ကိုဗစ်သတင်း
နေ့တိုင်းသင်းမွှေး
မကောင်းသူပယ်
ကောင်းသူကယ်ဟဲ့
ဘယ်သူ ဤခါသေချင်မှာ...။
ကိုဗစ်အမုန်း
လူတို့ပုန်းလည်း
မျက်နှာမဖုံး
လက်မဆေးလျှင်
ကိုဗစ်ကျိန်စာ သင့်မည်သာ...။
မိမိကိုယ်ကို
ကာကွယ်လိုသော်
ထုတ်ပြန်စည်းကမ်း
နည်းလမ်းများကို
လိုက်နာကျင့်ခါ ဘေးရန်ကာ...။
ကိုကိုမိုးဟိန်း
KoKoMoeHein