ခပ်​မွဲမွဲအချစ်

အော်​... အချစ်​တဲ့ လူတိုင်းမကင်းနိုင်​တဲ့အရာ မိဘက သားသမီးကို ချစ်​တဲ့အချစ်​ ၊ ...

7 years ago, comments: 13, votes: 10, reward: $0.07

love-560783_960_720.jpg

အော်​... အချစ်​တဲ့ လူတိုင်းမကင်းနိုင်​တဲ့အရာ

မိဘက သားသမီးကို ချစ်​တဲ့အချစ်​ ၊

ညီအကို ​မောင်​နှမအချင်းချင်း ချစ်​တဲ့အချစ်​ ၊

သူငယ်​ချင်း မိတ်​​ဆွေအချင်းချင်း ချစ်​တဲ့အချစ်​ ၊

ကောင်​​လေးက ​ကောင်​မ​လေးကိုချစ်​တဲ့ အချစ်​ ၊

ဒီကမ္ဘာကြီးကို အချစ်​မျိုးစုံနဲ့ ဖန်​တီးထား​လေရဲ့...

ဒီလိုဆို... ကျွန်​​တော်​လည်း သူ့ကိုချစ်​မိ ၊

ရိုးရိုး​လေးနဲ့ချစ်​ ၊ စွဲစွဲမြဲမြဲချစ်​ ...

ပကာသန မပါတဲ့ ခပ်​မွဲမွဲ အချစ်​မို့

မင်းနှ​ခေါင်းရှူံ့​လေမလား...

" သွား " မပါရင်​​နေ " ကား " ပါရင်​ချစ်​မယ်​ဆိုတဲ့

အခု​ခေတ်​ရဲ့ အချစ်​၀င်္ကပါ ကြီးထဲမှာ

ကိုယ့်​ရဲ့အချစ်​တို့ ​ခေါင်းမ​ဖော်​ရဲ...

ဂုဏ်​ရှိမှ ၊ ​ရွှေရှိမှ အချစ်​ဆိုတာ လူရာဝင်​တာမို့

သစ္စာနဲ့ ​မေတ္တာ မျက်​နှာငယ်​ရ​ပေါ့ ။

ပြောင်းလဲလာတဲ့ ယ​နေ့​ခေတ်​အချစ်​ကို

အာဒံ နဲ့ ဧ၀ တို့တာသိရင်​ သူတို့ဖန်​တီးလိုက်​တဲ့

အချစ်​တွက်​ ​နောင်​ရ​နေလိမ့်​မယ်​ကွယ်​...

help-relief-poverty-hunger-love-18125203.jpg

Photos credit >> from google image

ကိုကိုမိုးဟိန်း
သစ်​အယ်​သီး

Written by KoKoMoeHein @myanmarkoko

MSC no. 118