ကိုဗစ်နှင့် အလုပ်

ကိုဗစ်နှင့် အလုပ် မေလ ၁၆ ရက်မှ စတင်ကာ အလုပ်ဆင်းရမည်ဖြစ်သောကြောင့် မေလ ၁၅ ရက်တည်းက မန်းလေးသို့ ပြ...

5 years ago, comments: 4, votes: 14, reward: $0.31

IMG20200513132311.jpg

ကိုဗစ်နှင့် အလုပ်

မေလ ၁၆ ရက်မှ စတင်ကာ အလုပ်ဆင်းရမည်ဖြစ်သောကြောင့်
မေလ ၁၅ ရက်တည်းက မန်းလေးသို့ ပြန်လာခဲ့သည်။ ၂၁မိုင်
ကျော်ကာ အုန်းချော ရောက်သည်နှင့် ငရဲတွင်းထဲသို့ ခုန်ဆင်း
လိုက်သကဲ့သို့ လေပူပူကြီးများက မျက်နှာကို လာဟက်သည်။
မန္တလေး နွေ ပူလိုက်ပုံကတော့ Covid ကိုပါ မေ့သွားစေနိုင်
သည်။ ထို့ကြောင့်ထင်သည် လူတစ်ချို့ Msak တပ်ဆင်ထား
ခြင်းမရှိကြပါ။ ရာသီဥုတုက ပူရသည့်အထဲ ဝမ်းတစ်ထွာတွက်
နေပူထဲ လုပ်ကိုင်နေရပါသည်ဆိုမှ သည် Mask ကြီးတွေ မျက်နှာ
အုပ်ထားတော့ ဘယ်လိုလုပ် နေနိုင်ပါတော့မလဲ။

မေလ ၁၆ရက် ၈နာရီတွင် အလုပ်စဝင်တော့ အရင်လုပ်နေ ကျအတိုင်းမဟုတ်တော့ပေ။ နဖူးကို သေနက်နဲ့ ချိန်ပြီး ပစ်သည်။ အပူချိန်တိုင်း။ပြီးလျှင်လက်ဆေးရသည်။ Mask တပ်ရသည်။ လက်အိပ်စွပ်ရသည်။ Msak ၊ လက်အိပ်နှင့် အလုပ်လုပ်ရသည်
မှာ စိတ်ထဲတွင် ကသိကအောက် ဖြစ်မိသည်မှာ အမှန်။ စစခြင်းမို့
အစိမ်းသက်သက်ဖြစ်နေလို့ထင်သည်။ ဘာပဲဖြစ်ဖြစ် Covid-19
အလွန်တွင် ပြောင်းလဲလာမည့် နေထိုင်မှု၊ လုပ်ကိုင်မှုတွေ ပဲ
ဖြစ်သည်။ အကယ်၍ အလုပ်ထဲတွင် ရုတ်တရက် နေမကောင်း
ဖြစ်လာပါက သီးသန့် သတ်မှတ်ထားသော ကွာလတင်း ဆောင်သို့
ခေတ္တ ယာယီပို့ဆောင်ပေးမည်ဖြစ်ပြီး။ ဆေးရုံဆေးခန်းသို့ ပို့ပေးမည်
ဖြစ်သည်။

ပိုးသတ်ဆေးများနှင့် မကြာခန လက်ကိုဖြစ်စေ၊ မိမိကိုင်တွယ်အသုံး
ပြုရာ ကရိယာများကိုဖြစ်စေ မကြာခန ဆေးကြောသန့်စင်ရသည်။
အလုပ်ပိုလာသည်ဆိုပေမဲ့ မဖြစ်မနေ လုပ်ဆောင်ကြရပါသည်။
အကောင်းဖက်ကတွေးကြည့်မည်ဆိုလျှင် ကိုဗစ်သည် လူသားတွေ
ကို သင်ခန်းစာ ကောင်းကောင်းလေးပေးသွားပါသည်။ ကျန်းမာရေး
အတွက် အထူးဂရုစိုက်တက်လာအောင်၊ လူသား အချင်းချင်း နွေးထွေးသော ဆက်ဆံရေးများကို တန်ဖိုးထားတက်လာအောင်
သင်ကြားပေးသွားသည်။ ကိုဗစ်ကတော့ အကောင်းရော အဆိုးရော
နှစ်ခုလုံးကို သင်ကြားပြသပေးသွားသည်။ အကောင်းကိုရွေးယူမလား
အဆိုးကိုပဲအပြစ်တင်မလားဆိုသည်ကတော့
မိမိ၏ ရွေးချယ်မှုသာ ဖြစ်သည်။

ကိုကိုမိုးဟိန်း
@myanmarkoko