ဤဝတ္ထုတိုလေးအား မိမိ၏တွေ့ကြုံခံစားခဲ့ရသော ခံစားချက်များနှင့် ပေါင်းစပ်၍ ရေးသားထားခြင်းဖြစ်ပါသည်။
စာရေးဆရာ မဟုတ်၍ အဆင်မချောသည်များရှိပါက သည်းခံပေးကြပါဗျာ...
တစ်ယောက်နှင့်တစ်ယောက် နားလည်မှု ၊ ယုံကြည်မှု ၊ ချစ်ခြင်းမေတ္တာတရား တို့ဖြင့် ထုံလွှမ်းခဲ့သော သူတို့၏ ချစ်ခြင်းသည်သူတို့နှစ်ကိုယ်စာအတွက် လုံလောက်ခဲ့သော်လည်း ဘဝနှစ်ခုကြားစည်းတစ်ခု ခြားနေခဲ့သည်ကို သူတို့မသိခဲ့ကြပေ။
..........................................
အပိုင်း - ၃
ကျော်ရဲနှောင် မန္တလေးမရောက်တာ တစ်နှစ်ကျော်သွားပြီဖြစ်သည်။
အရာအားလုံးဟာ ဘာမှထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိပေမဲ့
အသည်းကွဲဒဏ်ရာတစ်ခုကို ကုစားဖို့အတွက်တော့ လုံလောက်ခဲ့ပါ
သည်။သူမနှင့်ပက်သက်လာလျှင်မေ့မေ့ပျောက်ပျောက် ရှိခဲ့ပြီဖြစ်
သည်။ သို့သော် အမှတ်တမဲ့တိုက်ဆိုင်မှုရှိလာခဲ့လျှင်တော့ ဒဏ်ရာဟောင်းသို့ ပြန်ပေါ်လာတက်သည်။ အထူးသဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းအေးသော ဆောင်းညများတွင် ပိုပြီးသူမ
ကိုလွမ်းဆွတ်တမ်းတမိသည်။
ဦးလေးဖေလှ အသည်းသန် နေမကောင်းဖြစ်နေသောကြောင့် သတင်းမေးရန် မန္တလေးသို့ ကျော်ရဲနှောင် ရောက်လာခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်တော့ မန္တလေးကို ရာသက်ပန် ကျောခိုင်းဖို့ သူဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။ မန္တလေး မြို့ကြီးကို ကျော်ရဲနှောင်
ချစ်ပါသည် သို့သော် ချော၏ အငွေ့သက်တွေပြည့်နေတဲ့ ဒီမြို့က
သူ့ကိုနာကျင်စေသောကြောင့် မုန်းမိခဲ့ရသည်။ ဦးလေးဖေလှ အား လူမမာသတင်းမေးရင်း မန္တလေးရောက်နေတာတစ်ပက်ရှိပြီဖြစ်သည်။
ဒီနေ့တော့ ဦးလေးအိမ်မှာ နေရတာပျင်းတာနဲ့ စိတ်ပြေလက်ပျောက်
မနက်စာ စားဖို့ထွက်လာခဲ့ခြင်းဖြစ်သည်။ မနက်စာ ဘာစားရကောင်းနိုးနိုးနဲ့ မိမိသိသော ဆိုင်များကိုစဉ်းစားသည်။
စဉ်းစားလို့မရ။ ကျော်ရဲနှောင် စိတ်ထဲမှက်မိနေသော ထိုဆိုင်လေးကို
သွားဖို့ သတိရလိုက်သည်။ " မဖြစ်ဘူး... ချောနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ " ထို့ကြောင့် ထိုဆိုင်လေးအားမသွားဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော် ထိုဆိုင်မှလွဲ၍ တခြားဆိုင်များကိုလည်း
