ဒီနေ့တော့ လမ်းသွားရင်းဖြင့် လမ်းဘေးတွင် အလေ့ကျပေါက်နေသော
ခရမ်းရောင် ပန်းလေးကို မြင်လိုက်၍ Hive ပေါ်တင်ရန် အမိရ ရိုက်ယူခဲ့ပါသည်။
ပန်းလေးကို ရိုက်ယူပြီးနောက် ခရမ်းရောင်ကို ကြိူက်သော ပက်သက်ခဲ့ဖူးသူအား
လည်း သတိရမိပါရဲ့...
အော်... အတိတ်ဆိုတာကာ ကိုယ့်နောက်ကို ကပ်ပါလာတက်စမြဲမဟုတ်လား။
ထို့ကြောင့်လည်း အတိတ်ကောင်းချင်လျှင်တော့...ပစ္စုပ္ပန်မှာ ကောင်းတာတွေ
လုပ်ဖို့... နောက်ဘဝကောင်းဖို့အတွက်ဆိုရင် ကုသိုလ်ကောင်းမှုတွေ
များများပြုလုပ်ဖို့ နှင့် ဘဝသံသရာ မရှည်ချင်လျှင်တော့ နိဗ္ဗာန်ကို မျက်မှောက်ပြု
သော တရားများကို ကြိုးစားအားထုတ်ကြရမည်...။
တွေးရင်းက ဘယ်လိုတရားကြောင်း ရောက်သွားပါလိမ့်။ ခုတလော ဘုရားတရား
စာအုပ်တွေ အဖတ်များနေလို့ ဖြစ်မယ်ထင်ပါတယ်။
စာရှူသူများကလည်း ကျွန်တော်ပြောသော ခရမ်းရောင် ပန်းကလေးကို
မြင်ချင်လောက်ရောပေါ့။ ဘာပန်းလဲတော့ မမေးနဲ့နော်။ ကျွန်တော်လည်း မသိဘူးဗျ။
သိသူများ ဖြေပေးသွားကြပါဦးဗျာ...။
ကိုကိုမိုးဟိန်း
KoKoMoeHein