Kiss me quick

ဒီပန်းကိုမြင်ဖူးပေမဲ့ အမှတ်မဲ့ပါပဲ. ဒီမနက် လမ်းထိပ်ထွက်တော့ အိမ်တစ်အိမ်ရှေ့မှာ ဒီပန်းတွေဖူးပွင့်ဝေဆာ နေတာမြင်တာနဲ့ Hive blog မှာ share အုံးမှဆိုပြီးအတွေးဝင်လို့ ဓာ...

5 years ago, comments: 2, votes: 16, reward: $0.08

79bfc3.jpg

ဒီပန်းကိုမြင်ဖူးပေမဲ့ အမှတ်မဲ့ပါပဲ. ဒီမနက် လမ်းထိပ်ထွက်တော့
အိမ်တစ်အိမ်ရှေ့မှာ ဒီပန်းတွေဖူးပွင့်ဝေဆာ နေတာမြင်တာနဲ့ Hive blog မှာ share အုံးမှဆိုပြီးအတွေးဝင်လို့ ဓာတ်ဖမ်းခဲ့သည်ပေါ့။

ဓာတ်ပုံတော့ရိုက်ခဲ့ပြီး အိမ်ပြန်ရောက်လို့ Hive ပေါ်တင်မယ်
ဆိုတော့ ပန်းနာမည်ကမေ့နေတယ်။ ဒါနဲ့အမက Kiss me ပန်းလေလို့ပြောမှ ပြန်မှတ်မိပါတော့တယ်။ပန်းနာမည်နဲ့ ဒီတိုင်းတင်ပြန်တော့လဲ အရမ်းရိုးရှင်းနေမှာမို့ Google ထဲဝင်မွှေရပြန်ပါတယ်။ တော်တော်များများက အင်္ဂလိပ်လိုဆိုတော့ သိပ်နားမလည်ဘူး။ အချိန်တော်ကြာလေး ရှာကြည့်လိုက်မှ မြန်မာလိုဒီပန်းအကြောင်း တင်ထားတာတွေ့ရပါတယ်။ ဒီပန်းရဲ့ မူရင်းနာမည်က Crown of Thorns တဲ့၊ Kiss me quick ဆိုပြီးဘယ်သူက စခေါ်ခဲ့လည်းတော့မသိရပါ။ ဒီပန်းက ရောင်စုံရှိတယ်တဲ့ အနီနဲ့အဖြူစပ်ကြားရောင်၊ မိပ်ကပ်ရောင်၊ ဖတ်ဖူးစိမ်းရောင်၊ အဝါရောင် စသဖြင့် စုံလို့ပါပဲတဲ့ဗျာ။ ဒီပန်းရဲ့ အစေးက အဆိပ်နဲနဲရှိတယ်။ မျက်လုံးနဲ့ အသားရေပေါ်ထိမိရင် ယားယံတာတွေ ဖြစ်တက်ပါတယ်တဲ့။

ဒီပန်းအကြောင်းကို ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ ဖတ်ချင်တယ်ဆိုရင် အောက်က မူရင်း
တင်သူရဲ့ပိုစ့်ကို ဖတ်ကြည့်ပါလေ...
https://m.facebook.com/permalink.php?story_fbid=1055112154659818&id=360042720833435

ကဲဒီပန်းလေးကိုမြင်ပြီး နမ်းချင်စိတ်တွေ... အဲမဟုတ်ပါဘူး။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေဗျာ။😁

qymxnn.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး

@myanmarkoko