ခန္ဓာမဲ့သူရဲကောင်းတို့ ကြွေးကြော်သံ...

ခန္ဓာမဲ့သူရဲကောင်းတို့ ကြွေးကြော်သံ... ခန္ဓာကြွေလွင့်သွားပေမဲ့ စိတ်ဓာတ်တွေ ဖောက်ပြန်မသွားဘူး... လသာတဲ့ ညသန်ခေါင် ခွေးအူသံတွေ ကြားကြရဲ့လား အဲ့တာ ခန္ဓာမဲ့သူရဲကောင်းတွေ န...

4 years ago, comments: 2, votes: 12, reward: $0.39

ခန္ဓာမဲ့သူရဲကောင်းတို့ ကြွေးကြော်သံ...

ခန္ဓာကြွေလွင့်သွားပေမဲ့
စိတ်ဓာတ်တွေ ဖောက်ပြန်မသွားဘူး...
လသာတဲ့ ညသန်ခေါင်
ခွေးအူသံတွေ ကြားကြရဲ့လား
အဲ့တာ ခန္ဓာမဲ့သူရဲကောင်းတွေ နိုးထချိန်...
စစ်မှန်သော ဒီမိုကရေစီ မရမချင်း
ပေတရာလမ်းပေါ်မှာ ဆက်တိုက်ပွဲဝင်နေဦးမဲ့
သူရဲကောင်းတို့ရဲ့ ဝိဥာည်တွေ...
အာဏာရူးတွေကို ခြောက်လန့်နေဦးမဲ့
အငြိုးကြီးတဲ့ ဝိဥာည်တွေ....
သူတို့ရဲ့ ဟစ်ကြွေးသံတွေ ကြားကြရဲ့လား
ငါတို့ရဲ့ သွေးတွေ အလကားမဖြစ်စေနဲ့...
ငါတို့ရဲ့ ချွေးတွေ အလကားမဖြစ်စေနဲ့...
ငါတို့ရဲ့ အသက်တွေ အလကားမဖြစ်စေနဲ့...
ငါတို့လိုချင်တဲ့ ဒီမိုကရေစီ မရမချင်း
အမျှမဝေကြပါနဲ့...

သစ်အယ်သီး

img_0.779389825569661.jpg

ဒီမိုကရေစီ ရရှိရေး... ဒို့အရေး၊ ဒို့အရေး...
သပိတ်၊ သပိတ်... မှောက်၊ မှောက်...
အရေးတော်ပုံ... အောင်ရမည်...
အရေးတော်ပုံ ... အောင်ရမည်...
အရေးတော်ပုံ ... အောင်ရမည်...

@myanmarkoko