ချစ်သူ့လမ်းကြား

ဓာတ်ပုံထဲမှ ထိုနေရာလေးသို့ သွားရောက် ဓာတ်ဖမ်းဖို့ အကြိမ်ကြိမ် တွေးမိဖူးပါသည်။ ထိုနေရာလေးရှေ...

5 years ago, comments: 5, votes: 13, reward: $0.29

84p2aj.jpg

n22c2b.jpg

ဓာတ်ပုံထဲမှ ထိုနေရာလေးသို့ သွားရောက် ဓာတ်ဖမ်းဖို့ အကြိမ်ကြိမ်
တွေးမိဖူးပါသည်။ ထိုနေရာလေးရှေ့မှ မကြာခန ဖြတ်သွားတိုင်း
တခနတော့ ငေးကြည့်ဖြစ်ပါသည်။ မိုးရာသီမှသာ ယခုလို ရေများ
ပြည့်လျှံကာ သာယာလှပသည်။ ဘေးပတ်ဝန်းကျင်တွင် တိုက်တာ
အဆောက်အအုံများမရှိ၍ လေကောင်းလေသန့်ရကာ စိတ်ကို ကြည်
လင် လန်းဆန်းစေသော နေရာလေးဖြစ်၏။

ထိုနေရာလေးသည် EPC ရုံးသို့ သွားသော ဝင်ပေါက်ဖြစ်၏။ အမှိုက်သရိုက်လေး အနည်းငယ်ရှိသည်ကလွဲ၍ သန့်ရှင်းသပ်ရပ်
ပါသည်။ ထိုနေရာလေးကို ကျွန်တော်ကတော့ ချစ်သူလမ်းကြားဟု
အမည်ပေးထား၏။ ညနေခင်းတိုင်းတွင် ထိုလမ်းကြားလေးမှာ
ချစ်သူစုံတွဲများ ဖြင့် စည်းကားလေ့ရှိပါသည်။

ဤသို့ဤပုံ စဥ်းစားရင်း စာရေးဖို့ တွေးရင်း ဓာတ်ဖမ်းနေရင်းမှာပင်

ညီလေး... ဒီနေရာမှာ သိပ်အကြာကြီး မနေနဲ့
မနေ့က ဒီနေရာမှာ ဆိုင်ကယ်ရိုက်လုပြီး ဓားထိုးမှု ဖြစ်သွားတယ်...
ညီလေးက တစ်ယောက်တည်းမို့ အန္တရယ်များတယ်... အကြာကြီးမနေနဲ့ စေတနာနဲ့ပြောတာပါ...

အော်.... ဟုတ်ကဲ့....

သာယာကြည်နူးဖွယ်ကောင်းသော ဤချစ်သူ့လမ်းကြားလေးကို
မည်သူတွေကများ အကြည်းတန် သွားစေသနည်း။
ကပ်ရောဂါဆိုး ရန်ကမှ မငြိမ်သက်သေးဘူး၊ သူခိုးဓားမြရန်ကလည်း
ကြောက်နေရသေးပါလားနော်...

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko