ခိုင်မာသော စိတ်ဓာတ် (Strong Minded)

ခိုင်မာသော စိတ်ဓာတ် စိတ်ဆိုသည်မှာ ထိတွေ့ကိုင်တွယ်၍ မရသော နာမ်ဟု ငယ်စဥ်ကလေးဘဝတုန်းက မှတ်သားခဲ့ရသည်။ စားချင်တာ အဲ့တာသည်စိတ်။ သောက်ချင်တာ အဲ့တာ သည်စိတ်။ စိတ်ဆိုတာ ဒါမျိုးပါလားဟု ဦးနှောက်က မှတ်သားလိုက်ပြီး သည်လိုနှင့် က...

5 years ago, comments: 5, votes: 20, reward: $0.37

ခိုင်မာသော စိတ်ဓာတ်

စိတ်ဆိုသည်မှာ ထိတွေ့ကိုင်တွယ်၍ မရသော နာမ်ဟု
ငယ်စဥ်ကလေးဘဝတုန်းက မှတ်သားခဲ့ရသည်။
စားချင်တာ အဲ့တာသည်စိတ်။ သောက်ချင်တာ အဲ့တာ
သည်စိတ်။ စိတ်ဆိုတာ ဒါမျိုးပါလားဟု ဦးနှောက်က မှတ်သားလိုက်ပြီး သည်လိုနှင့် ကျွန်တော်၏ စိတ်ဆိုတာ ဖြစ်ပေါ်လာခဲ့ရပါသည်။ စိတ်ကဖြစ်ပေါ် လာသောကြောင့် ခန္ဓာ(ရုပ်)က လိုက်လုပ်ပေးရသည်
မဟုတ်လား။ စိတ်သည် မွေးကတည်းက ပါလာသည်
ဟု ဆိုကြသည်။ အဖြူထည်ကလေးဖြစ်သည်။ အဲ့သည့် အဖြူထည် စိတ်သည် ရှင်သန်ရာ ပတ်ဝန်းကျင်၊ အပေါင်းသင်းများနှင့် အတွေ့ကြုံများ
ကြောင့် အရောင်များစွန်းထင်းကုန်ကြပါသည်။ ကျွန်တော် လက်လှမ်းမှီသလောက် စဥ်းစားကြည့်ခြင်း
ဖြစ်သည်။

စိတ်ဓာတ်ပြတ်သားတယ်။ ခိုင်မာတယ်။
စိတ်ဓာတ်ပျော့ညံ့တယ်။ စိတ်နုတယ်။

စသည်ဖြင့် အမျိုးမျိုးဖြစ်ပေါ်လာရသည်။ ကျွန်တော်
သိလာရသည်က စိတ်သည်ကူးစက်တက်သော သဘောရှိသည်။ ကျွန်တော် ကားဝက်ရှော့တွင် အလုပ်
လုပ်ခဲ့စဥ်က စိတ်ရိုင်းများ ကူးစက်ခံခဲ့ရသည်။ တခြား
မဟုတ် စိတ်သည်ရိုင်းသည် အထိမခံပေ။ ကိုယ့်ကို
ထိလျှင် နဲနဲမျှမခံပေ။ ကိုယ့်ရဲ့အမှားကို လာပြောလျှင်
ပက်ခနဲ ဒေါနဲ့မောနဲ့ ပြန်ပြောတက်သည့် အကျင့်များ
ကူးစက်ခံခဲ့ရသည်။ ( ကားဝက်ရှော့တွင် ကြုံခဲ့ရသော
အတွေ့ကြုံများကို နောက်ပိုင်းတွင် ဖော်ပြပေးသွားပါဦးမည် )

နောက်တစ်ခုရှိသည်က ကျွန်တော်၏ စိတ်သည် အားနားတက်ခြင်းဖြစ်သည်။ မည်သည့်နေရာကနေ
မည်သို့ကူးစက်ခံခဲ့ရသည်မသိပေ။ တစ်ခုခုဆို အားနား
တက်သည်။ ကိုယ်သွားစရာရှိပေမဲ့ ဆိုင်ကယ်လာငှား
လျှင် အားနာကာ ငှားပေးလိုက်တက်စမြဲဖြစ်သည်။
အားနားသော စိတ်သည် သူတစ်ပါးကို ကူညီချင်သော
စိတ်မှ အရင်းခံလာသည်။ မေတ္တာစိတ်ဓာတ်ဖြစ်ပေမဲ့
လွန်ကဲလာသောအခါ ပျော့ညံ့သော စိတ်ဖြစ်လာ ရသည်ဟု စာဖတ်ခြင်းမှသိရှိခဲ့ရသည်။ သူမှားနေမှန်း သိလျှက်နှင့်ပင် ကိုယ်ပြောလိုက်လျှင် သူရှက်သွားမည် စိုးကာ မျက်နှာလွဲလိုက်သော အားနားစိတ်သည် ကျွန်တော့်တွင် မကောင်းဆိုးဝါးသဖွယ်ကပ်ညိနေ သည်။

