ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်
အပိုင်း - ၁ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၂ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၃ အားဤနေရာအားနှိပြီးဖတ်ရန်
အပိုင်း - ၄ အားဤနေရာအားနှိပြီးဖတ်ရန်
အပိုင်း - ၅ အားဤနေရာအားနှိပြီးဖတ်ရန်
အပိုင်း - ၆ အားဤနေရာအားနှိပြီးဖတ်ရန်
ဤဝတ္ထုတိုလေးအား မိမိ၏တွေ့ကြုံခံစားခဲ့ရသော ခံစားချက်များနှင့် ပေါင်းစပ်၍ ရေးသားထားခြင်းဖြစ်ပါသည်။
စာရေးဆရာမဟုတ်၍ အဆင်မချောသည်များရှိပါက သည်းခံပေးကြပါဗျာ...
------------------------×××--------------------------------
အပိုင်း - ၇
ဘာလိုလိုနဲ့ ချောနှင့်ကျော်ရဲနှောင် တို့ရဲ့ ချစ်သူသက်တန်း တစ်နှစ်ပြည့်ခဲ့လေပြီ။ တစ်နှစ်ဆိုတဲ့ အတိုင်းတာမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ ယုံကြည်မှု တွေကို အဆင်မပြေမှုတွေကြားက တည်ဆောက်ခဲ့ကြရသည်။ တစ်ယောက်ကတင်းရင် တစ်ယောက်က လျော့ပေးတက်သလို၊ တစ်ယောက်ဝမ်းနည်းနေရင် တစ်ယောက်က အားပေးနှစ်သိမ့်တက်စမြဲပင်။
" မောင်... ရေခဲမုန့်စားချင်လိုက်တာ "
" ဟာ... မောင်က ရေခဲမုန့်စားရင် ချောင်းဆိုတယ်ချစ်ရဲ့ "
" မောင်ကလည်း ယောက်ျားလေးဖြစ်ပြီး နုလိုက်တာ "
ဟုတ်ပါသည်။ ကျော်ရဲနှောင်က အစပ်လည်းမစားနိုင်၊ အအေးလည်း သိပ်သောက်လို့မရ၊ ကျန်းမာရေး ကလည်းခြူခြာသည်။ နေမကောင်းဖြစ်တိုင်းလည်း ချောက ဆေးတိုက်ရ၊ ဆန်ပြုပ်လုပ်ပေးရနဲ့ တကယ့်လူကြီးလို၊ ခလေးဆန်ပေမဲ့ လူကြီးပုံစံလုပ်တော့ ကျော်ရဲနှောင်က သဘောကြစွာရယ်မိသည်။
အဲ့ဒီလို ရယ်တိုင်းလည်း ချောက မျက်စောင်းလှလှလေးတစ်ချက် ထိုးတက်စမြဲပင်။
ချောနဲ့ကျော်ရဲနှောင် အရာရာမှာ ဆန့်ကျင်ဘက်၊ တူညီတာဆိုလို့ ဂီတကိုနှစ်သက်မြတ်နိုးတက်ခြင်းတစ်ခုတာရှိသည်။ နှစ်ယောက်လုံးက သီချင်းအေးအေးလေးတွေကို ကြိုက်နှစ်သက်ကြသည်။ ချောက သီချင်းအေးအေးလေးတစ်ပုဒ်လောက် အသစ်ထွက်ပြီဆို အဲ့ဒီသီချင်းကို အထပ်ထပ်နားထောင်တက်လေ့ရှိသည်။
💘💘💘 ရင်မှာခံစားရတဲ့အဖြစ်ကို... မင်းကနားမလည်ဘူး...
ငါရဲ့ဒဏ်ရာတွေ ခုထိတိုင် ရင်ထဲမှာ မကျက်သေးဘူး...
ချိုသာတဲ့ စကားလေးများစွာ ပြောသမျှအဟုတ်ထင်ခဲ့...
