ကြိုတင်ရင်ခုန်ခြင်း

ကြိုတင်ရင်ခုန်ခြင်း ... " လာချင်ရင် အနီးလေး " တဲ့ မလာချင်ရင်တော့ နီးနီးလေးပေမဲ့ စိုင်းထီးစိုင် သီချင်းထဲကလို " သံလွင်ချောင်းခြား " ဝေးနေမှာပါပဲ... အခုတော့ ချောင်းမခြားတော့ပါဘူး တံတားထိုးလိုက်ပါပြီခဗျ။ ...

7 years ago, comments: 19, votes: 96, reward: $1.43

ကြိုတင်ရင်ခုန်ခြင်း

...

" လာချင်ရင် အနီးလေး " တဲ့
မလာချင်ရင်တော့ နီးနီးလေးပေမဲ့ စိုင်းထီးစိုင် သီချင်းထဲကလို
" သံလွင်ချောင်းခြား " ဝေးနေမှာပါပဲ...
အခုတော့ ချောင်းမခြားတော့ပါဘူး တံတားထိုးလိုက်ပါပြီခဗျ။
(စိုင်းထီးစိုင် လေသံဖြင့် - 😝😝😝)

နောက်တစ်ခုက" စိတ်သာရှင်စော ဘုရားဟော " တဲ့
စိတ်ဆောင်လျှင် ဘာမဆိုဖြစ်နိုင်သည်ပဲမဟုတ်လား?။
စိတ်ကြောင့်သာ ဒီကမ္ဘာပေါ်မှာ လူသားတို့ ကြီးကျယ်ခမ်းနားစွာ
ရှင်သန်နေထိုင်ကြရသည်။
စိတ်ကြောင့်သာ အရာအားလုံးဟာ ဖြစ်တည်နေရသည်။
ရိုးရိုးလေးတွေးကြည့်တာပါ(ခလေးတွေးပေါ့)

ခုတော့ အဲ့သည်စိတ်ကြောင့်ပဲ

  • " မြန်မာတို့ရဲ့ ပုဂံ "
  • " နှလုံးသားထဲက ပုဂံ "
    မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမည်ဟုပင် ဆိုစမှက်ပြုကြရတဲ့ ပုဂံကို
    အခက်ခဲတွေကြားကပင် အရောက်သွားဖို့ဖြစ်လာရသည်။

ပထမဆုံး အလုပ်မှ ခွင့်ရဖို့ကို မန်နေဂျာနှင့် တိုက်ပွဲ ဝင်ရသည်။
ဟိုတယ် ဝန်ထမ်းဆိုတာ အများသူငှာတွေလို ခွင့်ကို အလွယ်တကူ
ယူလို့မရပေ။
" မင်းယူမဲ့ နေ့က ဧည်သည်များသလား?
Day Off ကဘယ်နှစ်ယောက်ရှိသလဲ?
Events Order တွေ Dinner စားပွဲတွေ ရှိသလား?
စသဖြင့် ခွင့်ယူတော့မည်ဆိုလျှင် မန်နေဂျာ၏ စူပုတ်နေသော
မျက်နှာနှင့် မေးခြင်းမြန်းခြင်းကို ခံရလေသည်။

ပြီးလျှင်တော့ ဂျူတီ တွေ ချိန်း နားရက်တွေရွေ့ရနှင့် အလုပ်ရှူပ်ကာ
နောက်ဆုံးတော့ ခွင့် ၂ ရက်ကို ရရှိခဲ့သည်။ ဤမျှနှင့်မပြီးသေးချေ
မန်နေဂျာ၏ ဩဝါဒ စကားကိုလည်းနားထောင်ရသည်။
အလုပ်ကိုအာရုံစိုက်ဖို့၊ ခွင့်ကို ခနခနမယူဖို့ စသည့်စသည့်
ဆုံးမစကားတွေကို ကြားနာရသည်။

ခွင့်ရပြီဖြစ်၍ ရင်ဘက်ထဲက အလုံးကြီးက ဂလုဆိုပြီးကျသွားရတော့
သည်။ ထိုနောက်တွင်တော့ မန်းလေးက ဘယ်သူတွေက
MSC Gathering သို့သွားကြမည်လည်း လိုက်လံမေးမြန်းရသည်။
ကိုဟိန်းခန့်မောင်@billionairehein
ကိုအောင်ကြီး @aunggyi100
ကိုညီ @nyinyitun
တို့နှင့် အတူသွားဖို့ ချိန်းချက်ကာ စီစဉ်စရာရှိသည်များကို စီစဉ်ရသည်။

ဆိုင်ကယ်နှင့် သွားကြမည်ဖြစ်သဖြင့် စီးတော်ကျား ကိုဆိုင်ကယ်ကို
ပြင်ဆင်စရာရှိသည်များပြင်ဆင်ရ၍ မအားမလပ်အောင်ကို ရှိခဲ့ရသည်။

နဲနဲစိတ်မော လူပင်ပန်းရသည်ဆိုပေမဲ့လည်း ပုဂံတွင် MSC မိသားစုဝင်းနှင့် ဆုံတွေ့ရမည်ကို တွေးလိုက်တိုင်း

#ထိုစိတ်ညစ်စရာများက ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့
အဝေးသို့လွင့်စင်ပျောက်ပျက်သွားကြရသည်။
(အဖျားပျောက်ဆေးကြောငြာ တာမဟုတ်ပါ 😜😜😜 )

ကြိုတွေးတိုင်း ကြိုပြီးပျော်နေရတဲ့ ခံစားချက် တစ်စွန်းတစ်စများကို
ဖော်ထုတ်လိုက်ရခြင်းသက်သက်သာဖြစ်ပါသည်ခဗျာ။

ဒီနှစ်မှာ မလာနိုင်တဲ့ ညီအစ်ကို မောင်နှတွေကိုလည်း နှောင်နှစ်မှာ
ဆုံစည်းနိုင်ဖို့ကို ကိုဟင်နရီ@kachinhenry ၊ ဆရာတင်လှိုင်ဦး
(သရက်) @thinhlaingoo နှင့် admin များဖြစ်ကြသော
ကိုသက်@thatkozaw ၊ ကိုဒိုမီ @domelay ၊ ကွီးရွှေ @nyinyiwin ၊ ကိုဒွန် ပြည့်စုံခင်ခင် နှင့် ဦးစိုးတို့က

ရွှေရင်တံခါးဖွင့်ကာ အစဉ် ကြိုလင့်နေကြမည်သာ ဖြစ်ပါသည်ဆိုတာကို တင်ပြရင်း နိဂုံးချုပ်လိုက်ရပါသည်

IMG_20180802_172533.jpg

IMG_20180802_172544.jpg

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko

MSC no. 118