ထိုစိတ်သည် လုပ်ငန်းခွင်ထဲတွင် အားနည်းချက်တစ်ခု
ဖြစ်လာသည်။ ကိုယ်က အားနားလို့ မပြောလိုက်ပေမဲ့
တစ်ဖက်မှာ သူတို့အမှားသိပြီး သည်ကောင်က ငါမှား
တာတောင် မသိဘူး ဆိုကာ အထင်သေးတာမျိုးတွေ
ဖြစ်ပေါ်စေပါသည်။ နောက်တစ်ခု စိတ်သည် ကူးစက်
လွယ်သော သဘောရှိသည်။ လုပ်ငန်းခွင်ထဲတွင် အမြဲ
အောက်ကျို့နေရပြီး ဖိနှိပ်ခံရသောအခါ စိတ်သည်
တဖြေးဖြေး မိမိကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းလာ
ပြီး စိတ်ပူပန်သောက များကို ဖိစီးစေပါသည်။ အရင်
ကဆိုလျှင် ကျွန်တော်၏စိတ်သည် လူအများရှေ့တွင်
စကားပြောမည်ကို အလွန်ရှက်ကြောက်သည် မိမိကိုယ်
ကို ယုံကြည်မှုမရှိပေ။ မလွဲသာ မရှောင်သာ ပြော
ခဲ့ရလျှင်လည်း စိတ်လှုပ်ရှားကာ အိုးနင်းခွက်နင်းဖြစ်
ခဲ့ရသည်။ ဘယ်လောက်တောင် စိတ်လှုပ်ရှားလည်း
ဆိုလျှင် ကိုယ်နှလုံးခုန်သံကို ကိုယ်က ပြန်ကြားနေသည်။ နောက်ပိုင်းတွင် သင်တန်းများတက်
ကာ Public Speaking ပိုင်းများ သင်ကြားရမှ
သာ အများရှေ့တွင်နဲနဲပြောရဲဆိုရဲ ရှိလာပါသည်။
( အလျင်းသင့်လို့ ကျွန်တော်၏ စိတ်အကြောင်းကို
မျှဝေလိုက်ရခြင်းဖြစ်ပါတယ်)

အားနာတက်သောစိတ်သည် မကောင်းပါ။

မြန်မာလူမျိုးအများစုသည်(ကျွန်တော်အပါဝင်) အားနာတက်သော စိတ်ရှိ
ကြသည်ဟု မြင်မိပါသည်။ တစ်ခုခုဆို ဘာမို့လို့ ညာမို့လို့ ဟုဆိုကာ အားနာတက်ကြစမြဲဖြစ်သည်။
စာအုပ်တစ်အုပ်ထဲတွင်တော့ ထိုစိတ်သည်မကောင်း
ပါဟု အတိအလင်း ပြောပြထားပါသည်။

အရှင်ဆန္ဒာဓိက၏

ပြတ်သားမှ ပြက်သွားမယ် ဆိုသည့်စာအုပ်ဖြစ်
ပါသည်။

တစ်ခါတစ်ရံမှ တစ်ဖက်သားအပေါ် သိပ်ငဲ့ညာလွန်းသော မေတ္တာ စိတ်သည် စိတ်ဓာတ်ပျော့ညံမှု၊ ဆုံးဖြတ်ချက် မခိုင်မာ
မှုကို ဖြစ်ပေါ်စေပါတယ်။

ဟုတ်ပါသည်။ တစ်ခုခုဆို ငဲ့ညာစရာတွေက များနေတက်သည်မဟုတ်လား။ စိတ်ဓာတ်ပြက်သား
မှသာလျှင် မိမိ၏ ရည်မှန်းချက်ဆီသို့ ရောက်ရှိနိုင်
ကြောင်းကိုလည်း သတိချပ်သင့်ပါသည်။ ကျွန်တော် တစ်ခါက အမူးလွန်ပြီး ထိုးအံသောအခါ အရက်သေ
စာ လုံးဝမသောက်တော့ဘူးဟု ဆုံးဖြတ်ချက်ချခဲ့ပါ
သည်။ တစ်လပင် မခံပါ။ အပေါင်းသင်းများနှင့် ပြန်တွေ့သော အခါ ချွင်းချက်ဆိုပြီး ပြန်သောက်မိခဲ့
ပါသည်။ ထို့နောက် အကြောင်းကြောင်းကြောင့် ချွင်းချက် ဆိုပြီး ပြန်သောက်ဖြစ်ပြန်ပါသည်။ သည်လို
နှင့် အရက်သေစာကို အခုထိ မကင်းနိုင်ဖြစ်နေရပါ
သည်။

ဒါ့ကြောင့် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိချင်လျှင်
ချွင်းချက် မထားပါက အကောင်းဆုံးဖြစ်ကြောင်းကို
ထိုစာအုပ်လေး ဖတ်ပြီး ပိုမိုသိရှိလာခဲ့ရသည်။ နောက်တစ်ခုမှာ အကြွေးထားခြင်းဖြစ်သည်။ နောက်မှလုပ်မယ်ဆိုသော အကြွေးထားသော စိတ်သည်လည်း မပြတ်သားသော စိတ်ဓာတ်ဖြစ်သည်။ နောက်မှ ဆိုလျှင်တော့ နမှောက်
သွားပါလိမ့်မယ်။ နပြီးမှောက်သွားမယ်။
ကောင်းကျိုးတွေနပြီး ဘဝမှောက်သွားမယ်ဟု ထိုစာအုပ်လေးက သတိပေးလိုက်ပြန်ပါသည်။

ကျွန်တော်ကတော့ ဆုံးဖြတ်ချက်ချထားလိုက်ပါပြီ။
လုံးဝ အားမနာတော့ပါဘူး။ သို့ပေမဲ့ နေရာဒေသနဲ့
ပုဂ္ဂိုလ်မူတည်ပြီး ထားသင့်ထားထိုက်တဲ့ အားနာမှုနဲ့
ချွင်းချက်ကလွဲ၍...

စာဖတ်သူများလည်း စိတ်ဓာတ်ပြက်သားနိုင်ကြပါစေ။

မေတ္တာဖြင့်...

IMG20200513132311.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko