ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်(၂)part-2

ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်(၂) ------------------***---------------- ဤဝတ္ထုတိုလေးအား မိမိ၏တွေ့ကြုံခံစားခဲ့ရသော ခံစားချက်များနှင့် ပေါင်းစပ်၍ ရေးသားထားခြင်းဖြစ်ပါသည်။ စာရေးဆရာမဟုတ်၍ အဆင်မချောသည်များရှိပါက သည်းခံပေးက...

5 years ago, comments: 5, votes: 23, reward: $0.00

ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်(၂)
------------------***----------------

ဤဝတ္ထုတိုလေးအား မိမိ၏တွေ့ကြုံခံစားခဲ့ရသော ခံစားချက်များနှင့် ပေါင်းစပ်၍ ရေးသားထားခြင်းဖြစ်ပါသည်။
စာရေးဆရာမဟုတ်၍ အဆင်မချောသည်များရှိပါက သည်းခံပေးကြပါဗျာ...

ကလေးတစ်ယောက်လို လိုချင်တာရ၍ မြူးတူးနေပုံလေးကချစ်စဖွယ် ကောင်းသလို ၊ အပြစ်ကင်းစင်ပြီးစွဲဆောင်နိုင်သော သူမ၏အလှတရားတို့က မခုန်ဖူးသော ရင်ကို ထိတွေ့တုန်ခါသွားစေသည်။ဘယ်လိုခံစားမှုမျိုးပါလိမ့်ဓာတ်လိုက်သလိုခန္ဓာကိုယ်တစ်ခုလုံးကျင်တက်သွားသည်

အပိုင်း - ၂

ဟိုတယ်တွင် အလုပ်လုပ်ရင်း ဘဝဆိုသော သင်တန်းကျောင်းကြီးတွင် ကျော်ရဲနှောင် တစ်ယောက် စိတ်အားထက်သန်စွာ သင်ယူလျှက်ရှိသည်။ ပထမဆုံး
လုပ်ငန်းခွင်ထဲဝင်ရောက်ခြင်းဖြစ်တာကြောင့် အမှားယွင်းတွေကလည်း မကြာခနဆိုသလို ကြုံတွေ့ရသည်။
အထူးသဖြင့် အင်္ဂလိပ်စကားကို ကောင်းကောင်းမပြောနိုင်ခြင်းက
အခက်တွေ့စေသည်။ ဟိုတယ်တွင် နိုင်ငံခြားသားများအထူးသဖြင့်
တည်းခိုမှူများသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်စာ အခြေခံအားနည်းခဲ့သော သူ့အတွက် အကြီးအကျယ် ဒုက္ခရောက်စေသည်။ သို့ပေမဲ့လည်း သူရဲ့သင်ယူလိုစိတ်ပျင်းပြ မှုကြောင့် အနည်းငယ်တော့ သက်သာရာရခဲ့သည်။

လုပ်ငန်းခွင်ထဲတွင် အဆင်မပြေမှုများရှိသည့်အခါတိုင်းတွင် သူ၏ စိတ်ထွက်ပေါက်ကား ဂစ်တာတီးပြီးသီချင်းဆိုခြင်းဖြစ်သည်။ ဂီတာကို လူပျိုဝင်စ အချိန်ကတည်းက စွဲစွဲလန်းလန်း တီးခဲ့သောကြောင့် ယုခုအချိန်တွင်တော့ ဂစ်တာတီးခက်ရာမှာ ဆရာတစ်စူ ဖြစ်၍နေလေသည်။ ဂစ္တာတီး ကျွမ်းကျင်ယုံတင်မက စွဲဆောင်မှုကောင်းသော အသံကို ပိုင်ဆိုင်ထားသောကြောင့် အဆောင်မှ လုပ်ဖော်ကိုင်ဖက်များအားလုံး၏ အထူးဂရုစိုက်ခြင်းကိုခံရသည်။
ကျော်ရဲနှောင် ဂစ်တာတီးပြီး သီချင်းဆိုညည်းလိုက်လျှင် အဆောင်မှ လူငယ်များကအားပေးယုံသာမက လုံမပျိုလေးများကလည်း ကွက်ကြည့်ကွက်ကြည့်နှင့် မခို့တရို့ အားပေးခြင်းမျိုးကိုပါခံရလေသည်။

