This post is about cryptocurrency / Hive Engine Tokens and CTP to share Myanmar users in Myanmar language.
Hive Platform ပေါ်မှ မြန်မာများအားလုံး မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါစေကြောင်း ပထမ
ဦးစွာ ဆုတောင်းမေတ္တာ ပို့လိုက်ရပါသည်။
သည်ကနေ့ ကျွန်တော်ပြောပြမည့် အကြောင်းများမှာ
၂ ချက်ရှိပါသည်။
(၁) ကျွန်တော်သိသမျှ Hive ကိုမှီပြီး လည်ပက်နေ
သော Platform များအကြောင်း။
(၂) CTP အကြောင်းသိသမျှ။
သည်အချက် ၂ ချက် ကိုမျှဝေပေးသွားမှာ ဖြစ်ပါ
သည်။ လက်ရှိ Hive ပေါ်မှာ နေ့စဥ် ပို့စ်တင်ကာ
ကျင်လည်နေကြသူများကတော့ သည်အကြောင်း
များကို သိပြီးဖြစ်ပါလိမ့်မည်။ သို့သော်လည်း
နှောင်အခါ မသိသေးသူ Users အသစ်များ ဝင်ရောက်လာသောအခါ အလွယ်တကူရှာဖွေ လေ့လာနိုင်စေရန် ရည်ရွယ်ကာ ဤပိုစ့်တွင် ကျွန်တော်သိသမျှကို ပြောပြပေးသွားပါမည်။ ကျွန်တော့်မှာ နိုက်နိုက်ချွတ်ချွတ် တစ်ဖက်ကမ်းသိ
တက်၍ မျှဝေလိုက်ရခြင်းမဟုတ်ပါ။ သို့ဖြစ်ပါ၍
အမှားနှင့် ချို့ယွင်းချက်များရှိပါက ဆရာကြီးများ
သည်းခံပေးကြပါရန်လည်း တောင်းပန်လိုက်ရ
ပါသည်။
(၁) ကျွန်တော်သိသမျှ Hive ကိုမှီပြီး လည်ပက်နေ
သော Platform များအကြောင်း။
Hive Platform သည် Steemit မှ ခွဲထွက်
လာခဲ့သော Decentralised Blockchain
ဖြစ်ပါသည်။ ထို့အတူပဲ Project ပေါင်းများစွာ
မှာလည်း Steemit မှ Hive သို့ ကူးပြောင်းလာ
ခဲ့ကြသည်။ ကိုဟင်နရီဦးဆောင်သော Myanmar
Steemit Community သည်လည်း Hive Platform သို့ ကူးပြောင်းခဲ့ကြပါသည်။ သို့သော်လည်း Crypto များစျေးကြနေချိန်ဖြစ်
သောကြောင့် မြန်မာUsers များအနည်းငယ်သာ
Hive platform ပေါ်သို့ အပက်တကုတ် ကြိုးစားကြရင်း ကျန်ရှိခဲ့ကြပါသည်။ New User များအတွက် Hive မည်သို့ပေါ်ပေါက်လာခဲ့ကြောင်း
ယခုကဲ့သို့ ရှင်းပြရခြင်းဖြစ်ပါသည်။
စာရှည်သွားမည်စိုး၍ လိုရင်းကို ဆက်ပါရစေ။ အထက်မှာ ဆိုပြီးခဲ့သည့်အတိုင်း Project အများ
စုမှာလည်း Hive သို့ကူးပြောင်းလာခဲ့ပါသည်။
Palnet Platform
Leofinance Platform
Creativecoin Platform
Archon Platform
Neoxian Platform
CTP Platform
ဟူ၍ စသဖြင့် ရှိကြပါသည်။ နောက်ထပ်ကျွန်
တော် မသိသေးသော Platform များလည်းရှိ
နေနိုင်ပါသေးသည်။ Platform တိုင်းသည် သူ့
ရည်မှန်းချက်နဲ့သူရှိကြပါသည်။ CTP Platform
ကို အဓိကထားပြောပြသွားမည်ဖြစ်၍ အခြားသော
Platform များအကြောင်းကို အကျဥ်းချုပ်သာ
ဖော်ပြပေးသွားပါမည်။ Platform တိုင်းသည်
မိမိတို့၏ Tokens များရှိကြသည်။ Tokens များ၏ တန်ဖိုးမှာလည်း မတူညီကြပါ။
Palnet Plaform
ဒီပလက်ဖောင်းမှာ လောလောဆယ်တွင်
မည်ကဲ့သို့သော ဆောင်းပါးများကိုသာ ခွင့်ပြုသည်
ဟူ၍ ကန့်သတ်မထားပါ။ palnet ဟု tag တွဲယုံ
မျှဖြင့် ဤPlatformပေါ်သို့ မိမိပိုစ့်ရောက်ရှိသွား
မည်ဖြစ်ပါသည်။ လက်ရှိ pal ပေါက်စျေးမှာ
19pal = 1hive
pal ကို log in ဝင်ပါ
Leofinance Platform
ဒီပလက်ဖောင်းကတော့ စည်းကမ်းတင်းကျပ်ပါ
သည်။ သူတို့၏ စည်ကမ်းနှင့် မညီလျှင် Down Vote များ ပေးခံရမည်ဖြစ်ပြီး။ ဆက်တိုက်ဆိုသလို
