ကိုရင်...
အရင်ပိုစ့်တွင် ဖော်ပြပြီးခဲ့သည့်အတိုင်း ကျွန်တော် ကိုရင်ဝတ်ခဲ့ပါသည်။ ကိုရင်ဟု ဘာကြောင့်သုံးနှုန်းရသလဲဆိုရင်
သိမ်ဝင်မှသာ ဦးပဇင်းဖြစ်သည်။ သိမ်မဝင်လျှင် ဦးပဇင်းဟုမခေါ်ပဲ
ကိုရင်ကြီးဟုသာခေါ်ဆိုရပါသည်။ သိမ်ဝင်လျှင် ကမ်မဝါ ဖတ်ရပြီး
ပရိပ်ခရာ ရှစ်ပါးစသဖြင့် လုပ်ဆောင်ရသည်။ သိမ်ဝင်လျှင် အနည်းဆုံးတစ်လဖြစ်စေ နှစ်လဖြစ်စေ ဝတ်နိုင်မှ အဆင်ပြေသည်။
ကိုရင်ကြီးဝတ်သာကတော့ သိပ်အလုပ်မရှုပ်ပေ ရက်တိုလည်း ဝတ်လို့ရသည်။ လူထွက်ချင်တဲ့အချိန် ထွက်လို့ရသည်။ ဤအကြောင်းရာများသည် ကိုရင်ဝတ်မှ သိလာရပါသည်။
ဗုဒ္ဓံ သယံနံ ဂစ်စာမိ....
စာလုံးဆင့်များ ရေးဖို့ ဖောင့်မရလို့ အမှားပါခဲ့ရင် ခွင့်လွတ်ပါ။
ကိုရင်စဝတ်သည့်နေ့က ရယ်စရာ အမှတ်တရလေးတစ်ခုကို
ပြောပြချင်ပါသည်။ ဖြစ်ပုံကဒီလိုပါ
ကျွန်တော်နှင့်အတူ ယောက်ဖနှင့် တူလေးနှစ်ယောက်တို့ အတူတူ
ကိုရင်ဝတ်ခဲ့ကြပါသည်။ ကိုရင်ကြီး စဝတ်တော့ ပထမဆုံး ဆံချရပါသည်။ ရှင်းအောင်ပြေရလျှင် ကတုံး တုံးရသည်ပေါ့။ ကတုံး တုံးပြီးလျှင် ကျောင်းထိုင်ဘုန်းကြီးမှ တရားစာများကိုချပေးပြီး
ကျွန်တော်တို့က နောက်ကလိုက်ဆိုရသည်။ ပထမပိုင်းတွင် ပြဿနာ
မရှိပါ။ နောက်ဆုံးကျ ပြဿနာကစသည်။
ဗုဒ္ဓံ သယံနံ ဂစ်စာမိ
ဓမ္မံ သယနံ ဂစ်စာမိ
အဲ့ဒီလိုမျိုး ဘုန်းကြီးကရှေ့ကချပေးသည်။ သို့သော် အသံက
ကျယ်ပြီး စောင့်ပြီးဆိုကာ ချပေးသည်။ ဘုန်းဘုန်းမှာ နဂိုက
အသံပါဝါက ကောင်းပြီး အလုံးလိုက်ကြီးဖြစ်နေတော့သည်။
ဗုဒ္ဓံ.... သယံနံ.... ဂစ်စာမိ......
ကျွန်တော်၏ တူလေးနှစ်ယောက်မှာ သဘောတွေကျပြီး တခစ်ခစ်နဲ့ ဖုံးဖိပြီးရယ်တော့သည်။ တူလေးနှစ်ယောက်ရယ်တော့ ကျွန်တော်တို့လည်းရယ်မိကြသည်။ ထို့နောက် ဘုန်းဘုန်းက ပြောသည်။
ဒါရယ်စရာမဟုတ်ဘူး ဒါကို ပီပီသသ မဆိုဘူး ကျယ်ကျယ်မဆိုဘူး
ဆိုရင် ရဟန်း၊ ကိုရင်မဖြစ်ဘူး။ အဲ့ဒါကြောင့် ပီပီသသ လိုက်ဆို။
ထက်မံပြီး ဘုန်းဘုန်းက ရှေ့ကချပေးသည်။
ဗုဒ္ဓံ.... သယံနံ.... ဂစ်စာမိ......
တူလေးတွေက မအောင့်နိုင်ပဲ ထပ်မံရယ်ပြန်သည်။ ကျွန်တော်တို့လည်း ရယ်ပြန်သည်။ ဘုန်းဘုန်းက စိတ်တိုလာသည်ထင်သည်။
မင်းတို့နဲ့ခက်ပြီ။ ဒါရယ်စရာမဟုတ်ဘူး။ ကဲကဲစိတ်ကိုသေချာထိန်း
ဒီတစ်ခါမရယ်နဲ့ ပီပီသသ လိုက်ဆို။
ဘုန်းဘုန်းက အဲ့သလို ကြိမ်းလိုက်တော့မှ
ကျွန်တော်လည်း တူလေးတွေကို မရယ်ဖို့ပြောပြီး၊ စိတ်ကိုထိန်းပြီ
ခနလေး နားလိုက်သည်။
အဲ့ဒီနောက် ဘုန်းဘုန်းက ထပ်မံချပေးသည်။ ဒီတစ်ခါတော့
ဘုန်းဘုန်းက ကြိမ်းထားသည်မို့ မရယ်ရဲကြတော့ပေ။
ဗုဒ္ဓံ.... သယံနံ.... ဂစ်စာမိ......
နောက်ဆုံးတော့ တရားစာရွတ်ဆိုတာ အောင်မြင်သွားကြလေသည်။
သို့သော် မျက်နှာပိုးက မသေကြသေး ရယ်ချင်နေကြသေးသည်။
အဲ့ဒီနောက် သင်္ကန်းစီးကာ ကိုရင်ဖြစ်သွားလေတော့သည်။
ဤသည်ကား ကိုရင်ဝတ်ပြီး ပထမဆုံးအတွေ့ကြုံဖြစ်လေသည်။