသည်စသည်ဖြင့်
အစဥ်လိုက် အသီးသီး ကြိုတင်ပြင်ဆင်ထားပေးသည်။
ကျွန်တော်ဖြတ်သန်းခဲ့ရသော လူဘဝသက်တမ်း ၂၇ နှစ်တွင်
ဇာတ်လမ်းပေါင်းများစွာကို သရုပ်ဆောင်ခဲ့ရပါသည်။ လုံးဝဥဿုံ
ရင်၌ ခံစားပြီးတော့ ရုပ်သေးရုပ်နယ် ပါဝင်ကပြခဲ့ရပါသည်။
ဘဝဇာတ်ခုံ ကုလကာ နောက်တွင် ဇာတ်ညွန်းများက ကြိုတင်
ရေးဆွဲပီးသား။ ကျွန်တော်မမွေးခင် မည်သို့ ဖြစ်ပျက်ရမည်။
မွေးပြီးလျှင် ဘယ်လို အဖြစ်မျိုးနှင့် ကြုံရမည်ဆုံရမည်။ ကောင်းတာတွေရော၊ ဆိုးတာတွေရော ရောသမမွှေထားသည်။
ဤအခန်းသည် အစဖြစ်၍ စာဖတ်သူတို့ ကျော်ဖတ်နိုင်ပါသည်။
ကိုကိုမိုးဟိန်း ဟုဖြစ်မလာခင် နှစ်အနည်းငယ်ကဖြစ်မည်ထင်ပါသည်။
အဘိုး = ဦးရွှေလှ
အဘွား = ဒေါ်နုတင်
တို၏သား ဦးတင်မောင်ဝင်း နှင့်
အဘိုး = ဦးအိုက်စန်း
အဘွား = ဒေါ်ငင်း
တို့၏သမီး ဒေါ်အေးအေးထွေး ပေါင်းဖတ်ပြီး
ကိုကိုမိုးဟိန်း ဟုခေါ်သော ကောင်လေးမွေးဖွားလာခဲ့သည်။
ကျွန်တော် လူဖြစ်လာခဲ့လေပြီ။ လူမှန်းသိတက်စ အရွယ်တွင်
၆နှစ်သားလောက်တွင် မိုးကုတ်မြို့ လူးထ ရပ်ကွက်တွင် ရောက်ရှိ
နေပါသည်။ လူမှန်း မသိတက်စအရွယ်တွင် ဖြစ်ခဲ့သော ဇာတ်လမ်း
များသည် ပို၍စိတ်ဝင်စားဖို့ ကောင်းခဲ့ပါသည်။
ထိုဇာတ်လမ်းများမှာ
ကလေးတစ်ယောက် မွေးဖွားချိန်တွင် ဖခင်က အနားမရှိရ။ မိခင်
တစ်ယောက်တည်းအားငယ်နေရမည်။ ဖခင်သည် သူငယ်ချင်းနှင့်
အတူ ချောင်းသို့သွား၍ ငါးဖမ်းနေသည်။ ဆွေမျိုး အသိုင်းဝိုင်းမှာ
ရွာမျက်နှာဖုံး ဖြစ်ကြသည်။ ဆန်စက်၊ လက်ဖက်ခြံ၊ လိမ္မော်ခြံများ
ပိုင်ဆိုင်ကြကာ တောသူဌေးများဖြစ်ကြသည်။ ထိုမိသားစုသည်
ရှမ်းပြည်နယ်မြောက်ပိုင်း တောင်ပိုင်အမတ် ဦးကေတု ၏ မျိုးနွယ်
မှ ဆင်းသတ်လာသည်ဟုသိရသည်။ အတော်လေးချမ်းသာကြသည့်
မျိုးရိုးဖြစ်သည်။
ထိုကလေး မွေဖွားပြီး ၇ ရက်မြောက်နေ့တွင် သူ၏ အဘိုးသည်
ပစ္ဧည်းတစ်ခုကို လှေကားဖြင့် တက်ယူရင်း အောက်သို့ မတော်တဆ
ပြုပ်ကျကာ ကွယ်လွန်ရလေသည်။ ကလေး၏ ဇာတာသည် ဆိုးသည်ဟုဆိုရမည်လော။ ကလေး၏အဘိုးဆုံးပြီး ဒုတိယပက်တွင် ထိုကလေး၏ဦးလေးသည် သူ့အဖေ ဆုံးမှန်းမသိပဲ ပြန်ရောက်လာခဲ့သည်။ ဇာတ်လမ်းသည် ပိပိရိရိပင် ဝမ်းနည်းကြေကွဲဖွယ်ရာအတိ။ သိပ်မကြာပေ။ ဇာတ်လမ်းသည် တုန်လှုပ်ခြောက်ခြားဖွယ် ဇာတ်ဝင်ခန်းသို့ပြောင်းသွားသည်။ ဦးလေးသည် ဖားကန့်က ပြန်လာပြီး ငွေအမြောက်အများ ပါလာသည် ဟူသော သတင်းဆိုးက မွှေးနေသည်။ သတင်းဆိုးဟု ဆိုခြင်းမှာ တောသူပုန်များက ထိုသတင်းကို အနံ့ရသွားခြင်းကြောင့် ဖြစ်သည်။
ည ၇ နာရီဝန်းကျင်လောက်တွင် တောင်တန်းအလီလီ ကွယ်ကာထားသော မိုင်းလုံမြိုးဟောင်းကျေးရွာလေးတွင် အိမ်တစ်အိမ်မှလွဲပြီး ကျန်အိမ်များသည် ငြိမ်းချမ်းသာယာလျှက်ရှိသည်။ ထိုအိမ်၌
ကား ကမ္ဘာပျက်နေသည်။
ရှမ်းစကားသံ
ဟေ့...အားလုံးဒူးထောက်ဝတ်နေကြစမ်း... တစ်ယောက်မှ မအော်နဲ့
အော်ရင် ပစ်သတ်လိုက်မယ်....
