ကမ္ဘာဦးအစကတည်းက အရာအားလုံးဟာ အမြဲတမ်း တရွေ့ရွေ့ပြောင်းလဲလာနေပါသည်။ နေ့ရက်၊ လ၊ ခုနှစ်တွေ အလီလီပြောင်းလဲလာခဲ့ပါပြီ၊ ပြောင်းလဲခြင်း (Changing) ဆိုတဲ့စကားကို နေရာတိုင်းမှာကြားရပြီး ၊ တခါတလေ လူတို့ယုံကြည်ထားသောအရာများသည်လည်း ပြောင်းလဲသွားတက်ကြပါသည်။ လူသားတွေအားလုံးဟာ ကလေး၊ လူငယ်၊ လူကြီး ဆိုပြီး ကာလအပိုင်းခြား သုံးခုကို ဖြတ်သန်းကြရပါသည်။ ဘာကြောင့် လူနည်းစုက အောင်မြင်ကြပြီး၊ လူများစုက ဘာကြောင့် မအောင်မြင်ကြတာပါလဲ?.....။
အဖြေကတော့ ပြောင်းလဲခြင်း( Changing) ပဲဖြစ်ပါသည်။
Photo credit >> google.
ဘဝမှာ အောင်မြင်သွားကြတဲ့ လူနည်းစုဟာ (Changing) ပြောင်းလဲခြင်းကို လက်ခံကြလို့ပဲဖြစ်ပါသည်။ ဥပမာ>> သန့်ရှင်းရေးဝန်ထမ်းနှစ်ယောက်ရှိတယ်ဆိုပါစို့.....
ပထမတစ်ယောက်က သန့်ရှင်းရေးလုပ်ရင်း အခွင့်အလမ်း တွေကိုရှာဖွေပါတယ်၊ အင်္ဂလိပ်စာ လေ့လာတယ်၊ ကွန်ပျူတာသင်တန်းတက်တယ်၊ အသိပညာ ဗဟုသုတတွေကိုရှာမှီးတယ်။ ဒီချိန်မှာ ပြောင်းလဲခြင်းက သူ့ထံလာပါတယ်၊ ရာထူးတစ်ခုတိုးတယ် Supervisor ဖြစ်လာတယ်။ ဒီထက်ပိုပြီးကြိုးစားတယ်၊ နောက် ၇ နှစ်လောက်ကြာတဲ့အခါ Manager ဖြစ်သွားတယ်။
ဒုတိယသန့်ရှင်ရေးဝန်ထမ်းကတော့ သူ့အလုပ်ကိုသူတာဝန်ကျေအောင်လုပ်တယ်၊ ပတ်ဝန်းကျင်မှာ ဘာတွေပြောင်းနေလဲ သူမလေ့လာဘူး၊ အင်္ဂလိပ်စာ သူစိတ်မဝင်စားဘူး၊ ကွန်ပျူတာ မသုံးတက်ဘူး၊ အသိပညာ ဗဟုသုတ မရှိဘူး၊ အဲ့ဒီချိန်မှာပဲ အခွင့်အလမ်းက သူထံ့ကို တံခါးလာခေါက်တယ် သူလက်မခံနိုင်ဘူး၊ လက်ခံနိုင်ဖို့အတွက်လည်း အရည်ချင်းတွေရှိအောင် ပြောင်းလဲဖို့ သူမကြိုးစားခဲ့ဘူး။ နောက်၇ နှစ်ကြာတဲ့အခါ ဒုတိယဝန်ထမ်းဟာ သန့်ရှင်းရေးလုပ်ရင်းနဲ့ပဲ ဘဝကိုငြီးငွေ့စွာ ဖြတ်သန်းရတော့တယ်။
" ပြောင်းလဲခြင်းကို လက်မခံရင် ပြောင်းလဲခြင်းက သူ့အလိုလို ပြောင်းလဲသွားပါတယ် "
ဦးတင်ဇံကျော် >>Managing Director
( Device Services Company Limited)
photo credit >> google
လူတစ်ယောက် ပြောင်းလဲဖို့ဆိုရင်>>>ပြောင်းလဲချင်တဲ့စိတ် နှင့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုတို့ လိုအပ်ပါတယ်။
