ချစ်ရေ...
လာမဲ့ May 13 ဟာ ချစ်နဲ့ကိုယ်ရဲ့ ချစ်သူသက်တမ်း
တစ်နှစ်ပြည့်နော်။ ချစ်သူသက်တမ်းတစ်နှစ်ပြည့်မှာ အတူတူ
ဆင်တူလက်စွပ်လေးဝတ်ပြီးရုပ်ရှင်ကြည့်မယ်။ ပြီးတော့ ကိုယ်တို့နှစ်ယောက်စပြီး ဆုံတွေ့ခဲ့ကြတဲ့ ကောင်းမှုတော်ဘုရားကို အတူတူဖူးမျှော်ကြမယ်။ စစ်ကိုင်းကအပြန် ချစ်သိပ်ကြိုက်တဲ့ တရုတ်ဇီးသီးတွေ ဝယ်စားကြမယ်။
အဲ့ဒီကအပြန် မန္တလာ ဒီဂရီကောလိပ်နားက ဆွယ်တော်ဘုရားကို
ဖူးကြမယ်။ ချစ်ကြိုက်ပြီး ညွန်းခဲ့လို့ အတူတူထိုင်ခဲ့ကြတဲ့ ကန်ဘောင်ဘေးက ထမင်းဆိုင်မှာ အတူတူစားကြမယ်။ ပြီးရင်ကန်ဘောင်မှာထိုင်ကြမယ်။ ဆွယ်တော်ဘုရားမှာ ချစ်လိမ်းဖို့ သနပ်ခါးသွေးပေးမယ်။
ချစ်က ကိုကို့ကို ကလေးလိုပဲ သနပ်ခါးကျွေးနေကြ။
ချစ်ကိုပြောစရာစကားတွေအများကြီးရှိတယ်။
ဒီရောဂါကြီးကပ်ဆိုးကြီးပြီးရင် အတွေ့ချင်ဆုံးကချစ်ပါ။ ချစ်နဲ့တွေ့
ပြီးကို့ကို့ရဲ့ ရည်မှန်းချက်တွေ၊ လုပ်ချင်တာတွေ ပြောပြမယ်။ ပြီးရင်
ချစ်နဲ့နှစ်ယောက်တူတူ ဘဝတစ်ခုတည်ဆောက်မယ်။
ချောင်းသာကို ဟန်းနီးမွန်းထွက်မယ်၊ ပုဂံဘုရားတွေ တဝကြီး
ဖူးပြီး ဓာတ်ပုံတွေရိုက်ကြမယ်။ ဓာတ်ပုံပညာလည်းလေ့လာနေ
တယ်။ ချစ်ကဓာတ်ပုံရိုက်ရင် လှမှကြိုက်တာလေ။ ချစ်နဲ့ကိုကိုရဲ့
အိမ်လေးကို သစ်သားနဲ့ဆောက်ကြမယ်။ ခြံလေးထဲမှာ ပန်းပင်တွေ
စိုက်မယ်။ မနက်ခင်းအိပ်ယာနိုးရင် ချစ်က ကိုကို့ကိုနိုးပြီး ချစ်ကိုယ်တိုင်ဖျော်ထားတဲ့ ကော်ဖီပူပူလေးကိုတိုက်မယ်။ ချစ်ကို
ရင်ခွင်လေးထဲ ထဲ့ထားပြီး ပြတင်းပေါက်ကနေ ကိုယ်တို့
ခြံထဲက ပန်းပင်းလေးတွေကို ငေးကြည့်မယ်။
စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်ဆို ချစ်နဲ့အတူတူ December
မှာ မနက်စာတူတူ စားကြမယ်။ ပြီးရင် မနက်စောစော မှာ
ပြည်ချစ်ဘုရားဖူးမယ်။ နေ့လည်ကျတော့ ကန်တော်ကြီးဥယဥ်ထဲမှာ
ချစ်ကို ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးမယ်။ ညနေပိုင်းကျရင်
အနီးစခန်းက နီးဘုရားကို ဝင်ဖူးပြီး စည်သာဆည်မှာ sunset
ကြည့်မယ်။ တောင်တန်းတွေကြားထဲ နေလုံးနီနီကြီးဝင်သွားတဲ့အခါ
ကောင်းကင်တစ်ခုလုံး အနီရောင်၊ ပန်းရောင်၊ အဝါရောင်၊ မီးခိုးရောင်
အို... အရောင်တွေစုံပြီး သိပ်ကိုလှနေမှာ။
ဓာတ်တော်ချိုင့်ရေတံခွန် ကိုသွားမယ်။ ချစ်ပင်ပန်းမှာစိုးတယ်။
ရေတံခွန်သွားတဲ့ လမ်းတွေက သိပ်ကိုကြမ်းတာ၊ ရေတံခွန်ရောက်
သွားရင်တော့ အမောတွေအားလုံးပြေပျောက်သွားမှာပါ။
ရေတံခွန်က ကျလာတဲ့ ရေမှုန်တွေကြောင့် ချစ်အေးတဲ့အခါ ဖတ်ထား
ပေးမယ်။ အပြန်မှာ တောင်တက်လမ်းတွေကို ချစ်မတက်နိုင်တဲ့အခါ
ကျောပိုးမယ်။
နောက် သားသားမီးမီးလေးတွေ ရလာရင် ဒီထက်ကိုပိုပြီး ပျော်ဖို့ကောင်းမှာ။ ကစားကွင်းမှာ မိသားစုလိုက်အတူတူ ကစား
ကြမယ်။ ပြီးရင်... ပြီးရင်... ပြီးရင်.... အများကြီးချစ်ကိုပြောပြချင်တာတွေ ရင်ထဲမှာအပြည့်ပဲချစ်ရယ်။
ဒီကပ်ဆိုးကြီးပြီးရင် ပြန်ဆုံတွေ့နိုင်ဖို့ ကျန်းမာရေးကောင်းအောင်
နေပါ။ လက်ကိုလည်း မကြာခနဆေးပါ။ အပြင်သွားတိုင်း
mask တက်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ စာဖတ်ပါ။ ရုပ်ရှင်ကြည့်ပါ၊ စိတ်ကို လွပ်လွပ်လပ်လပ်ထားပါ။ အခုဒီစာကိုရေးနေတဲ့အချိန်မှာ ပြင်ဦးလွင်မှာ မိုးတွေ အရမ်းသည်းနေတယ်။ မန်းလေးမှာရော မိုးတွေအရမ်းသည်းနေလား။
ချစ်အရမ်းချမ်းနေမှာပဲ။ ချစ်အအေးသိပ်ကြောက်တာ
ကိုကိုအသိဆုံး။ နွေးနွေးထွေးထွေးနေပါနော်။ နောက်ဆုံးမှာချင်တာ
တစ်ခုက ကိုကို့ကိုပိုချစ်ပေးပါ။ ကိုကိုလည်း ချစ်ကိုအရမ်းအရမ်း
ချစ်ပါတယ်။ ကိုကိုပြောလိုက်တိုင်း ချစ်မျက်စောင်းထိုးတဲ့
စကားလေးတစ်ခွန်းကိုပြောရင်း ကို့ကို့ရဲ့စာကို ဒီမှာပဲရပ်လိုက်ပါရစေ...
ချစ်အတွက်ဆို မီးပင်လယ်ကိုဖြတ်ကာ
တောင်တွေကို လှန်ပစ်မယ်...
ကိုကိုမိုးဟိန်း
သစ်အယ်သီး
May 2 2020.
Set.
10:38 pm
မိုးသည်း...