တန်ဆောင်မုန်းလပြည့်ညဖြစ်ပြီး ငွေသော်တာလမင်းကြီးမှာ
ဝိုင်းစက်လျှက် ၊ တိတ်ဆိတ်ညိမ်သက်နေသော
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကျော်ရဲနှောင် ၏ ငြိမ့်ညောင်းသာယာသော အသံနှင့်ဂစ်တာသံတို့ပေါင်းစပ်ကာ
လပြည့်ညကို ပိုပြီးအသက်ဝင်စေ၏။

ငွေသော်တာရောင်ခြည် ထိန်လင်းတော့မည်

ဘုံကြိုးပျက်တဲ့ မိုးနတ်မဒီ

သဒ္ဒါကပိုသည် ဆရာမကိုပဲ အသဲစွဲအောင်

ချစ်မိပြီ

ပုံမှန်အားဖြင့် တော့ ကျော်ရဲနှောင် က POP သီချင်းများကို
တီးဆိုတက်သည်။ လတ်တလော လူကြိုက်များနေသည့်
အောင်လရဲ့ တောင်းပန်ပါတယ်...
Dဖြိုးရဲ့ မင်းလေးသိစေဖို့...
Black Hole ရဲ့ ဖန်သားနန်းတော်...
စတဲ့ လူငယ်အကြိုက်သီချင်းအေးအေးတွေကို ပိုင်ပိုင်နိုင်နိုင် တီးခက်နိုင်သောကြောင့်လည်း လူငယ်များကြားတွင်
ကျော်ရဲနှောင် မျက်နှာပွင့်ရသည်။

ညနေ ၃နာရီ ခွဲ အလုပ်ချိန်ပြည့်ပြီမို့ ပုံမှန်အတိုင်း ဂျူတီထွက် Time card ရိုက်စက်တွင် အချိန်မှက်ပြီး
ဆိုင်ကယ်ထုတ်ရန် ဆိုင်ကယ်စတင်းသို့ ထွက်လာသည်။ထိုစဉ် ရုတ်တရက် နောက်မှ သူ့နာမည်ကို လှမ်းခေါ်သံကြား၍ခြေလှမ်းများရပ်ပြီး ပြန်လှည့်ကာ
အသံရှင်ကိုထူးလိုက်သည်။

အသံရှင်မှာ ကောင်မလေးတစ်ယောက်ဖြစ်နေသည်။ မျက်နှာကဝိုင်းပြီး နာတံလေးကဆင်းသည်။ မျက်လုံးများက ရွှေသမင်မျက်လုံးမျိုး ၊ နှုတ်ခမ်းနီနီပါးပါးလေးက အထင်းသား၊
ထိုအလွတရားများကို ပိုပြီးပြည့်စုံသွားစေသည်က သူမ၏ အပြုံးလေးပင်ဖြစ်သည်။ ရင်းနှီးသောအပြုံး ၊ ကိုယ့်ကိုသိပြီး
အသိမှတ်ပြုသည့်အပြုံးဖြစ်သည်။

" Reception ဌာနက ကိုကျော်ရဲနှောင် မို့လားရှင့် ..."

" ဟုတ်ပါတယ် ခဗျ "

" ညီမနာမည် ခင်ချောစုပါ ...
Sale ဌာနကပါ တစ်ခုလောက်အကူညီတောင်းချင်လို့
ကူညီပေးနိုင်မလား ရှင့် "

" ကျွန်တော်တက်နိုင်တဲ့ အကူညီမျိုးဆိုရင်တော့
ကူညီပေးနိုင်ပါတယ် "

" အကို အဆောင်မှာ ဂစ်တာတီး တာအရမ်းနားထောင်လို့ကောင်းတယ်...
အဲ့ဒါ အကို့ဆီမှာ ဂစ်တာတီးသင်ချင်လို့ သင်ပေးနိုင်မလား "

" ရပါတယ် သင်ပေးနိုင်ပါတယ်...
ဒါနဲ့ စပြီးသင်သင်ချင်းတော့ လက်နာမယ်နော် ။
ခံနိုင်ရည်ရှိဖို့တော့ လိုတယ် "