လူငယ်တစ်ယောက်ဟာ သူ့ကိုယ်သူ ပြောင်းလဲလိုစိတ်ရှိတယ် ဒါပေမဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မရှိဘူး၊ နေရတဲ့ ပတ်ဝန်းက ရိုးရိုးနေရိုးရိုးစား၊ အရက်သမားတွေ ဘိန်းစားတွေနဲ့ပဲ ပြည့်နေမယ်ဆိုရင် အဲ့ဒီလူငယ်ဟာ သူသွားချင်တဲ့ ပန်းတိုင်းကိုမရောက်နိုင်ပဲ ကျန့်ကြာနေပါလိမ့်မယ်။
ကောင်းမွန်တဲ့ပတ်ဝန်းကျင်၊ ဘေးနားမှာ လူတော်တွေ၊ ပညာတက်တွေတော့ရှိပါရဲ့ ကိုယ်ကိုယ်တိုင်က ပြောင်းလဲချင်စိတ်မရှိဘူးဆိုရင် မိုးပေါ်က သိကြားမင်းဆင်းပြီး မင်းပြောင်းလဲပါတော့လို့ ပြောရင်တောင် အဲ့ဒီလူငယ်ဟာ ပြောင်းလဲမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်ကပြောင်းလဲချင်စိတ်မရှိလို့ပဲဖြစ်ပါတယ်
စကားပုံတောင်ရှိပါတယ်....
" စိတ်သာရှင်စော ဘုရားဟော"တဲ့ စိတ်သာလျှင်အဓိကဖြစ်ပါတယ်။
ဒီမှာအလျင်းသင့်လို့ ကျနော်ဖတ်ထားတဲ့ စာအုပ်တစ်အုပ်ထဲက အကြောင်းရာ တစ်ခုကို မျှဝေချင်ပ်ါသည်။
အောင်မြင်ခြင်း သီအိုရီ <<<
သင်ဖြစ်ချင်တဲ့ဆန္ဒ (Wish)၊ သင်ရဲ့အခြေအနေ( What is) နှင့် အရှိတရား(Reality) ဒီ၃ခုပေါင်းနိုင်ရင် သင်သေချာပေါက်အောင်မြင်ပါပြီ။
လူငယ်တစ်ယောက်ဟာ ဆရာဝန်ဖြစ်ချင်တယ် ဒါသူ့ရဲ့ဆန္ဒ၊ အခုသူဆေးကျောင်းတက်နေတယ် ဒါကသူ့ရဲ့အခြေနေ ပြီးတော့ ဆေးပညာကိုလဲတကယ်စိတ်ဝင်စားတယ် ဒါဆိုရင် ဒီလူငယ်လေးဟာ နောင်တချိန်မှာ အောင်မြင်တဲ့ဆရာဝန်တစ်ယောက်ဖြစ်နိုင်တယ်။ ဒီသီအိုရီကတော့ စာရေးဆရာ လင်းသိုက်ညွန့် ရဲ့ သင့်ခေါင်းမှာသရဖူဆောင်းနိုင်ဖို့စာအုပ်ထဲက ကောက်နှုတ်ချက်ဖြစ်ပါသည်။
ထို့ကြောင့် ပြောင်းလဲခြင်းတွေကိုကြိုဆိုပါ.........
ပြောင်းလဲချင်တဲ့စိတ်ရှိပါ........
သင့်ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲပါ......
ဒါဆိုရင်တော့ အောင်မြင်တဲ့ မြန်မာလူငယ်များဖြစ်လာပါလိမ့်မည်။ Steemit ကိုအသုံးပြုနေသော မြန်မာများအားလုံး Steemit platform တွင် အောင်မြင်မှု ကိုယ်စီရရှိနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကျွန်တော့်ရဲ့တင်ပြမှုကို ဒီမှာပဲရပ်နားပါရစေ.....
မြန်မာအပေါင်း မင်္ဂလာ ရှိပါစေ
ကိုကိုမိုးဟိန်း
MSC no. 118
Written by >> @kokomoehein