ကျော်ရဲနှောင် ကောင်းကောင်းမသိခြေ။" ဟာ... တွေ့တော့ဘာဖြစ်လဲ...ငါကအမှားလုပ်ထားတာမှ
မဟုတ်တာ ၊ ငါကဘာကိုကြောက်ရမှာလဲ ။ သူကသာ ငါနဲ့တွေ့ရင် ရှက်သင့်တာ "
ထိုကဲ့သို့ တွေးလိုက်ပြီး စိတ်ကိုတင်းကာ ထိုဆိုင်လေးဖြစ်သော
ယခု FOREVER ဆိုင်လေးတွင် ကျော်ရဲနှောင်တစ်ယောက် ပါမုန့်ကြက်ဥကြော်နှင့် မနက် စားနေခြင်းဖြစ်သည်။
ဒီဆိုင်လေးသို့ ကျော်ရဲနှောင်ကို ချောက ခေါ်လာခဲ့ခြင်းဖြစ်သည်။
" မောင်... ချော ဒီနေ့ သူငယ်ချင်းတွေနဲ့ အပြင်သွားရင်း ဆိုင်တစ်ဆိုင်တွေ့လာတယ် ၊ ဆိုင်နာမည်က FOREVER တဲ့၊
ဆိုင်နာမည်လေးကအဓိပ္ပာယ်ရှိပြီး အပြင်ဆင်လည်းသန့်ပြန့်တယ် ထိုင်ချင်စရာလေး နောက်အပက် Sunday အလုပ်နားရင် လိုက်ပို့နော်....။"
( ကျော်ရဲနှောင်ထက်တစ်နှစ် ငယ်သော်လည်း မောင်ဟုသာ ချောက
ခေါ်ခဲ့သည်)
" အင်းပါ မောင်လိုက်ပို့ပါ့မယ်ချောရဲ့ "
" တကယ်နော်... အဲ့ဒါကြောင့် မောင့်ကိုချစ့်နေရတာ..မွမွ "
ကျော်ရဲနှောင် ရဲ့ပါးကို ချောက အတင်းဖိကပ်နမ်းလိုက်သည်။
တကယ့် ခလေးလေးတစ်ယောက်လိုပင်။
ဤ FOREVER ဆိုင်လေးသို့ အမြဲလိုလို လာဖြစ်ခဲ့ကြသည်။
ကျော်ရဲနှောင်က ရိုးရိုးထမင်းကြော်သာ စားလေ့ရှိသော်လည်း
ချောကတော့ ဂဏန်းချဉ်စပ် ကိုသာ စားလေ့ရှိသည်။ အကြိုက်ခြင်းမတူ သော်လည်း နှစ်ယောက်ကြားတွင် ပြဿနာမရှိပေ။
တစ်ယောက်နှင့်တစ်ယောက် နားလည်မှု ၊ ယုံကြည်မှု ၊ ချစ်ခြင်း
မေတ္တာတရား တို့ဖြင့် ထုံလွှမ်းခဲ့သော သူတို့၏ ချစ်ခြင်းသည်
သူတို့နှစ်ကိုယ်စာအတွက် လုံလောက်ခဲ့သော်လည်း ဘဝနှစ်ခုကြား
စည်းတစ်ခု ခြားနေခဲ့သည်ကို သူတို့မသိခဲ့ကြပေ။
ရုတ်တရက် ဖုန်း ringtone သံကြောင့် သူ့အတွေးတို့
လွင့်စင်သွားခဲ့ရပြန်သည်။
" ဟဲလိုမေမေ... "
" သား... သားရဲ့ ဦးလေးအခြေနေဘယ်လိုရှိလဲ ၊
သက်သာရဲ့လား သား..."
" ဟုတ် သက်သာပါတယ် မေမေ ၊ မနေ့ကမှ ဦးလေးကို ဆေးရုံးကဆင်းခွင့်ပြုလိုက်တာ ၊ ဆရာဝန်က ဦးလေးကို ဘာအလုပ်မှ မလုပ်သေးပဲ အိမ်မှာ သက်တောင့်သက်တာ အနားယူဖို့ မှာလိုက်တယ်... "
" အေးပါကွယ် သက်သာတယ်ဆိုလို့ အမေတို့လည်း စိတ်မပူရတော့ဘူးပေါ့ သားဦးလေးကို ဂရုစိုက်လိုက်ဦးနော် သား..."