အခုတော့မှန်ရာကို မှားတယ်... ထင်လာပြီမို့... မြင်လာပြီမို့... ငါအဝေးဆုံးကိုထွက်သွားလိုက်မှာပါ... 💘💘💘
အိုင်းရစ်ဇင်မာမြင့်ရဲ့ ဆွေးမြေ့မြေ့ အသံနဲ့ဆိုထားတဲ့ နှလုံးသားအရင်းနှီး သီချင်းကိုနားထောင်ပြီးချောက
" မောင်ဒီသီချင်းထဲက ကောင်မလေးက အရမ်းသနားဖို့ကောင်းတာပဲ၊
ချစ်သာ သူ့နေရာမှာဆို အဲ့ဒီထားသွားတဲ့ကောင်ကို လိုက်သတ်မှာ"
" ဗုဒ္ဓော... "(ကျော်ရဲနှောင် ဘုရား တမိသွားသည်)
" ဟုတ်တယ်လေ... ခုလိုကောင်မလေးကို မျော်လင့်ချက်တွေပေးပြီး ထားသွားတဲ့ လူကို ပေးဖို့အထိုက်တန်ဆုံး၊ ပြစ်ဒဏ်က သေဒဏ်ပဲ... " (ချောက ခပ်မာမာပြောသည်)
" မောင်တောင်ကြောက်လာပြီ... "
" တစ်နေ့ မောင်လည်း ချစ်ကိုထားခဲ့ရင် ချစ်ကမောင့်ကို မြေလှန်ရှာပြီး လိုက်သက်မှာ... "
" ထားခဲ့စရာလားချောရဲ့... မောင်ချစ်ကိုထားခဲ့ဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး၊ တွေးမှာလည်းမဟုတ်ဘူး ။
ကဲပါ.... ခုလိုနှစ်ယောက်ဆုံချိန်မှာ စိတ်မကောင်းစရာတွေ မတွေးနဲ့တော့။ မောင့်တို့ရဲ့ ကြည်းနူးစရာ ကောင်းတဲ့အချိန်တွေကို စိတ်ညစ်စရာတွေတွက် ခွဲမပေးနိုင်ဘူး။ "
" အင်းပါမောင်ရယ်... ချစ်ကမောင့်ကိုယုံပြီးသားပါ"
" ဒါနဲ့ ဟိုတစ်နေ့က ချစ်အရမ်းကြိုက်တယ်ဆိုတဲ့ သီချင်းကို မောင်ကီးရှာထားပြီးပြီ...ချစ်ကအဲ့သီချင်းဆို မောင်က ဂစ်တာတီးပေးမယ်... "
" ချစ်ကအသံမှ မကောင်းတာ၊ မဆိုချင်ပါဘူး"
" ချစ်အသံက မဆိုးပါဘူး ၊ဆိုကြည့်ပါ မောင်နားထောင်ချင်လို့ "
" အဲဒါဆို ဆိုကြည့်မယ်၊ မောင်မလှောင်ရဘူးနော် "
" အင်းပါ မောင် intro တီးပြီးပေးမယ် ဆိုတော့နော် "
💖💖💖 သိပ်ချစ်ခဲ့တဲ့ မောင့်တစ်ယောက်ထဲသာ ကျွန်မဘဝပါပဲ.. အသိုင်းဝိုင်းများက ကန့်သက်နေကြလည်း...
အခက်ခဲများအားလုံးဖြတ်လျှောက်ကြမယ် မောင့်ရဲ့လက်ကိုတွဲ...
*အချစ်တစ်ခုထဲနဲ့ အားလုံးပြည်စုံတယ်...
ချောက သီချင်းကို ခံစားမှုအပြည့်နဲ့ ဆိုပေမဲ့ လိုအပ်တဲ့ ကီးကိုမရောက်ပေ။ ထို့ကြောင့် နားထောင်ရတာအဆင်မပြေ၊ ကလေးတွေ စာကြက်နေသလို အော်ဆိုနေ၍ ကျော်ရဲနှောင်က တားလိုက်သည်။
" ဟိုး ဟိုး ခန intro စပြီးဝင်ကတည်းက လိုအပ်တဲ့ကီးကို မရောက်ဘူး ချစ်ရဲ့ အသံကိုနှိမ့်ပြီး စွဲဆိုရတယ်၊ ပြန်ဆိုကြည့် "
(ချောက မျက်နှာလေးစူသွားကာ၊ နှုတ်ခမ်းစတ်ချက်တွန့်လိုက်ပြီး)
" ဟုတ်လား... အဲ့ဒါဆို ချောပြန်ဆိုကြည့်မယ်... ကဲပြန်တီး"
ချောက အစကပြန်ဆိုသည် ဘယ်လိုမှ အဆင်မပြေပေ။
" ဟိုးဟိုး " (ချောကသီချင်းဆိုကောင်းနေဆဲ ကျော်ရဲနှောင်က တားလိုက်သည်)
" ဘာဖြစ်ပြန်ပြီလဲ ချစ်မှ မဆိုတက်တဲ့ဟာကို... "
(ဒီတစ်ခါတော့ ချောမျက်နှာ လုံးဝပုပ်သိုးသွားသည်။ )
" ဘာမှမဖြစ်ပါဘူး ချောဆိုတာအရမ်းကောင်းလို့ အဲ့ဒါပြောမလို့ "