(သေနက်ဖြင့် ချိန်ရွယ်ကာလူတစ်စု ဝင်လာသောကြောင့် ဓားပြများ ဝင်လာပြီဟု အားလုံးသိလိုက်ကြသည်။ အရင် ကတည်းက မကြာခန ဓားမြတိုက်ခံခဲ့ရဖူးသည်။ တောင်းတဲ့ပိုက်ဆံပေးလိုက်သောအခါ
အေးအေးဆေးဆေးပြန်သွားကြသည်သာ)
ဟေ့...ဟိုတစ်ယောက် ငြိမ်ငြိမ်နေစမ်း.... ဒူးထောက်ထားစမ်း။
မသာပေါ်သွားချင်လို့လား။ မသေချင်ရင် ငါတို့ကို ရှိသမျှပိုက်ဆံ
အကုန်ထုတ်ပေး.... ပြောနေတာကြားလားထုတ်ပေးလို့ပြော
နေတယ်...
(မိသားစုဝင်များအားလုံး ဒူးထောက်ကာ ဝတ်နေကြရသည်။
ဦးလေးမှ သူတို့တောင်းသော ပိုက်ဆံကို ထယူပေးမည် ပြုလိုက်စဥ်)
ဒိုင်း....... (ကျယ်လောင်စွာ မြည်သွားသည်)
သေနက်ဖြင့်ချိန်ရွယ်ထားသော ဓားမြမှာ ခလုပ်ကိုနှိပ်မိသွားသည်။
သေနပ် တမင်ပစ်ရန် မရည်ရွယ်ထားပဲ ပစ်လိုက်မိသောကြောင့်
ဓားမြမှာ ကြောင်သွားသည်။ ခနကြာသော် ဓာမြား အားလုံး ထွက်ပြေးသွားကြသည်။ သိပ်မကြာပေ ရွာသူရွာသားများသည်
သေနက်သွကြား၍ရောက်လာကြသည်။ သွေးအိုင်ထဲလှဲကျနေသော လူတစ်ယောက်ကိုမြင်သောအခါ များစွာ စိတ်မကောင်းဖြစ်ကြပြီး တုန်လှုပ်ခြောက်ခြားကုန်ကြသည်။
ထိုမိသားစုဝင်များနှင့် အတူ ရွာသူရွာသားများသည် ထပ်တူထပ်မျှ
ဝမ်းနည်း ကြေကွဲကြရသည်။ သိပ်မကြာပေ။ ဤဖြစ်ရပ်ဆိုးကြီးပြီး
နောက်တွင် စိတ်မကောင်းစရာ သတင်းတစ်ခုက ကြားရပြန်သည်။
ဟယ် ဟိုအိမ်ကပဲ လူတစ်ယောက်ထပ်ဆုံးပြန်ပြီ....
ဟုတ်လို့လားဟယ်...
သူတို့သမီးကြီးက သိပ်လိမ္မာတာ...
သေသွားပြီးလား
သနားစရာကောင်းလိုက်တာဟယ်....
အဲ့ဒီကလေး မွေးပြီးကတည်းက သူ့အဘိုး သေတယ်။ သိပ်မကြာဘူး
ဓားမြဝင်လိုက်လို့ သူ့ ဦးလေးသေတယ်။ အခု သူ့အစ်မပါ ထပ်သေတယ်.... ဒီကလေးက ဂြိုလ်ဆိုးတယ်ထင်တယ်....
မိသားစုကို တစ်ခုပြီးတစ်ခု ဒုက္ခရောက်စေတယ်...
ထိုကလေးမွေးပြီး တစ်လမပြည့်ခင်မှာပဲ လူသုံးဦးသေဆုံးရမယ်။
ဇာတ်လမ်းအစကို ခပ်ကြမ်းကြမ်းလေး စလိုက်မယ်။ ပြီးရင် အစဥ်လိုက် ဒီလိုမျိုးတွေထပ်ဖြစ်ရမယ်။ ဒီကလေးက ဘယ်လို
အကျင့်၊ ဘယ်လိုစရိုက်ရှိရမယ်။ ဘာကိုဝါသနာပါမယ်။
ထောင့်စုံအောင်ကို ပီပီပြင်ပြင် ကို ဘဝဇာတ်ဆရာက ရေးသားထား
သည့်အတိုင်း ကျွန်တော်ကလည်း ကပြသရုပ်ဆောင်ခဲ့ရပါသည်။
ကျွန်တော်ကြိုက်သော ဇာတ်လမ်း ဇာတ်ကွက်များရှိသလို၊ ကျွန်တော်
မုန်းသော ဇာတ်လမ်းဇာတ်ကွက်များလည်း ရှိခဲ့သည်။ ကြိုက်သည်
ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော် တောင်းဆို၊ ငြင်းပယ်
နိုင်ခွင့်မရှိခဲ့ပေ။
ဇာတ်လမ်း အစဦးပိုင်းကိုတော့ ကျွန်တော် မုန်းသင့်သည်
မဟုတ်ပါလား....
ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko
နောက်ပိုင်းများတွင်လည်း ကျွန်တော့်ဘဝ ဇာတ်လမ်း အတိုထွာလေး
များကို ဝေမျှသွားပါဦးမည်။