ကနှုတ်ပင်လား

ဒီနေ့တော့ ပြီးခဲ့တဲ့ တစ်ပက်က ကျွန်တော့်ရဲ့ နယ်မြို့ကိုပြန်တုန်းက ရိုက်ယူခဲ့တဲ့ပုံလေးတွေကို မျှဝေပေးချင်ပါတယ်။ မျှဝေပေးချင်းတာကတော့ အပင်ငယ်မျိုးပါ။ ဘာပင်လဲဆိုတာတော့ ကျွန်တော်မသိပါ။ ထူးဆန်းတာက အပင်ရဲ့ အရွက်တွေက ကနုတ်ပုံစံမျိုးဖြစ်...

5 years ago, comments: 6, votes: 9, reward: $0.27

ဒီနေ့တော့ ပြီးခဲ့တဲ့ တစ်ပက်က ကျွန်တော့်ရဲ့ နယ်မြို့ကိုပြန်တုန်းက ရိုက်ယူခဲ့တဲ့ပုံလေးတွေကို မျှဝေပေးချင်ပါတယ်။

မျှဝေပေးချင်းတာကတော့ အပင်ငယ်မျိုးပါ။ ဘာပင်လဲဆိုတာတော့ ကျွန်တော်မသိပါ။
ထူးဆန်းတာက အပင်ရဲ့ အရွက်တွေက ကနုတ်ပုံစံမျိုးဖြစ်နေပြီး ထူးဆန်းနေပါတယ်။
အောက်ပါပုံကို ကြည့်ပြီး အကဲဖြတ်ပေးကြပါဦး။

aijg3c.jpg

အရွက်ကတော့ တကယ်ကို ကနုတ်တိုင်းပဲဗျ။ ဒါနဲ့ကျွန်တော်လည်း Hive ပေါ်က
မိတ်ဆွေများ အသိတိုးပွား ခေါင်းခြောက်ရအောင် ချလက်ဆိုပြီး ဓာတ်ပုံလေးရိုက်။
ဟော...ပြီးရင် ခုလိုလေး ပိုစ့်တင်တော့တာပေါ့။

3iqlbb.jpg

အယ်... ဒီလိုနဲ့ အပင်ကို စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးတော့မှပဲ။ မူလသဘောတရား
ကို မြင်တော့တယ်ဗျ။ သတိမမူ ဂူမမြင်ဆိုသလိုပဲ သတိနဲ့သာ သေသေချာချာမကြည့်
ဘူးဆိုရင် ဒီအပင်ရဲ့အရွက်တွေဟာ နဂိုမူလအတိုင်း ကနုတ်ပုံစံအတိုင်းဖြစ်တာလို့
မိတ်ဆွေတို့ ထင်ကောင်းထင်သွားနိုင်ပါတယ်။ တကယ်တော့ ဒီအပင်ရဲ့ မူလအရွက်ပုံက ကနှုတ်ပုံမဟုတ်ပါဘူးဗျ။ ပြားပြားရှည်ရှည်ကြီးသာဖြစ်ပါတယ်။

s833aj.jpg

ဒီလောက်ဆို မိတ်ဆွေတို့ ဘာကြောင့် ဒီအရွက်တွေဟာ ကနုတ်ပုံစံဖြစ်နေကြသလဲဆို
တာကို ခန့်မှန်းမိကြပြီလိုထင်ပါတယ်။ ဟုတ်ပါတယ် တကယ်တော့ ဒီအရွက်တွေဟာ
ပိုးကောင်တွေရဲ့ စားသောက်ခြင်းကို ခံရသောကြောင့် ယခုလို ကနုတ်ပုံစံမျိုးဖြစ်သွား
ရတာပါ။ ထူးဆန်းတာ တစ်ခုက ဒီပိုးကောင်တွေဟာ ဘာကြောင့် ဒီလိုမျိုး ပုံစံတူဖြစ်
အောင် အရွက်တွေအားလုံးကို စားသောက်ကြတာလဲ ဆိုတာပဲဖြစ်ပါတယ်။
ကျွန်တော်ဟာ သုသေသန ပညာရှင်မဟုတ်လေတော့ ဒီပိုးကောင်းတွေရရဲ့ လုပ်ဆောင်ပုံကို နားမလည်နိုင် ဖြစ်မိပါတယ်။ အဖြေကို တိတိကျကျ စုံစမ်းဖော်ထုတ်
ချင်သော်ငြားလည်း မတက်နိုင်ပါ။ ဒီအကြောင်းကို လေ့လာဖို့ဆိုရင်လည်း အချိန်တွေ
ငွေတွေ ကုန်ကျမယ်။ နေ့တိုင်း မှတ်တမ်းတင်ရမယ်။ အလုပ်တွေရှုပ်မယ်။ Hive
ပေါ်တင်ရင်ပြန်လည်း မြန်မာစာဖြစ်တာကတစ်ကြောင်း၊ နည်းပညာပိုင်း အားနည်းတာက
တစ်ကြောင်း။ အင်္ဂလိပ်မကျွမ်းကျင်တာက တစ်ကြောင်း စတဲ့စတဲ့ အကြောင်းပြချက်များကြောင့် ဒီကနုတ်ပင်ကို လေ့လာပြီး သုသေသနပြုဖို့
လက်လျော့လိုက်ရပါတော့သတည်း...

03lcaa.jpg

wrookx.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko