ကိုဗစ်နှင့် နတ်မြွေ
အမှန်ဆိုလျှင် နတ်မြွေက
ကိုဗစ်နှင့် တွဲစရာအကြောင်းမရှိပါ။ အခုတော့
သူ့ဖာသာသူနေသည့် နတ်မြွေလည်း ကိုဗစ်ကြောင့်
မနေနိုင်တော့ပေ။
ပြင်ဦးလွင်က ဓာတ်တော်ချိုင့်
ရေတံခွန်ကို အားလုံးသိပြီးကြလိမ့်မယ်လို့ထင်ပါ
သည်။ သို့ပေသိ ထိုဓာတ်တော်ချိုင့်ရေတံခွန်
အကြောင်းကိုတော့ ပြည့်ပြည့်စုံစုံသိကြမည်
မဟုတ်ပါ။ ဓာတ်တော်ချိုင့် ရေတံခွန်သည် နတ်ကြီး
ပါသည်။ ကျွန်တော်ငယ်ငယ်က ကြားဖူးတာကတော့
ရေတံခွန်အောက်ထဲတွင် နတ်နဂါးရှိသည်ဟု
ကြားသိခဲ့ရဖူးသည်။ ဟိုးယခင်က ရေတံခွန်တွင် စျေးရောင်းကြသည့် စျေးသည်အနည်းငယ်သာ
ရှိသည်။ အဘယ့်ကြောင့်ဆိုသော် လမ်းကြမ်း၍
ခရီးဝေးသောကြောင့်ဖြစ်သည်။ ဟိုးယခင် စျေး
သည်များ ပြောကြသည်မှာ လပြည့်နှင့်လကွယ်
ညများတွင် ရေပေါ်သို့ နဂါးပေါ်တက်သည်ဟု
ပြောကြသည်။ ယုံတမ်းစကားလား၊ တကယ်လား
ဆိုတာကတော့ ကျွန်တော်လည်း ကိုယ်တိုင်မကြုံ
ဖူး၍ အတက်မပြောနိုင်ပါ။ သို့သော် ငယ်ငယ်က
ထိုဓာတ်တော်ချိုင့် ရေတံခွန်ထဲသို့ ထင်းရှာ၊ မိုရှာ၊
မြစ်ရှာ သွားလေ့ရှိသောကြောင့် တောနက်သည်။
ဂူပေါသည်ကိုတော့ အတက်ပြောနိုင်သည်။
တစ်နှစ်တစ်ခါ လူစားသည်ဟုလည်း ဓာတ်တော်ချိုင့်
ရေတံခွန်သည် နာမည်ကြီးသည်။ တစ်ခါကဖြစ်
သည်။ ခုနှစ်ကိုတော့မမှတ်မိတော့ပေ။ သင်ကြန် အခါသမယတွင် ရေတံခွန်သို့ အလည်လာကြသော
တရုတ်လူမျိုး သူငယ်ချင်းတသိုက်သည် ရေတံခွန်အနီးတွင် ရှိသော နဂါးရုပ်တုကို နှုတ်ခမ်းနီဆိုးပေးကာအရက်တိုက်ကြသောကြောင့် ရေနစ်သေဆုံးကြလေသည်။ အဲ့ဒီလိုပဲ ကျောင်းသား
လူငယ်တစ်သိုက်သည်လည်း ရေကစားလာရာတွင်
အမဲသားကို ယူဆောင်ကာ စားသောက်ကြသော
ကြောင့် အပြန်လမ်းခရီးတွင် ပဒူကိုက်ပြီး ဆေးရုံး
တက်ကြရသည်အထိဖြစ်ကြသည်။ သည်ထက်ဆိုး
သည်မှာ မိမိကိုယ်ကို ကြိုးဆွဲချသေသည် ဟုလည်း
ကြားသိရဖူးသည်။ ဤကဲ့သို့
နတ်ကြီးသော ဓာတ်တော်ချိုင့် ရေတံခွန်
ဖြစ်လေသည်။
ဆိုစေတော့ ဓာတ်တော်ချိုင့်ရေတံခွန်အကြောင်း
ကို ပြောရလျှင် စာရှည်သွားပေမည်စိုးသော
ကြောင့် ဆောင်းပါးခေါင်းစဥ်ကို ဆက်ပါရစေ။ ကိုဗစ်နှင့် နတ်မြွေတွေ့ကြပုံက သည်လိုပါ။
အရင်တစ်ပက်ကလောက်ဖြစ်သည်။ ဓာတ်တော်ချိုင့်
ရေတံခွန်ထိပ် အနီးတွင် ကြက်ခြံရှိလေသည်။
ဆိုတော့ သူရို့ပြောပုံအရ (သူတို့အစား သူရို့ကို
သုံးထားသည် စကားပြောပုံကို လိုက်၍သုံးသည်)
ဓာတ်တော်ချိုင့်ထဲမှ မြွေကြီးတစ်ကောင်သည်
