Flower of the day / ပန်းများဖူးပွင့်ဝေသောနေ့ကလေး

It is cloudy and rainy all over Myanmar. The rainy season is going to over and Winter is coming soon. Pyin Oo Lwin, a small hill town, is getting cold. It rained non-stop last night because of this morning was green and wet...

5 years ago, comments: 0, votes: 18, reward: $0.17

It is cloudy and rainy all over Myanmar. The rainy season is going to over and
Winter is coming soon. Pyin Oo Lwin, a small hill town, is getting cold.
It rained non-stop last night
because of this morning was green and wet. It was very beautiful. Also, the flowers are in full bloom. This morning is perfect.

IMG_20201023_093210.jpg

IMG_20201023_093034.jpg

IMG_20201023_092017.jpg

My favorite Flowers poem

The flower is
the stems cry of beauty
to the universe.

-Vassilis Comporozos
Credit link

Flowers are a magic that can capture people's hearts.
No matter how rude people
when they see a beautiful flower,
could it not soften their hearts for a moment?
When I see a flower, I always feel calm inside.Flowers are compared to girls.Especially Girls are compared to roses and compose poems. But the flowers I took photo today are lesser known flowers.

IMG_20201023_091951.jpg

IMG_20201023_093018.jpg

I was lucky. I found a Spider. Then I took a Spider photo too.

IMG_20201023_092407.jpg

Take a look at the flower photos I shared today and be as calm as a flower.

Thank you all

@myanmarkoko

You can call me KoKo.
KoKoMoeHein

Below is Myanmar language

မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးတိမ်များထူထပ်ပြီး
မိုးများ ရွာသွန်းလျှက်ရှိပါသည်။
သီတင်းကျွတ်လ ရောက်လေပြီ။ မိုးရွာသီကုန်ဆုံး
တော့မည်ဖြစ်ပြီး ဆောင်းရာသီရောက်ရှိလာတော့
မည်။ တောင်ပေါ်မြို့လေးဖြစ်တဲ့ ပြင်ဦးလွင်မြို့
လေးမှာတော့ အအေးဓာတ်လေးတွေ စတင်ရရှိလာ
ပြီ။ မနေ့ညက မိုးများ အဆက်မပြက်ရွာသွန်းခဲ့
သောကြောင့် ဒီနေ့မနက်ခင်းလေးသည် စိမ်းစိမ်းစိုစို
ဖြင့် အလွန်လှပလို့နေပါသည်။

သာယာလှပတဲ့ မနက်ခင်းလေးကို အလေ့ကျ ပေါက်တက်သော တောပန်းကလေးများ
က ထပ်လောင်း၍ ကျက်သရေရှိသွားစေပြန်သည်။
ပန်းဆိုတာ လူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်သော
မှော်တစ်ခုပါ။ ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့
လူတွေ ဖြစ်နေပါစေ လှပတဲ့ ပန်းကလေးတစ်ပွင့်ကို
မြင်လျှင် ထိုသူတို့၏ နှလုံးသားကို တဒင်္ဂတော့
နူးညံ့ပျော့ပျောင်းသွားစေနိုင်သည် မဟုတ်လား။

ပန်းတဲ့... ကျွန်တော်ကတော့ပန်းကိုမြင်ရရင်
စိတ်ထဲမှာ အလိုလို ငြိမ်းချမ်းသွားသလို
ခံစားရစမြဲ။ အများအားဖြင့်တော့ ပန်းကို
မိန်းကလေးတွေနဲ့ ခိုင်းနှိုင်းတက်ကြသည်။

ပန်းနဲ့ပက်သက်ပြီး ကဗျာလေးတွေ ဖွဲ့တက်
ကြသည်။

မြန်မာ့ကဗျာတွင် ဆရာဇော်ဂျီရဲ့ ပိတောက်ပန်း
ကဗျာက နာမည်ကြီးလှသည်။ Google မှ
ရှာဖွေ၍ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါ
သည်။

ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဝေဝေဆာနဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပ့ါ
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်ရော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာ၀င်သို့
မာန်အင်ကို ဉာဏ်ဆင် မွေးကာပ
ရအေး အခါသာမှ
ကမ္ဘာမှာ တစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။ ။

#ဇော်ဂျီ
(တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်း၊ ၁၉၂၈)

Credit link

ပန်းနှင့်ပက်သက်ပြီး ပန်းပွဲတော်ကိုလည်း ပြင်ဦးလွင်
မြို့လေးတွင် နှစ်စဥ် ဒီဇင်ဘာလတွင် ကျင်းပလျှက်
ရှိပါသည်။ မနှစ်ကတော့ ချစ်သူလေးနှင့်အတူ
ပန်းပွဲတော်ကို သွားရောက်ဖြစ်ခဲ့ပါသေးသည်။
ချစ်သူ့လက်ကို တွဲပြီး ပန်းပေါင်းစုံပွင့်ဝေနေတဲ့
ဥယာဥ်ကြီးထဲမှာ လမ်းလျှောက်ရသော ခံစား
ချက်အား အဓိပ်ပါယျဖောျပွလို့ပငျ မရနိုင်ပါ။

တွေးရင်းလမ်းလျှောက်ရင်း ပန်းကလေးတွေကို
ဓာတ်ပုံရိုက်ရင်း ဒီနေ့မနက်ခင်းလေးကတော့
ကျွန်တော့်အတွက် ပြီးပြည့်စုံလို့နေပါသည်။

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko