ပထမအရွယ် ပညာရှာ
ဒုတိယအရွယ် ဥစ္စာရှာ
တတိယအရွယ် တရားရှာ
ဆိုပြီး ဆောင်ပုဒ်ကလေးက ရှိလေတော့ အသက်၂၆နှစ် ဆိုသော အရွယ်သည်ကား တရားဓမ္မများနှင့် အလွန်ဝေးသော အသက်ရွယ် ဖြစ်ပါ သည်။ ကျွန်တော်နားလည်ထားသော တရားဓမ္မဆိုသည်မှာ လူ၏စိတ်ကိုအေးချမ်းစေသော၊ လိမ္မာယဥ်ကျေးစေသောအရာဖြစ် သည်ဟုနားလည်ထားပါသည်။
ကျွန်တော်ကား ဒုတိယအရွယ်တွင်ရှိနေပါပြီ။ ဥစ္စာရှာနေသည့်အရွယ်။
ပညာရှာရမည့်အရွယ်တွင် ပညာကိုဆုံးခန်းမတိုင်ခဲ့ပေ။ မိဘများမှာ
မချမ်းသာသောကြောင့် စောစီးစွာ ဒုတိယအရွယ်ကိုဝင်ကာ ဥစ္စာရှာခဲ့
ရလေသည်။
မိဘများမချမ်းသာသောကြောင့် ဟူသောစကားမှာ မိဘနှစ်ပါးအား
အပြစ်တင်လိုခြင်းမဟုတ်ပါ။ မိဘများက ပညာရေးအား ဆုံးခန်းတိုင်
အောင် တက်ရောက်ဖို့ ကြိုးစားလုပ်ဆောင်ပေးပါသည်။ ကျွန်တော်
ကိုယ်တိုင်က မိဘများ၏ ပင်ပန်းဆင်းရဲဒုက္ခများကို ဝင်ရောက်ဖြေ
ရှင်းပေးချင်သည်ကတစ်ကြောင်း၊ ထိုခေတ် ၂၀၁၀ ဝန်းကျင်ကာလ
လောက်တွင် ဘွဲ့ရများ ပေါက်ပြားကိုင်နေရခြင်းကတစ်ကြောင်း
(ခုခေတ်ကား ပညာခေတ်ပင်၊ ပညာတက်ပါမှ သက်တောင့်သက်သာ
နှင့် အဆင့်မြင့်သော အလုပ်ကိုင်များလုပ်ကိုင်နိုင်ပေမည်)
အတန်းပညာ ဆယ်တန်းကိုတစ်ဝက်တစ်ပျက်နှင့်ဆုံးခန်းတိုင်ခဲ့ပါ
သည်။
ထားပါလေ။ ကျွန်တော်ပြောချင်သည်က အခု ကိုရင်ကြီးဝတ်ပြီးမှ
သိလာရသော အသိဖြစ်ပါသည်။ ကံကောင်းသည်ဟု ဆိုရမည်ပင်။
ကျွန်တော် သီတင်းသုံးသောကျောင်းတွင် တရားစာအုပ်များ စုံလင်
စွာရှိနေခြင်းဖြစ်သည်။ တရားစာအုပ်များ အနည်းငယ်ဖတ်ပြီးနောက်
ကျွန်တော်သိလာရသော အသိမှာ။
အရွယ်သုံးပါးရှိသည့်အတိုင်း အစဥ်လိုက်လုပ်ဆောင်မည်ဆိုပါစို့။
ပထမအရွယ် ပညာရှာ
ဒုတိယအရွယ် ဥစ္စာရှာ
တတိယအရွယ် တရားရှာ
ဘယ်လိုမှ အဆင်မပြေနိုင်ပေ။ အကြောင်းမှာ သေခြင်းတရားသည်
အရွယ်မရွေးပေ။ ကလေး၊ လူပျို၊ လူကြီး၊ ဆင်းရဲသား၊ သူဌေးသား၊
ရုပ်ချော၊ ရုပ်ဆိုး ရွေးနေမည်မဟုတ်၊ စောင့်နေမည်မဟုတ် သေမင်း
သည် အချိန်မရွေး နေရာမရွေး လာရောက်ခေါ်နိုင်သည်။ သို့သော်
လူသားများသည် သေခြင်းတရားကိုကြောက်ကြသည်။ ထို့ကြောင့်
သေခြင်းကို မတွေးမိအောင် ပျော်ပွဲရွှင်ပွဲများလုပ်ဆောင်ကြပြီး
သေခြင်းကို မေ့ဖို့ကြိုးစားကြသည်။ သေခြင်းအကြောင်းကိုပြောလျှင်
ပင် နိမိတ်မရှိ နိမာမရှိစကား၊ ကျက်သရေမရှိသော စကားဟု ဆိုကြ
သည်။ အမှန်တရားကိုကား ဖုံးကွယ်၍မရပေ။ ကျန်းမာရေး ချို့ယွင်း
လာချိန်မှသာဘုရားတရားလုပ်ကြဖို့ သံဝေဂ ရတက်ကြလေသည်။
ထို့ကြောင့် ကျွန်တော်သိလာရသော အသိတရားမှာ အရွယ်သုံးပါးလုံး
တွင် ပညာ၊ ဥစ္စာ၊ တရား သုံးမျိုးလုံးကို balance ညီအောင် လုပ်
ဆောင်သင့်သည်ဟု သိမြင်လာခဲ့သည်။ ဤသို့အသိကို စောသိပြီး
လုပ်ဆောင်နေသော သူတွေကတော့ ကံကောင်းလှပေသည်။ ကျွန်တော်သည် ယခုမှပင် တွေးမိသောကြောင့်ဖြစ်သည်။ သို့သော်လည်း နောက်မကျသေးပေ၊ အမှားကိုမြင်အမှန်ပြင်လျှင်
လမ်းမှန်ကို ရောက်နိုင်ပါသေးသည်။ ထို့ကြောင့် ကျွန်တော့်လက်ကျန်
ဒုတိယအရွယ်နှင့် တတိယအရွယ်တို့တွင် ပညာ၊ ဥစ္စာ နှင့် တရား
သုံးမျိုးလုံးကို အညီအမျှဖြစ်အောင် ကြိုးစားသွားပါတော့မည်ဟု
စိတ်ဆုံးဖြတ်မိလေတော့သည်။
ကိုကိုမိုးဟိန်း✍
@myanmarkoko