ခံစားချက်အဟောင်း
📒
တစ်ခုခုကို အလိုမကျဖြစ်နေသည်။ ဘာလိုလို့ လိုမှန်းမသိပေ။
Hive အကြောင်းပဲရေးရမလား?
ကဗျာတိုလေးပဲ ရေးရမလား?
ဒဿန တွေပဲရေးရမလား?
Steemit တုန်းကလို Short story တွေပဲရေးရမလား?
စသဖြင့် တွေးတောနေရင်းနှင့် ကိုယ့်ကိုယ်ကိုအားမရဖြစ်လာသည်။
စာမရေးတာကြာပြီမို့ ဘာရေးလို့ ရေးရမှန်းမသိ။
ဗလာစာအုပ်ကြီးကိုရှေ့မှာထား၊ ဘောပင်ကိုကိုက်လိုက်၊ ဟိုတို့လိုက်ဒီတို့လိုက်၊ မျက်နှာကြပ်က မီးသီးကိုကြည့်လိုက်၊ နံရံမှာချိတ်ထားတဲ့ အဝတ်စားတွေကြည့်လိုက်၊ တစ်ခါလှန်ထားတဲ့
စာအုပ်ကိုပြန်ပိတ်လိုက်နှင့် ဟိုစမ်းစမ်း ဒီစမ်းစမ်း လုပ်နေလိုက်တာ
နာရီဝက်ကျော်ကြာသွားသည်။
မဖြစ်ချေတော့ဘူး တစ်ခုခုတော့ရေးမှဖြစ်ပေမည်။
စဥ်းစားစမ်းဆိုပြီး ကိုယ့်ခေါင်းကို ဘောပင်နဲ့ တောက်လိုက်သောအခါ
လင်းခနလက်ခနဲ အတွေးတစ်စက ခေါင်းထဲကိုဝင်လာသည်။ ဒီလိုနှင့် ဗလာစာအုပ်ကြီးကို ကျကျနန လှန်လောကာ အားရပါးရချရေးလိုက်မိသည်က
ဒီလိုခံစားချက်မျိုး Steemit မှာ စာစရေးတုန်းက
ခံစားခဲ့ဖူးတယ်...