ကိုယ်ကျင့်တရား

ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ ဤလူ့ဘောင် ၊ လူ့လောကတွင် လူဖြစ်လာပြီဆိုရင် လိုက်နာရမည့် ၊ ကျင့်သုံးရမည့် ၊ စောင့်ထိန်းရမည့် ၊ ကိုယ်ကျင့်တရားများရှိပါသည်။ ဆရာဦးကျော်ကျော်လှိုင် ပြောသလို - " ကျွန်တော်တို့ကိုမွေးပေးခဲ့သ...

5 years ago, comments: 4, votes: 14, reward: $0.32

ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ ဤလူ့ဘောင် ၊ လူ့လောကတွင်
လူဖြစ်လာပြီဆိုရင် လိုက်နာရမည့် ၊ ကျင့်သုံးရမည့် ၊
စောင့်ထိန်းရမည့် ၊ ကိုယ်ကျင့်တရားများရှိပါသည်။

ဆရာဦးကျော်ကျော်လှိုင် ပြောသလို -

" ကျွန်တော်တို့ကိုမွေးပေးခဲ့သောမိဘ ၊ ချမ်းသာသောမိသားစု ၊
ဆင်းရဲသောမိသားစု ၊ ကျွန်တော်တို့ရဲ့ ညီကိုမောင်နှမတွေကို
ကျွန်တော်တို့ ရွေးချယ်ခွင့်မရှိခဲ့ပေမဲ့ ကိုယ်ကျင့်တရား
ကောင်းမကောင်းဆိုတာကတော့ မိမိကိုယ်တိုင်ပဲ
ရွေးချယ်ခဲ့တာဖြစ်ပါတယ် "

အောင်မြင်နေတဲ့ လူတစ်ဦးတစ်ယောက်ဟာ ဘယ်အချိန်ထိ
ဆက်ပြီး အောင်မြင်နေမလဲဆိုတာ ထိုသူရဲ့ကိုယ်ကျင့်တရားပေါ်မှာပဲမူတည်နေပါတယ်။

ကိုယ်ကျင့်တရားနဲ့ပက်သက်လို့ ထိန်းသိမ်းရကောင်းမှန်းမသိတာလား၊ ကိုယ်ကျင့်တရားဆိုတာဘာမှန်းမသိကြတာလား။
ခုခေတ်လို တိုးတက်နေသော Internet ခေတ်ကြီးမှာ တစ်ဦးနှင့်
တစ်ဦး မမြင်ရပေမဲ့ ခင်မင်ရင်းနှီးလို့ရကြတယ်။ ဒါပေမဲ့ လူချင်း
တစ်ဦးနှင့်တစ်ဦးမမြင်ရဘူးဆိုပြီး မတော်မရော်တွေပြောကြတယ်။
ဆဲဆိုကြတယ်။ လိမ်ညာပြီးပြောဆိုကြတယ်။ပြီးတော့ ပြသနာတွေ၊ မဖြစ်သင့်တာတွေဖြစ်ကြတယ်။