" ဟုတ်ကဲ့ စိတ်ချပါမေမေ ၊ သားသေချာ ဂရုစိုက် လိုက်ပါ့မယ် "
" အေ အေ...သားလည်း ကျန်းမာရေး ဂရုစိုက်နော်
ဒါပဲနော်သား... နှင်းပွင့်ကိုလည်း ဖုန်းဆက်လိုက်ဦး သူကသားကို စိတ်ပူနေတယ်... "
" ဟုတ် သားကနေကောင်းပါတယ် ၊ အမေလည်း ကျန်းမာရေး
ဂရုစိုက်ဦး ၊ နှင်းပွင့်ကို သားဖုန်းဆက်လိုက်ပါ့မယ်... "
နှင်းပွင့်ဖြူ ဆိုသော မိန်းခလေးမှာ ကျော်ရဲနှောင် နှင့် စေ့စပ်ထားသော မိန်းခလေး ဖြစ်သည်။ နှင်းပွင့်ဖြူ နှင့် ကျော်ရဲနှောင်
တို့က ငယ်သူငယ်ချင်းတွေ ဖြစ်ကြပြီး နှစ်ဖက်မိဘများသဘောတူ
စေ့စပ်ထားကြခြင်းဖြစ်သည်။ အမှန်တကယ်တော့ နှင်းပွင့်ကို ငယ်သူငယ်ချင်း သံယောစဉ်ထက်မပိုပေ။ မိဘများ၏ အတင်းအကျပ်စီစဉ်မှု နှင့် သူ၏စိတ်ဒဏ်ရာအားကုစားဖို့အတွက်
ကျော်ရဲနှောင် နှင်းပွင့်ကို စေ့စပ်ခဲ့သည်။
ဒီနေ့ ကျော်ရဲနှောင် စိတ်တွေ အလိုလိုမွန်းကြပ်လာ၍ ဦးလေးအိမ်သို့
မပြန်ချင်သေးပေ။ ထို့ကြောင့် တစ်နေရာရာ စိတ်ကူးပေါက်ရာသို့ သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ဒီအတိုင်းသွားလို့ မဖြစ်သေးပေ။
ဒေါ်လေးကို ဖုန်းဆက်ပြီး စိတ်မပူဖို့ ပြောရဦးမည်။
" ဟဲလို..."
" ဟဲလို...ကျွန်တော် ကျော်ရဲနှောင် ပါ အန်တီ"
" အေး..သားကျော်ရဲနှောင် ပြောလေ အရေးတကြီးကိစ္စ ရှိလို့လား "
" မရှိပါဘူး အန်တီ ၊ ဒီနေ့ ကျွန်တော် သွားစရာလေးရှိလို့
အိမ်ပြန်နောက်ကျမယ်လို့ အဲ့တာ စိတ်မပူဖို့လှမ်းပြောတာပါ "
" အော်... အေးပါကွယ် ဂရုစိုက်သွားနော် "
" ဟုတ် အန်တီ ဒါပဲနော် "
ဖုန်းချလိုက်သည်။ ကျော်ရဲနှောင်စဉ်းစားသည်။ သူဘယ်နေရာကို
သွားရမလဲ။ ကြိုတင်စီစဉ်ထားခြင်းမရှိ၍ ဘယ်သွားရမလဲ သူမသိပေ။
ဘာဖြစ်ဖြစ် ခြေဦးတည့်ရာသို့သာ သွားမည်ဟု ဆုံးဖြတ်လိုက်ပြီး
Waiter ကောင်လေးအားခေါ်ပြီး bill ရှင်းလိုက်သည်။ ထို့နောက်
ဆိုင်ထဲမှထွက်လိုက်ပြီး တံခါးနားအရောက် ခုနက သူထိုင်ခဲ့သော
နေရာလေးကို လှမ်းကြည့်မိလိုက်သည်။ အမှတ်တရတွေ ရှိနေခဲ့သော ထိုစားပွဲလေးအား ကျော်ရဲနှောင် မသိစိတ်က နှုတ်ဆက်လိုက်လေသည်။ ထို့နောက် FOREVER ဆိုင်မှ ထွက်ခွာခဲ့လေသည်။
....................................................
အပိုင်း - ၄ ဆက်ရန် >>>
ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko
ဤဝတ္ထုတိုလေးအား ယခင်စတီးမစ်တွင် တင်ခဲ့ခြင်း
ဖြစ်ပါသည်။