" ခံနိုင်ရည်ရှိပါတယ် တကယ်လည်း ဂစ်တာတီး တက်ချင်လို့
ကြိုးစားသင်ယူပါ့မယ်ရှင့် "

" ညီမက အဆောင်မှာပဲ နေတာလား "

" ဟုတ် အဆောင်မှာပဲ နေတာပါ "

" Okလေ အဲ့တာဆို ကျွန်တော် အားတဲ့အချိန်သင်ပေးပါ့မယ် "

" ကျေးဇူးပါရှင့် "

ကလေးတစ်ယောက်လို လိုချင်တာရ၍ မြူးတူးနေပုံလေးက
ချစ်စဖွယ် ကောင်းသလို ၊ အပြစ်ကင်းစင်ပြီး စွဲဆောင်နိုင်သော
သူမ၏ အလှတရားတို့က မခုန်ဖူးသော ရင်ကို ထိတွေ့တုန်ခါသွားစေသည် ။
ဘယ်လို ခံစားမှုမျိုးပါလိမ့် ဓာတ်လိုက်သလို ခန္ဓာကိုယ်တစ်ခုလုံး ကျင်တက်သွားသည်။

ကလေးတစ်ယောက်လို မြူးတူးကာ ထွက်ခွာသွားသော
သူမကျောပြင်က ကျော်ရဲနှောင် ကိုပြုံးပြနေဆဲ ။ ငေးမောနေမိသည်။ မျက်စိတစ်ဆုံးငေးကြည့်နေမိသည်။
ဘာကြောင့်မှန်းမသိ တစ်ကိုယ်လုံးနွေးထွေးနေသလိုခံစားနေရသည်။
ဒါအချစ်လား???
" မြင်မြင်ချင်း ချစ်မိသွားတယ်" ဆိုသော စကားကို
သူနားခါးခဲ့သည်။ အဲ့ဒီစကားက မဖြစ်နိုင်ဘူး တခါမြင်ရုံနဲ့
ချစ်မိဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
အခုတော့ ထိုစကားကိုသူလက်ခံ ချင်လာသလိုလိုဖြစ်မိသည်။

" အကို့... မှာထားတာရပါပြီ "

ရုတ်တရက် waiter ကောင်လေး၏အသံကြောင့်
ကျော်ရဲနှောင် အတွေးတို့ လွင့်စင်သွားခဲ့ပြန်သည်။

ထို့နောက်စိတ်ကိုအတင်းပြန်ပြီးစုစည်းလိုက်သည်။

" ကျေးဇူးပါ ညီ "

Waiter ကောင်လေးကို အသက်မပါစွာ ပြုံးပြလိုက်ရသည်။

ကလေးကလား " ပါမုန့်ကြက်ဥကြော် " ကြိုက်ရလားမောင်ရယ်။
သူမစကားသံတို့ကနားထဲစူးခနဲဝင်လာသည်။ အချိန်တော်ကြာ
သူမကို မေ့နိုင်ဖို့ကြိုးစားခဲ့ရသည်။ လွယ်လွယ်တော့မေ့မရခဲ့၊
သူမကို သတိရတိုင်း နာကြည်းစရာတွေနဲ့ အစားထိုးဖြေသိမ့်ခဲ့
ရသည်။ မေ့မေ့ပျောက်ပျောက်ရှိသွားပြီဖြစ်သော်လည်း
အခုလို အမှတ်တရများစွာ ရှိခဲ့သော ဤဆိုင်လေးမှာတော့
သူမကို သတိမရပဲ မနေနိုင်ပေ။
တကယ်ဆို သူမနှင့် ကျော်ရဲနှောင် အကြိုက်ချင်းတစ်ခုမှ
အတူညီကြပေ။

အပိုင်း ၃ ဆက်ရန် >>>
IMG_20180325_104236.JPG

ကိုကိုမိုးဟိန်း
သစ်အယ်သီး

Author-KoKoMoeHein @myanmarkoko

MSC no.118

ဤပို့စ်အား ယခင်စတီးမစ်အကောင့်တွင်

တင်ခဲ့ခြင်းဖြစ်ပါသည်။ ဘာမှပြင်ဆင်ဖြည့်စွပ်ခြင်း
မရှိပဲ မူရင်းအတိုင်းတာ ပြန်လည်တင်လိုက်ရပါသည်။