စည်းကမ်းလိုက်နာမှုမရှိပဲ ပိုစ့် တင်မယ်ဆိုလျှင် ရာသက်ပန် Leofinance Platform မှ Ban
ခြင်းကို ခံရမည်ဖြစ်သည်။ အဓိက သူတို့၏ စည်းကမ်းမှာ ငွေရေးကြေးရေးနှင့် Crypto အကြောင်းသာ သူတို့၏ Platform တွင် ပိုစ်တင်
ခွင့်ပြုသည်။ ပိုစ်တင်ချင်လျှင် Leo ဟုသာ tag တွဲ ပေးလျှင်ရပါသည်။ လက်ရှိ leo ပေါက်စျေးမှာ
1leo = 2hive
Leo ကို log in ဝင်ပါ
Creativecoin Platform
ဒီ Platformမှာ တစ်ခုခုဖန်တီးမှုပါသော
ပိုစ်များကို တင်ခွင့်ပြုပါသည်။ လောလောဆယ်မှာ
တော့ အချို့သူများလည်း ဖန်တီးမှုမပါပေမဲ့ တင်နေကြတာကို တွေ့မြင်ရပါသည်။ နှောင်အခါတွင်
တော့ ဘယ်လိုလာမည်မသိပါ။ creativecoin ဟု tag တွဲပေးလျှင်ရပါသည်။ လက်ရှိ CCC ပေါက်စျေးမှာ 300ccc = 1hive
CCC ကို log in ဝင်ပါ
Archon Platform
ဒီ Platform သည်လည်း ဘာမှတော့ ထွေထွေ
ထူးထူးကန့်သတ်ထားခြင်း မရှိသေးပါ။ နောက်ပိုင်း
တွင်တော့ မပြောတက်ပါ။ တစ်ခုရှိသည်က တစ်ချို့ကတော့ rchon ကို mining လုပ်ကြ
သည်လည်း တွေ့ရှိရသည်။ archon ဟု tagတွဲပေးရုံပင် ရပါသည်။ လက်ရှိ archon ပေါက်စျေးမှာ 4archon = 1hive
Neoxian Platform
Neoxianသည်လည်း စည်ကမ်းသတ်မှတ်ချက်
တော့ မရှိသေးပါ။ နောက်ပိုင်းတွင်တော့ မပြောတက်
ပါ။ neoxian ဟု tag တွဲလိုက်ပါ။ neoxag
ပေါက်စျေးမှာ 250neoxag = 1hive
(၂) CTP အကြောင်းသိသမျှ
ဒီပက်လက်ဖောင်းကိုတော့ အနည်းငယ် ကျွန်တော်
သိသမျှလေးကို ပြောပြပေးသွားပါမည်။ သူ့ရဲ့ နာမည်အပြည့်စုံက Click Track Profit ဖြစ်ပါ
သည်။ သူ့မှာလည်း Quality content အရေးသားကောင်းသူများကို Support ပေးသော
အဖွဲ့စည်းများရှိပါသည်။ ဘယ်လိုပိုစ့်မျိုးတင်ရမလဲ
ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တော့ မရှိသေးပါ
ဘူး။ Cryptocurrency အကြောင်းတင်နိုင်လျှင်
တော့ အကောင်းဆုံး ဖြစ်ပါသည်။ နေ့စဥ် Daily Prize တွေရှိပါသည်။ အောက်ပါလင့်ခ်ကနေ အသေးစိတ်လေ့လာနိုင်ပါသည်။
CTP Talk Wheel of Engagement - 24 November 2020 - Open for Entries
ကျွန်တော်လည်း လေ့လာနေဆဲမို့ အသေးစိတ်တော့ မရှင်းပြနိုင်သေးပါ။
နောက်တစ်ခုက CTP member ဝင်ဖို့လည်း
Link တစ်ခုရှိပါသေးသည်။ ကျွန်တော်လည်း English အားနည်းသည်ကတစ်ကြောင်း မအားလပ်သည်က တစ်ကြောင်းမို့ သေသေချာချာ
မလေ့လာဖြစ်သေးပါ။ လက်ရှိ ဆရာဟင်နှင့် ကိုဟိန်း
တစ်ဦးဦးမှ လေ့လာပြီး မြန်မာလို မျှဝေပေးနိုင်လျှင်
တော့ ပိုကောင်းမည်ဟု ထင်မိပါသည်။
https://clicktrackprofit.com/v2/claimbadge.php
ဤအရာများကတော့ CTP နဲ့ပက်သတ်ပြီးတော့
ကျွန်တော်သိသလောက် မျှဝေပေးလိုက်ရခြင်း
ဖြစ်ပါသည်။ CTP platform တွင့်ပိုစ့်တင်ချင်
လျှင် ctp ဟုသာ tag တွဲပေးလိုက်ရုံဖြစ်ပါသည်။
CTP လက်ရှိပေါက်စျေးမှာ 16ctp = 1hive
ဖြစ်သည်။ မိတ်ဆွေများအတွက် ကျွန်တော်မျှဝေ
ပေးလိုက်သော အကြောင်းရာများထဲမှ အကျိုးတစ်ခု
ခု ရရှိသွားကြမယ်ဆိုလျှင် ကျွန်တော် ပိုစ့်တင်ရကျိုး
နပ်ပါပြီ။ ကျွန်တော်၏ တင်ပြမှုမှာ လိုအပ်ချက်များ
ရှိလျှင် ကျွန်နုပ်နှင့်သာ သက်ဆိုပါသည်။
အားလုံးကို ဖတ်ရှူပေးသည့်အတွက် အထူးကျေးဇူး
တင်ပါသည်။
Photos created in Canva app
ကိုကိုမိုးဟိန်း
KoKoMoeHein