" လာပြီးလူကို မြှောက်မနေနဲ့၊ မောင့်ပါးစပ်ဟလိုက်တာနဲ့
ဗိုက်ထဲမှာ အူဘယ်နှစ်ခွေရှိလည်းဆိုတာချသ်သိတယ်... "
" တကယ်ပြောတာပါ ချောသီချင်းဆိုတာ အရမ်းနားထောင်လို့ကောင်းတယ် စိတ်ညစ်ဖို့၊ဟီးဟီး "
" မောင်နော် သူများသီချင်းမဆိုတက်တာကို လာလှောင်နေတယ်။
ရုပ်ကိုက အမြင်ကပ်စရာကြီး၊ တော်ပြီကွာ နောက်ဘယ်တော့မှ မဆိုပြတော့ဘူး "
ချောစိတ်ဆိုးသွားမှန်းသိ၍ ကျော်ရဲနှောင် မျက်နှာချိုတွေးကာ ပြန်ချော့ရသည်။
" မောင်ကစတာပါ ချစ်ရဲ့၊ စိတ်မဆိုးပါနဲ့ ချစ် လို့စတာကို "
(ပြောရင်း ချောရဲ့မေးစေ့လေးကို ကျော်ရဲနှောင်က လက်ဖြင့်တို့လိုက်သည်။ ချောကဘာမှပြန်မပြော၊ ခေါင်းကို တစ်ဘက်သို့လှည့်ထားသည်။ စိတ်ဆိုးအပြေသေးဘူးဆိုတဲ့သဘော)
ဘယ်လောက်ပဲပြန်ချော့ချော့ ချောကတုပ်တုပ်အလှုပ်၊ ကျော်ရဲနှောင် ရင်ပူသွားသည်၊ သူစတာလွန်သွားသလား။ ၅မိနစ်ရှိလေပြီ ဘယ်လောက်ပင် ပြန်ချော့ပေမဲ့ ချောက ဘာမှပြန်မပြော။
" မောင်တောင်ပန်းပါတယ်... "( ကျော်ရဲနှောင် လေးလေးနက်နက် တောင်းပန်လိုက်သည်၊ အသံက နဲနဲတုန်ကာ ငိုသံပါသွားသည်။ ငိုတော့မငိုပါ)
" ချောက စတာပါ မောင်ရဲ့ ဟီးဟီး "(ချောက ရုတ်တရက်လှည့်ပြီး ခလေးလေးလို ပြုံးဖြီးဖြီးနဲ့ပြောလိုက်သည်။ကျော်ရဲနှောင် ရဲ့ ညိုးငယ်သောမျက်နှာနှင့် ဝိုင်းနေသော မျက်ရည်တွေကို မြင်တော့ ချက်ချင်းဆိုသလို ချောရဲ့အပြုံးတို့ ပျောက်သွားသည်)
" မောင်ရယ်... ချောကစတာပါ၊ ချောစတာလွန်သွားတယ်၊
တောင်ပန်းတယ်နော်မောင်... "
ချောက ကျော်ရဲနှောင် ရဲ့ပါးနှစ်ဖက်ကို အသာလေးကိုင်ကာ အချစ်တို့နဲ့ စိုတောက်နေသော မျက်ဝန်းဖြင့်ကြည့်ကာ အနူးညွတ်တောင်းပန်လိုက်သည်။
" မောင်အကြောက်ဆုံးက ဘာလဲသိလား... ၊ ခုလိုမျိုး ဘာမှမပြောပဲ မောင့်နားက ချောထွက်သွားမှာကို မောင်အကြောက်ဆုံးပဲ၊ နောက်တစ်ခါ ဒီလိုမစပါနဲ့ မောင်ခံနိုင်ရည်မရှိလို့ပါ။ "
" မစတော့ပါဘူး မောင်ရဲ့... ချောကလည်းလေ ခုလိုမျိုး မောင့်မျက်နှာလေးညိုးငယ်နေရင် ချောရဲ့ ကမ္ဘာတစ်ခုလုံး ဖရိုဖရဲ
ဖြစ်သွားသလိုပဲ။ မောင်ဟာချောရဲ့ကမ္ဘာပဲ"
ဤကဲ့သို့ အချစ်ခြင်းပြိုင်နေကြသော ချစ်သူနှစ်ဦးရဲ့ ညနေခင်းဟာ
ဂုဏ်တွေ၊ ငွေတွေ၊ ပကာသနတွေ မရှိ။ စိမ်းစိုနေတဲ့ စပါးခင်းကြီးရယ်၊ ကက္ကိုပင်ကြီးရယ်၊ လေပြေအေးအေးလေးရယ်၊ တောင်တန်းကြီးတွေနဲ့ နေဝန်းနီနီ၊ တကယ့်ကို ရိုးရိုးလေးပါပဲ။
*သို့ပေမဲ့ အချစ်ရဲ့ အခြားတစ်ဖက်မှာ ပကာသနနဲ့ ဂုဏ်တွေ၊ ငွေတွေ
က ခြုံ ခိုပြီးတိုက်ခိုက်ဖို့ ချောင်းမြောင်းနေကြသည်ကိုတော့ သူတို့နှစ်ဦးမသိခဲ့ကြပေ..
------------------------×××--------------------------------
ဇာတ်သိမ်းဆက်ရန် >>>
ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်
Photos >>Pexels
ကိုကိုမိုးဟိန်း
သစ်အယ်သီး(chestnut)