လတ်တလောတုန်းကမိမိပတ်၀န်းကျင်တွင်ကြားမိသော
သတင်းတစ်ခုကို ပြန်လည်မျှဝေ
ချင်ပါတယ်။ ပြဿနာအစက
ဖေ့စ်ဘွတ်ဖြစ်သည်။ ဖေ့စ်ဘွတ် ဆိုတာကလည်း သုံးတက်ရင်
အကျိုးရှိသလို၊ မသုံးတက်ပြန်ရင်လည်း ဆိုးကျိုးတွေဖြစ်နေနိုင်ပါတယ်။ နာမည်တော့မဖော်ပြတော့ပါဘူး မဖြူနဲ့ မောင်မဲပေါ့။
သူတို့က လင်မယားတွေဖြစ်ကြတယ်။ နှစ်ယောက်လုံးက
ခေတ်မှီတဲ့ လင်မယားတွေလို့ ဆိုကြမလား ဖေ့စ်ဘွတ်အကောင့်
ကိုယ်စီရှိကြတယ်။ ဖြစ်ချင်တော့ မဖြူဟာ မောင်မဲရဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတစ်ယောက်နဲ့ ဖေ့စ်ပေါ်မှာ ခင်မင်ပြီး
စကားတွေဖောင်ဖွဲ့ပြောကြရင်း အချိန်ကြာလာတော့ သံယောစဉ်ရှိလာကြတာပေါ့။ ဒီလိုနှင့် မဖြူဟာ မောင်မဲမသိအောင် ထိုသူငယ်အား ဖုန်းတွေပြော၊ လက်ဆောင်ပစ္စည်းတွေ၀ယ်ပို့ပေးနဲ့ ချစ်ခြင်းမေတ္တာသက်၀င်နေတာပေါ့။ မောင်မဲမသိခင်ထိတော့ မဖြူနဲ့ထိုသူငယ်ချင်းက အဆင်ပြေနေကြတာပေါ့ ။ သို့ပေမဲ့ မကောင်းမှုဆိုတာ ကြာရှည်လို့ဖုံးကွယ်လို့မရပါဘူး။ နောက်ကြတော့ မောင်မဲက ထိုအကြောင်းစုံကိုသိသွားပါတော့တယ်။ သိသွားပုံက
လည်းအဆန်းသား ၊ တစ်နေ့တော့ ထိုကောင်လေးကမဖြူရဲ့ပုံကိုတောင်းပါသတဲ့ ၊ ဘာလို့လဲဆိုတော့ မဖြူက ပရိုဖိုင်မှာ ကိုယ့်ပုံအစစ်ကိုမတင်ထားပေ။ မဖြူကလည်း ပို့ပေးလိုက်တာပေါ့။
အဲ့ဒီတော့ဂွမ်းပါလေရော ။

ထိုသူငယ်က မောင်မဲနဲ့သူငယ်ချင်းဆိုတော့ မောင်မဲရဲ့မိန်းမ ၊မဖြူပုံကို မြင်ဖူးထားတော့ မောင်မဲကိုပြောတာပေါ့။ မင်းမိန်းမက ဒီလိုဖြစ်နေတယ်ဆိုပြီး။ အဲ့တော့ မောင်မဲကလည်း သူ့မိန်းမလုပ်ရပ်တွေကိုသိသွားတော့ အရမ်းကိုရှက်ပြီး ဒေါသလည်းထွက်။ လင်မယားချင်းကွဲမလိုဖြစ်ကြပါတယ်။ တကယ်ဆို မဖြူဟာ ကလေးတစ်ယောက်အမေလည်းဖြစ်တယ်။ တကယ်ဆို ဒီလိုကိစ္စမျိုး
က ဖြစ်ကိုမဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ နောက်ပိုင်းတော့ဒီကိစ္စ ဘယ်လိုဖြစ်သွားလည်းဆိုတာမသိဘူး။ ပြောချင်တာက ကိုယ့်မှာလည်း သားနဲ့ယောင်္ကျားနဲ့ ရှိပါလျက် ဤကဲ့သို့ ကိုယ်ကျင့်တရား
ကင်းမဲ့သော လုပ်ရပ်ကို ဘာကြောင့်လုပ်သလဲဆိုတာ စဉ်းစားလို့ကိုမရပါဘူး။

ကိုယ်ကျင့်တရားဆိုတာ ဘာမှန်းမသိတော့သော ဤခတ်ကြီးထဲတွင် မဖြစ်သင့်တာတွေမဖြစ်ကြစေဖို့ ၊ စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားများကို စောင့်ထိန်းကြပါလို့ စေတနာအရင်းမှန်ဖြင့်
ယခုပို့စ်ကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်...

IMG20200513132311.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး

Written by KoKoMoeHein@myanmarkoko

MSC no.118