မြန်မာစတီးမစ်မိသားစုဝင်များအားလုံး မင်္ဂလာပါဗျာ...
ဒီနေ့တော့ မိမိအိမ်မှာရှိတဲ့ towels တွေနဲ့ အပျင်းပြေအလှဆင်လို့ရအောင် ဖန်တီးမှုလေးတစ်ခုကို
ပြောပြပေးချင်ပါတယ်ဗျ။
How to make a peacock with towels?
အဲ့ဒါကတော့ towels နဲ့ ဒေါင်းလှလှလေး ပြုလုပ်နည်းပဲ
ဖြစ်ပါတယ်။ တကယ်လို့များ ချစ်သူရည်းစားတွေရှိရင်လည်း
ကိုယ့်ချစ်သူကို surprise လုပ်လို့ရပါတယ်။
အိမ်ထောင်ရှင်များကလည်း နှစ်ပက်လည်နေ့တွေမှာ ကိုယ့်ရဲ့ဘဝ
လက်တွဲဖော်ကို surprise လုပ်ပေးလို့ရပါတယ်။
ပထမဆုံး အောက်ပါပုံမှာပြထားတဲ့အတိုင်း towel ကိုဖြန့်ပြီး
အလယ်ကိုပါးစပ်ဖြင့်ကိုက်ပါ၊ပြီးရင်အစွန်းနှစ်ဖက်ကိုခေါက်ပါ...
ဒုတိယ အဆင့်မှာတော့ ပုံမှာပြထားတဲ့အတိုင်း အောက်ပိုင်း အစ
နှစ်ခုကိုပြီး ခေါက်ချည်လိုက်ပါ...
တတိယအဆင့်နေနဲ့ ပုံမှာပြထားတဲ့အတိုင်း towel အသေးနဲ့
ယပ်တောင်ပုံစံ ခေါက်ပါ...
နောက်ဆုံးမှာတော့ ရလာတဲ့ ယပ်တောင်လေးကို
ခုနက ခေါက်ထားတဲ့ တစ်ခုရဲ့ နောက်ချည်ထားတဲ့ အထဲကို
ထိုးထည့်လိုက်ပါ...
ခုလိုလှပတဲ့ ဒေါင်းလေးရရှိလာမှာဖြစ်ပါတယ်...
နှင်းဆီပန်းအနည်ငယ်နဲ့ ကိုယ်နှစ်သက်ရာအလှဖော်ပြီး
Surprise လုပ်လို့ ရပါပြီဗျာ....
ကျွန်တော့ရဲ့ ဒီ you tube channel ကလည်း
အသေးစိပ်ကြည့်ရှူလို့ရပါတယ်...
အားလုံးကို ကျေးဇူးတင်ပါတယ်...
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Created by KoKoMoeHein@myanmarkoko
MSC no.118