က ကြီး သေးသေးတင် ကံ

ကံဆိုးခြင်းနှင့် ကံကောင်းခြင်း... ဒီနှစ်ခုကို လူတိုင်းက ယုံကြည်ကြပါသည်။ ကံကောင်းလို့ပေါ့ကွာ ဆိုတဲ့စကားကို...

5 years ago, comments: 4, votes: 9, reward: $0.30

IMG_20200513_131733.jpg

ကံဆိုးခြင်းနှင့် ကံကောင်းခြင်း... ဒီနှစ်ခုကို လူတိုင်းက ယုံကြည်ကြပါသည်။ ကံကောင်းလို့ပေါ့ကွာ ဆိုတဲ့စကားကို
ဂရုဏာဒေါသောဖြင့် ပြောတက်ကြသလို ဆိုးလိုက်တဲ့ကံကွာ
ဆိုပြီး ငြီးငြူတက်ကြပါသည်။ ကံဆိုတာ မွေးကတည်းက
ပါလာပြီးသား ဟုလည်း ပြောတက်ကြပြန်ပါသည်။

ကံဆိုးခြင်းကောင်းခြင်းနဲ့ ပတ်သက်ပြီး ဖတ်ဖူးခဲ့တဲ့ တာယာမင်းဝေ
စာအုပ်ထဲကလို ပြောရမယ်ဆိုရင် ကကြီးကို နငယ်သတ်နဲ့ ကန်ဆိုးရင်
ပြုပြင်ရတာလွဲပေမဲ့၊ ကကြီးကို အစက်ကလေးသာ တင်တဲ့
ကံ ဆိုးပြီးဆိုရင် မည်သို့မျှ ပြုပြင်၍မရ တဲ့။

လှံထမ်းလာတာ မြင်ရတယ်၊ ကံထမ်းလာတာမမြင်ရဘူးတဲ့...
ကံဆိုတာ မမြင်ရတဲ့အရာ။ မမြင်ရတဲ့အရာကို အပြစ်တင်နေသည့်
လူတွေသည်... လူတွေပဲဖြစ်ပါသည်။

ကိုကိုမိုးဟိန်း

@myanmarkoko