ပိန္နဲသီး
တစ်နေ့တစ်နေ့ ဘာရေးရမလဲ စဥ်းစားနေရသည်။ စာရေးခြင်းဆို
သည်ကလည်း စိတ်ပါမှ ရေးစရာအကြောင်းရာရှိပါမှ ရေးလို့ရသည်။
ရေးစရာအကြောင်းရာ ရှိပါအုံတော့ ရေးမည့်ပုံစံ၊ စကားလုံး
အထားအတို စသဖြင့် စဥ်းစားကာ ရေးရသဖြင့် အချိန်ပေးရသည်။ ထို့ကြောင့်လည်း လူတော်တော်များများက သုံးရလွယ်၊ ခံစားရလွယ်၊ ဘာမှအားစိုက်ထုတ်စရာမလိုပဲ သုံးလို့ရတဲ့ Facebook ကို
နှစ်နှစ်ခြိုက်ခြိုက်သုံးနေကြခြင်းဖြစ်ပေလိမ့်မည်။ တက်အပ်တော့
မပြောပါ။ ကျွန်တော့်အထင်ကိုသာ တင်ပြခြင်းဖြစ်ပါသည်။
နည်းပညာတိုင်းတွင်၊ နေရာဒေသတိုင်းတွင်၊ လူမှုနယ်ပယ် အသီးသီးတွင်၊ နောက်ဆုံး ဒီလောက ကမ္ဘာကြီးပေါ်တွင် အကောင်းနဲ့အဆိုး
ဆိုတာ ဒွဲတွဲနေပေသည်မဟုတ်လား။
ကျွန်တော့်အထင်ကို တင်ပြရလျှင်
ကိုယ့်အတွက် အကျိုးတစုံတရာ မခံစားရဘူးဆိုလျှင် Hive
Blog အား အသုံးပြုသူ အတော်လေးရှားသွားပေလိမ့်မည်။
@kachinhenry ကိုဟင်ပြောသလို မိမိ၏ ဘဝအကြောင်းရာ
များအား မှတ်တမ်းတင်ချင်သူများသာ ဒီပလက်ဖောင်းကို အသုံးပြုကြ
မှာဖြစ်သည်။ လူတော်တော်များများကလည်း ကိုယ့်အကြောင်းထက်
သူများအကြောင်းကိုသာ စိတ်ဝင်စားကြသည်။ ရှေ့ကပြောခဲ့သလိုပင်
အမှန်ဟု မပြောလိုပါ။ သဘောထားခြင်းကွဲလွဲနိုင်ပါသည်။
Hive blog နှင့်ပတ်သက်ပြီး ကျွန်တော်ကတော့ ဆုံးဖြတ်ချက်
တစ်ခုချထားသည်။ အဲ့ဒါကတော့ Hive စျေးကြသည်ဖြစ်စေ၊
စျေးတက်သည်ဖြစ်စေ၊ မိမိ၏ဘဝ နေ့စဥ် ထူးခြားဖြစ်စဥ်
အကြောင်းရာများကို မှတ်တမ်းတင်သွား မည်ဖြစ်ပါသည်။
Hive blog ကိုသုံးခြင်းဖြင့် အကျိုးယုတ်စရာတော့ မရှိပါ။
မနေ့ကပဲကြည့်လေ ကျွန်တော် Kiss me ပန်းလေးမြင်ပြီး Hiveပေါ်တင်တော့ Kiss me ပန်းအကြောင်း googleမှာ
ရှာဖွေ လေ့လာမှတ်သားရတော့ ဗဟုသုတ တစ်ခုတိုးသွားပါသည်။
ထို့ကြောင့် ပိန္နဲသီးအကြောင်း ဆက်ပါရစေတော့။
ပိန္နဲသီးကို ငယ်ငယ်တုန်းက မကြာခနစားဖူးပါသည်။ ငှားနေခဲ့ရတဲ့
မျိုးချစ်ဂေဟာ ခြံကြီးထဲတွင် ပိန္နဲသီးပင်ကြီးများရှိသည်။ စားတော့
လည်း ရိုးရိုးမစား ပိန္နဲပင်ပေါ်တက် မှဲ့နေသော အသီးကိုရှာကာ
အပင်ပေါ်မှာတင် လက်လက်ဆက်ဆက်ဖောက်စားပါသည်။ အရသာ
ကတော့ ဘာနဲ့မျှ မလှဲနိုင်ပေါင်။ ပိန္နဲသီးအား အကာကိုသာမက
အစေ့ကိုလည်း စားသုံးနိုင်ကြောင်းကိုတော့ အထူးပြောပြစရာလိုမည်
မထင်ပါ။ ကြီးလာတော့ လုပ်ငန်းခွင်ထဲရောက်၍ အသီးနှံများနှင့်
ခပ်ကင်းကင်းဖြစ်နေခဲ့သည်။ ပိန္နဲသီးအစိမ်းကိုချက်စားလို့ရသည်ကို
တော့ သိရှိခဲ့သည်။ အမှန်တကယ်တော့ ပိန္နဲသီး
ကို အမျိုးမျိုးလုပ်စား၍ ရကြောင်း ဒီမနက် google မှာရှာဖတ်
ပြီးမှ သိလာရသည်။ ပိန္နဲသီး၏ အင်္ဂလိပ်နာမည်မှာ Jack fruit ဖြစ်ပြီး၊ ပန္နဲသီး အသီးနုနုကိုပြုတ်ကာ ပိန္နဲသီးသုပ်၊ ပိန္နဲသီးသနပ်၊ ၀က်နံရိုးပန္နဲသီးဟင်းရည်၊ ပိန္နဲသီး ထား၀ယ်ချက်၊ တာလပေါ့ဟင်းရည် စသည်ဖြင့် အမျိုးမျိုး လုပ်စားနိုင်သည်။
ကျန်းမာရေးအတွက်လည်း အကျိုးရှိသည်ဟုသိရသည်။ ကိုယ်ခံအား
ကို ကောင်းမွန်စေပြီး၊ အအေးမိ၊ ချောင်းဆိုး၊ နားစေးခြင်းများကို
ကာကွယ်ပေးသည်ဟုဆိုသည်။ ဒါတင်မကသေးပဲ ကင်ဆာဖြစ်စေနိုင်
ဆဲလ်များကိုလည်း ကာကွယ်ပေးနိုင်သည်။ ပိန္နဲသီးအကြောင်းကို
ဒီထပ်ပိုပြီး ပြည့်ပြည့်စုံစုံ ဖတ်ချင်သည်ဆိုလျှင် အောက်ပါ link
ထဲတွင် ဝင်ရောက်ဖတ်ရှူနိုင်သည်။
https://www.thefarmermedia.com/news/5872
ကဲ Hive blog အားသုံးခြင်းဖြင့် ကျွန်တော်တစ်ယောက်
ဗဟုသုတ တစ်ခု ထပ်တိုးသိရှိခဲ့ရပါပြီ။ မိတ်ဆွေတို့ရော အကျိးရှိအောင် အသုံးချနိုင်ကြပါစေ...
ကိုကိုမိုးဟိန်း
သစ်အယ်သီး