ထိုမွေးထားသော ကြက်များကို လာ၍စားသောက်
လေ့ရှိသည်။ ကြာတော့ ကြက်ခြံပိုင်ရှင်က မခံနိုင်
တော့၍ အနီးနားမှ နွယ်နင်းရွားသားထဲမှ လက်ရဲ
ဇာက်ရဲရှိသော(အသုံးမှန်မသိပါ) ရွာသားတစ်ယောက် ကိုခေါ်ကာ ထိုမြွေကြီးကို
အသတ်ခိုင်းလေသည်။ ရွာသားကလည်း ထိုမြွေကို
သတ်ကာ ရွာသို့ယူပြီး ကာလသားတစ်သိုက်နှင့် ချက်စားပစ်လိုက်သည်ဟုဆိုသည်။ ဤသည်မှာ
မြွေကိစ္စဖြစ်သည်။
ကိုဗစ်နှင့်ပေါင်းမှ ထိုမြွေသည် နတ်မြွေဖြစ်သွား
တော့သည်။ ရန်ကုန်မှ ပြန်လာသော ပန်းတင်ပို့
ကုန်တင်ရင်မှ စပယ်ယာလူငယ်ကလေးမှစတင်၍
ကိုဗစ်(Covid-19) ရောဂါဖြစ်ပွားရာ တစ်ရွာလုံး ဒုက္ခရောက်ကြရသည်။ ဤသည်အထိ ပြဿနာက
မရှိသေးပါ။ သတင်းတစ်ခုက ပျံ့လာသည်။
ဂျင်ဂနိုင်ဘုန်းကြီးကျောင်းမှ ဘုန်းကြီးဆီသို့
နတ်မြွေကြီးက အိမ်မက်ပေးသည်ဟု ဆိုသည်။
နွယ်နင်းရွာက ရွာသားတွေ ငါ့ကိုသတ်စားတာ
မကျေနပ်ဘူး။ တစ်ရွာလုံးကို ပြာကျပစ်အောင်
လုပ်မည်ဟု နတ်မြွေကပြောသည်။
ဆိုတော့ တစ်ရွာလုံးက ကြောက်ကုန်ကြသည်။
ဆောက်တည်ရာ မရဖြစ်ကုန်ကြသည်။ ဒါနှင့်
ဂျင်ဂနိုင်ဘုန်းကြီးဆီသွား၍ မည်သို့ပဲ တောင်းပန်
ရ၊ တောင်းပန်ရ ဘာပဲလုပ်ပေးရ၊ လုပ်ပေးရ
လုပ်ပေးပါမည်ဆိုတဲ့အကြောင်း နတ်မြေကြီးကို
အိမ်မက်ကနေ ပြန်ပြီး ပြောပေးပါဟု
လျှောက်ကြသည်။ ဘုန်းကြီးကလည်း ပြောပေးသည်။ သို့သော် ထိုနတ်မြွေကြီးက
လက်မခံကြောင်း တစ်ရွာလုံးကို ပြာကျအောင်
လုပ်ရမှ ကျေနပ်မှာဟု ဆိုလေသည်။ ရွာသူ၊ ရွာသား
များလည်း ကြောက်လန့်ကုန်ကြတော့သည်။ ကိုဗစ်နှင့် နတ်မြွေသည် အဲ့သည်မှာ စတွေ့လေတော့သည်။
ဤ ကိုဗစ်နှင့် နတ်မြွေသတင်းကတော့ ပြင်ဦးလွင်
အနီးစခန်းတစ်ဝိုက်တွင် ခေတ်စားနေလေသည်။
လူတိုင်းပါးစပ်ဖျားတွင် ရောက်နေပေသည်။
စာဖတ်သူများရော မည်ကဲ့သို့ မှတ်ချက်ပေးကြ
မည်နည်း။ ကျွန်တော်ကတော့ မယုံပေ။ ထိုနတ်မြွေ
သည် အမှန်ဆိုလျှင် သူ့ကိုသတ်စားကြသူများကို
သာ ပြန်ပြီးလက်စားချေပေါ့။ ကိုဗစ်ကတော့
အမှန်ပင်။ သူ့ကို မလေးမစားလုပ်လျှင်
ပြန်ပြီးလက်စားချေတက်တာကတော့ မည်သူ
တစ်ဦးတစ်ယောက်မျှ ငြင်းနိုင်လိမ့်မည်မဟုတ်ပါ။
ဤသည်မှာ ကိုဗစ်နှင့် နတ်မြွေပြီး၏...
ကိုကိုမိုးဟိန်း
KoKoMoeHein
စာကြွင်း... တစ်ခုရှိသည်မှာ သည်ဆောင်းပါးကို
ဖုန်းနဲ့ရေးအပြီး အိမ်အပြင် အထွက်မှာ တံခါးပေါက်
နှင့် ခြေခလုပ်တိုက်မိတော့ တွေးမိလိုက်တယ်။
အင်း.... နတ်မြွေတော့ အစွမ်းပြလေပြီ။