ကိုဗစ်နှင့် စျေးသည်...
ဟိုတယ်ဝန်ထမ်းဘဝကို ငြီးငွေ့ကာ စျေးသည်ဘဝသို့
ကူးပြောင်းလာခဲ့သော ကျွန်တော်။
ပထမလှိုင်းမှာ မြန်မာတွေလက်မထောင်တာကို
သဘောမကျလို့ ပြန်လာတဲ့ ကိုဗစ်ဒုတိယလှိုင်း။
ကျွန်တော်အတွေးထဲသို့ စကားပုံတစ်ခုက မတွေးပါပဲနှင့် ရောက်လာသည်။ ကံဆိုးမှ သွားရာ၊
မိုးလိုက်လို့ရွာ ။ ခုတော့ မိုးလိုက်လို့ရွာလျှင် ကျွန်တော့်
တွက်ကား ပြဿကြီးမဟုတ်သေးပါ။ တစ်ကမ္ဘာလုံးက
ကြောက်ရသော ကိုဗစ်ကြီးလိုက်လာတော့ ဆုတ်လည်း
စူး စားလည်းရူး ဆိုသလိုမျိုး ဖြစ်နေပါတော့သည်။
ကိုဗစ်ကြောင့် စျေးသည်များ ထမင်းအိုးကွဲရမဲ့ အဖြစ်
ရောက်နေလို့ ဟိုတယ်လုပ်ငန်းပြန်လုပ်မည်ဆိုတော့
လည်း ဘယ်ဟိုတယ်မှ အလုပ်ခေါ်မည်မဟုတ်။
သူတို့တောင် ဝန်ထမ်းတွေကို နည်းမျိုးစုံထုတ်ဖို့
ကြံနေကြရတာကလား။
လောလောဆယ်တော့ နောက်ကြောင်းကို ပြန်လှည့်ဖို့
စိတ်ကူးမရှိသေးပါ။ ဘာလို့လဲ စျေးသည်ဘဝက
ပိုပြီးအဆင်ပြေနေလို့လားဆိုတော့လဲ အဲ့သလို
မဟုတ်ပြန်ပါ။ စျေးသည်ဘဝဖြင့် ကျွန်တော်သည်
ပြင်ဦးလွင်မြို့၊ အနီးစခန်းကျေးရွာ၊ အနီးစခန်းစျေးတွင် ထမင်းကြော်ရောင်းချနေပါသည်။
တစ်ရက်ရောင်းချရသော အမြတ်ငွေမှာ နှစ်ထောင်
ဖြစ်ပါသည်။(အရင်းနှုတ်ပြီး)။ ဟိုတယ်ဝန်ထမ်းအဖြစ်
လုပ်ကိုင်ခဲ့စဥ်က ကျွန်တော်၏လစာမှာ ၂သိန်း၁သောင်းဖြစ်သည်။ တစ်ရက်ဝင်ငွေဖြင့်
တွက်သော် ၇ထောင်ကျပ်ဖြစ်သည်။ ပမာဏအားဖြင့်
အများကြီးကွာခြားပါသည်။ ဒါဆို ကျွန်တော်နောင်တ
ရနေသည်လားဟု မေးသော်။ မရပါ။(လုံးဝ)။
စျေးသည်ဘဝဖြင့် တစ်ရက်ဝင်ငွေ၊
အမြတ်ငွေ၂ထောင်ဆိုသည်မှာ ယခုခေတ်အနေထားနှင့်
ဆိုသော် အရမ်းကိုနည်းလွန်းလှပါသည်။ မိဘများကတော့ အားပေးပါသည် အစမိို့လို့ လူတွေသိပ်မသိသေးလို့ မရောင်းရသေးတာပါ။ နောက်ဆိုရင် ရောင်းကောင်းမှာပါဟု အားပေးကြပါသည်။ အမြတ်ငွေနည်းသည်ဟုလည်း မဆိုသာပါ။ ၈နာရီခွဲ ပြည့်အောင်အလုပ်လုပ်စရာ
မလိုပါ။ မနက်၄နာရီခွဲမှ ၉နာခွဲထိသာ ထမင်းကြော်ရောင်းရပါသည်။
စုစုပေါင်း ၅နာရီဖြစ်သည်။ နားချိန်ပိုရသည်။
စျေးသည် မနက်ပိုင်းစျေးသာ ဖြစ်ပါသည်။
ကျွန်တော်ဖတ်ချင်သောစာပေများ။ လေ့လာချင်သည်
များကို ပိုမိုလုပ်နိုင်သည်။ သည့်အပြင် ဖိအားလည်း
မရှိသလို၊ လွပ်လွပ်လပ်လပ် မိမိကြိုက်သလို သွားလာ
