ကမ္ဘာမကြေဘူး...

ကမ္ဘာမကြေဘူး၊ ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတေး၊ တော်လှန်ရေး၊ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်၊ ကမ္ဘာမကြေဘူး ၊ ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မေ...

5 years ago, comments: 0, votes: 4, reward: $0.00

ကမ္ဘာမကြေဘူး၊ ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့
မော်ကွန်းတေး၊ တော်လှန်ရေး၊
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော်... သူရဲကောင်းတို့ရေ...

အာဇာနည်တွေ နေတဲ့တိုင်းပြည်၊
ကမ္ဘာမကြေဘူး ၊ ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့
မော်ကွန်းတေး၊ တော်လှန်ရေး၊
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော်... သူရဲကောင်းတို့ရေ...

အာဇာနည်တွေ နေတဲ့တိုင်းပြည်၊
ရဲရဲတောက် တို့ပြည်သူတွေ...

ကိုယ်တော်မှိုင်း၊ ရာဇဝင်တွေလဲ ရိုင်းခဲ့ရပြီ
အဖိုးရေ...၊ သခင်အောင်ဆန်း
နိုင်ငံတော်လဲ သွေးစွန်းခဲ့ပြီ အဖရေ...
သြော်... လုပ်ရက်ကြပေ...။

ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ
ကိုယ်တော်မှိုင်း ရာဇဝင်တွေလဲ ရိုင်းခဲ့ရပြီ
အဖိုးရေ...၊ သခင်အောင်ဆန်း
နိုင်ငံတော်လဲ သွေးစွန်းခဲ့ပြီ အဖရေ...
သြော်... လုပ်ရက်ကြပေ...။

ညီအကိုတို့ ပေတရပေါ်မှာ စီးတဲ့သွေးတွေ
မခြောက်သေးဘူး။ မတွေဝေနဲ့ ၊

ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ
အတုန်းရုန်း လှဲပြိုကာနေ...။
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော်... သူရဲကောင်းတို့လို...

ခိုင်မာပီပြင် တော်လှန်ပစ်မလေ၊
ညီအကိုတို့ ပေတရပေါ်မှာ စီးတဲ့သွေးတွေ
မခြောက်သေးဘူး။ မတွေဝေနဲ့၊
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော်... သူရဲကောင်းတို့လို...။

ခိုင်မာပီပြင် တော်လှန်ပစ်မလေ၊
မျိုးချစ်တဲ့ တို့ဇာနည်တွေ...

ကမ္ဘာမကြေဘူး...

img_0.22861129589314721.jpg
Photo credited

ဒီသီချင်းနားထောင်ပြီး ကြက်သိမ်းမွေးညင်း
တဖျင်းဖျင်းထသွားတယ်။
ရင်ထဲမှာ စို့နင့်သွားတယ်။ သူတို့ရဲ့
ရဲရဲတောက် စိတ်ဓာတ်နဲ့
စစ်အာဏာရှင် တော်လှန်ရေးကို တက်အားသလောက်
ပါဝင်ခဲ့ကြတယ်။
မိမိအသက်ကိုတောင် ပဓာန မထားပဲ
စွန့်လွတ်ရဲတဲ့သူတွေ...
ကျွန်တော့်ရဲ့အသွေးသားထဲက ထိုသူတွေကို
အနိုင်းမဲ့လေးစားကြည်ညို ဂုဏ်ပြုမိပါတယ်။
အခုတော့... ကျွန်တော်ကိုယ်တိုင် ပါဝင်နိုင်ဖို့
သမိုင်းကဖန်လာပါပြီ။ စစ်အာဏာရှင် တော်လှန်ရေးကြီး
ပါဝင်ခွင့်ရပြီ...
မတရားမှုကို တွန်းလှန်ဖို့ အမေ့ဆီက သတ္တိတွေ
ကျွန်တော့်ကိုယ်ထဲမှာ စီးဝင်နေပြီ အမေ...

@myanmarkoko

05.Feb.21