မြန်မာစတီးမစ် မိသားစုဝင်များ အားလုံးမင်္ဂလာနံနက်ချင်းပါ...
စာများမရေးနိုင်ခင်မှာ ပုံတစ်ချို့တင်ခွင့်ပြုပါဗျာ။
ကျွန်တော်ဟာ မန္တလေးမြို့ ရူပါမန္တလာဟိုတယ်တွင် သန့်ရှင်းရေး
Housekeeping ဌာနတွင် အလုပ်လုပ်ရင်း ဘဝကိုရိုးသားစွာ
ဖြတ်သန်းနေပါတယ်။
ကျွန်တော် ဟိုတယ်မှာ သန့်ရှင်းရေးဝန်းထမ်းအဖြစ်စတင်လုပ်ကိုင်ခဲ့စဉ်က သန့်ရှင်းရေးအလုပ်ကိုနှိမ့်ကျတဲ့အလုပ်လို့ အထင်မှားပြီး ရှက်ခဲ့မိပါသည်။ မင်းဘာအလုပ်လုပ်လဲလို့မေးရင် ဖြေရမှာကို
စိတ်ထဲမှာ ရှက်မိခဲ့ပါသည်။ နောက်ပိုင်းလုပ်တာကြာလာတဲ့အခါ အဲ့ဒီစိတ်မရှိတော့ပါဘူး။ သန့်ရှင်းရေးလုပ်တာ ရှက်စရာမလိုပါ သူတစ်ပါးပစ္စည်းကို ခိုးယူနေတာမဟုတ်ပါဘူး ရိုးရိုးသားသား
ကိုယ့်ဝမ်းစာတွက်လုပ်ကိုင်စားသောက်တာဖြစ်ပါသည်။ နောက်ပိုင်းအဲ့ဒီစိတ်မျိုးထားနိုင်လာပါသည်။
ဒါနဲ့ပြောရဦးမယ် အရင်တုန်းက ဟိုတယ်မှာ အလုပ်လုပ်တယ်ဆိုရင် အရမ်းအထင်သေးကြတယ် ။ဟိုတယ်ဆိုတာ သမီးရီးစား စုံတွဲတွေ သွားပြီးတည်းခိုတဲ့နေရာ
မကောင်းတာလုပ်တဲ့နေရာဟု ထင်ကြပါတယ်(အခုတော့ မဟုတ်ပါ)။ နောက်ပိုင်း ဟိုတယ်တွေ အပြိုင်အဆိုင်ဖွင့်လာပြီး ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း ပိုမိုတွင်ကျယ်လာမှ ဟိုတယ်ဆိုတာ လုပ်ငန်းတစ်ခုမှန်းသိလာကြပါတယ်။
ကျွန်တော်တို့ စတီးမစ် မိသားစုဝင်များထဲမှာလည်း ဟိုတယ်ဝန်ထမ်းများ ရှိချင်ရှိနိုင်ပါတယ်။ ကျွန်တော် လုပ်နေတဲ့ဌာန Housekeeping နဲ့ပက်သက်ပြီး အနည်းငယ်ပြောပြချင်ပါတယ်။ Housekeeping ဆိုတာ ဟိုတယ်တစ်ခုလုံးကို သန့်ရှင်းသပ်ရပ်အောင်လုပ်ဆောင်ပေးရတဲ့ ဌာနတစ်ခု အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ် ရဲ့အပြင်အဆင် Decoration ပိုင်းကိုလည်းတာဝန်ယူ လုပ်ကိုင်ပေးရပါတယ်။ ဟိုတယ်မှာ လာရောက်ကျင်းပတဲ့ မင်္ဂလာဧည့်ခံပွဲ များအတွက်လည်း။ ပန်းအလှဆင်ခြင်းများ လုပ်ပေးရပါတယ်။ ဟိုတယ်မှာ ရောင်းချတဲ့အခန်းများကိုလည်း သန့်ရှင်းရေးပိုင်းအပြင် အခန်းကိုလှပအောင် လာရောက်တည်းခိုသူ နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ဖန်တီးပေးရပါတယ်။ ဒါ့အပြင် Housekeeping ဌနမှာ လုပ်ကိုင်နေရတဲ့ ဝန်ထမ်းများဟာ ရိုးသားဖြောင့်မက်တဲ့ သူများဖြစ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ဧည့်သည်အခန်းကိုသန့်ရှင်းရေးလုပ်တဲ့အခါ ဧည့်သည်ရဲ့ ပစ္စည်းများ ရွှေ ငွေ လက်ဝတ်ရတနာများ ကိုမြင်တွေ့နေရခြင်းကြောင့် ဖြစ်ပါသည်။ အကယ်၍များ သူခိုးဇာတာပါတဲ့ ဝန်ထမ်းဖြစ်နေမယ်ဆိုရင် ဒုက္ခအကြီးအကျယ် ရောက်နိုင်ပါတယါ။ လူ့စိတ်ဆိုတာ ခန့်မှန်းလို့မနိုင်ပါဘူး။ ဟိုတယ် တော်တော်များများမှာလည်း ဧည့်သည်ပစ္စည်း ငွေတွေပျောက်တာတို့ မကြာခန ကြားရတက်ပါတယ်။ ဒါကြောင့် Housekeeping ဝန်းထမ်းဟာ ရိုးသားဖို့လိုအပ်ပါသည်။စာရေးတာ တော်တော်လည်းရှည်သွားပြီမို့ အဆုံသက်ပါစေဗျာ။ ပုံတင်မယ်ဆိုပြီး စာတွေရေးတာ များသွားရင် သည်းခံပေးကြပါဗျာ။
မဆိုင်တဲ့ ကျွန်တော့်အလုပ်ကြောင်းလေးနဲနဲပါသွားတယ်။ ဆက်လက်ပြီး
ပုံများကို ရှူ စား အားပေးကြပါဦးဗျာ...
အောက်ပါ့ Link ကနေလည်း ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်
https://m.facebook.com/story.php?story_fbid=406608332821325&id=184221178393376
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Written by @kokomoehein
MSC no. 118