ဂျုံးဂျုံး.... ဂျက်ဂျက်...

စာရေးဆရာရဲ့လက် လွယ်မလိုနဲ့ခက်၊ တွေးရင်းရေးရင်း မိုးလင်းခဲ့ပေမဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်မလာခဲ့တဲ့ညတွေလည်းရှိမယ်။ စတင်းဈေးကကျ ကုန်ကြမ်းကရှားလို့ အားတင်းကာ ကြိုးစားရေးပေမဲ့ တခါတခါ ကလောင်ကိုင်ထားရတဲ့လက်တွေ ပူပူ...

5 years ago, comments: 2, votes: 10, reward: $0.27

စာရေးဆရာရဲ့လက် လွယ်မလိုနဲ့ခက်၊
တွေးရင်းရေးရင်း မိုးလင်းခဲ့ပေမဲ့
ဆောင်းပါးတစ်ပုဒ် ဖြစ်မလာခဲ့တဲ့ညတွေလည်းရှိမယ်။

စတင်းဈေးကကျ ကုန်ကြမ်းကရှားလို့
အားတင်းကာ ကြိုးစားရေးပေမဲ့
တခါတခါ ကလောင်ကိုင်ထားရတဲ့လက်တွေ
ပူပူလာတယ်။

ရှေ့ရေးကိုမျှော်တွေး အမြဲအားပေးတဲ့ ဆရာဟင်
တွဲလက်တွေ တဖြုတ်ဖြုတ်ကြွေလည်း
တအိအိနဲ့ MSCစတီးမစ်ရထားကြီးအား
ဆက်လက်မောင်းနှင်နေပါအုံးမည်။

ဂျုံးဂျုံး.... ဂျက်ဂျက်... ဂျုံးဂျုံး.... ဂျက်ဂျက်....
IMG20200513132311.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
@myanmarkoko