နိုင်သည်။ အထက်လူကြီး၏ ဦးနှောက်ဖောက်စားခြင်း
မခံရတော့သလို၊ မိမိဥာဏ်စွမ်းရှိသလောက် ကြိုးစား
အားထုတ်ပြီး အကျိုးကျေးဇူးကိုလည်း မိမိကိုယ်တိုင်
အပြည့်ဝခံစားနိုင်သည်။ စကားကြီးစကားကျယ် ပြောရလျှင် မိမိစိုက်ပျိုးသည့်အတိုင်း မိမိပြန်ရိပ်သိမ်း
ရလိမ့်မည်။ ဤစကားသည် ခရစ်ယန်သမ္မာကျမ်းစာမှ
ဖြစ်မည်ထင်သည်။ ကျွန်တော်ငယ်ငယ်က ခရစ်ယန်
ဘုရားကျောင်းကို အမြဲလိုလို သွားဖြစ်ပါသည်။ ထို့ကြောင့် ဤစကားကိုလည်း ရင်းနှီးခဲ့ရသည်။နောက်မှ ငယ်ဘဝအကြောင်းများကို ဆက်လက်ဖော်ပြ
ပေးပါမည်။ အခုတော့ကျွန်တော်
ထမင်းကြော်ဆက်ရောင်းရပါဦးမည်။
သို့သော် ရှေ့မှာ ပြောခဲ့သလို့ ကံဆိုးသူမောင်ရှင်နောက်
ကိုဗစ်က လိုက်လာသည်။ ဖြစ်ပုံမှာ သည်လိုပါ။
ဒီကနေ့သည် ကျွန်တော်တို့ စျေးသည်အခေါ်
စျေးကြီးနေ့ ဖြစ်ပါသည်။ အဘယ့်ကြောင့်စျေးကြီးနေ့
ဟုခေါ်သနည်းဆိုလျှင် လူစည်ကားသောကြောင့်ဖြစ်
ပါသည်။ အဘယ့်ကြောင့် လူစည်းကားသနည်းဆိုလျှင်
တစ်ပက်မှတစ်ခါသာ မန္တလေးမှ အဝတ်အထည် လေဘေးစျေးသည်များ လာရောက်ရောင်းချသော
ကြောင့် အနီးနားမှ ရွာငယ်လေးများက ဤအနီးစခန်း
စျေးသို့ လေဘေးလာတိုးကာ အလုရက်ဝယ်ကြသော
ကြောင့် ဤနေ့အား စျေးကြီးနေ့ဟု ခေါ်ဆိုရခြင်းဖြစ်
ပါသည်။ ဆိုသော် ကျွန်တော်ကတော့ မန္တလေးမှ
လေဘေးစျေးသည်များကို နေ့တိုင်းသာ လာစေချင်
ပါတော့သည်။ ဒီနေ့သည် စျေးကြီးနေ့ ဖြစ်လို့
လူအများစည်ကားကာ ကျွန်တော်၏ ထမင်းကြော်
လည်း ရောင်းကောင်းလျှက်ရှိပါသည်။ စျေးသည်တို့
သဘာဝ စျေးရောင်းကောင်းလို့ ပီတိလေးဖြာနေခိုက်
ဗြုန်းကနဲဆို လော်စပီကာသံကြားလိုက်ရ၍ အသက်
ရှူရပ်မတက်ဖြစ်သွားရသည်။(နဲနဲတော့ပိုသွားသည် ထင်သည် မတက်နိုင် လူဆိုတာကလည်း အကြီးကြီးချဲ့လိုက်ရမှ)။
အနီးစခန်းစျေးအတွင်းမှ
စျေးရောင်းချနေသော စျေးသည်များနှင့် စျေးဝယ်များရှင့်... စည်းကမ်းလိုက်နာခြင်း မရှိသော
အဝေးမှ ကိုဗစ်ဖြစ်ပွားရာဒေသ
မန္တလေးမှ လာရောက်ရောင်းချသော စျေးသည်များ
ကြောင့် ကျွန်မတို့၏ အနီးစခန်းစျေးကို ယခုချိန်မှ
စတင်၍ ယာယီပိတ်သိမ်းလိုက်ပြီဖြစ်သောကြောင့်
စျေးဝယ်များ ချက်ခြင်းစျေးအပြင်ကို ထွက်ပေးကြပါ
ရန် မေတ္တာရပ်ခံအပ်ပါတယ်...
ဤစကားကို အထပ်ထပ် ၅ ခေါက်လောက်ပြောကြား
လိုက်ချိန်တွေ စျေးတစ်ခုလုံးပွက်လောရိုက်ကုန်
ပါတော့သည်။ ကြားရသည်တော့ မနေ့ကတည်းက
မန္တလေးမှ စျေးသည်များကို မလာရောက်ကြဖို့ အကြောင်းကြားထားကြောင်း။ ဒီနေ့မနက် လေးနာရီ
ကတည်းက ထိုမန္တလေး စျေးသည်များမှာ လာရောက်
စျေးခင်းကြပါသည်။ တာဝန်ရှိသူများက ဘယ်လိုပင်
ပြောစောကာမူ မရသောကြောင့် ယခုလို စျေးပိတ်သိမ်းရတာဖြစ်ကြောင်း တစ်ရောက်တစ်မျိုး
ပြောကြသည်။ တစ်ချို့ကလည်း မန္တလေးမှ စျေးသည်
များက စျေးတစ်ခုလုံးပိတ်မှ သူတို့လည်း ပြန်နိုင်မည်ဆိုသောကြောင့် ယခုလို စျေးကိုပိတ်လိုက်ရ
တာဖြစ်ကြောင်း မရိုးနိုင်အောင် ပြောကြပါတော့သည်။
အေးပေါ့... မန္တလေးစျေးချိုတောင် ပိုးတွေ့လို့ပိတ်ထား
ရတာ အခုသူတို့က ဒီလာရောင်းကြတာဆိုတော့
ပိုးတွေကူးကုန်မှာပေါ့။ အမျိုးမျိုးအဖုံဖုံပင်
ပြေကြဆိုကြနှင့် မိမိတို့ခင်းကျင်းထားသော အသီးအနှံများ၊ ကုန်ပစ္စည်းများကို ပြန်သိမ်းကြသည်။
ဖြစ်ပုံကတော့ ဤကဲ့သို့ဖြစ်သည်။ ထမင်းကြော်သည်လေး ကျွန်တော်သည်လည်း
ငိုရမလို ရယ်ရမလို ဖြစ်မိပါသည်။ ကိုဗစ်၏ ပထမ
လှိုင်းတုန်းက စျေးပိတ်သည်အထိ မဖြစ်ခဲ့ပါ။ ဘေးနားမှ စျေးသည်အမကြီးပြောပုံမှာ
ဒီနေ့စျေးရောင်းရတာကလည်း ဂျပန်ခေတ် လင်ငယ်
နေရတဲ့အတိုင်းပဲ ဘာမှန်းကိုမသိဘူး။ ပြာယာတွေကို
ခက်နေတာပဲ။ စျေးရောင်းစားလာတာ အနှစ်၂၀
ကျော်ပြီ စျေးပိတ်သိမ်းတာ တစ်ခါမှ မကြုံခဲ့ဖူးဘူး။
အခု ဖေလူးမ ကိုဗစ်ကြောင့် ထမင်းငက်တော့မှာပဲ...
ဟူ၍ဖြစ်သည်။
ကိုကိုမိုးဟိန်း
kokomoehein