ဒီတစ်ပက်လည်း "ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်"
ဝတ္ထုတိုလေးအားမတင်နိုင်သေးပဲ ခရီးသွားပိုစ့်ကိုသာ တင်လိုက်ရပါသည်။
ရူပါမန္တလာဟိုတယ်မှ ဝန်ထမ်းများကို တစ်နှစ်တစ်ခါ ဘုရားဖူးခရီး
ပို့ဆောင်ပေးလေ့ရှိပါသည်။ ဒီနှစ်မှာတော့ "တောင်ကြီး၊ အင်းလေး၊
လွိုင်ကော်" ဘုရားဖူးခရီးစဉ်ပဲဖြစ်ပါသည်။ စာရေးသူလည်း ခရီးသွားဖို့ပြင်ဆင်ရင်း အလုပ်တွေရှုပ်နေခဲ့တော့သည်။ တစ်ခြားမဟုတ် စာရေးသူမှာ ကားအလွန်မူးတက်သောကြောင့်
ဆေးများပြေးဝယ်ရ၊ အဝတ်စားများအနည်းငယ်လိုက်ရှာဝယ်ရနှင့်
ဗျာများလျှက်ရှိသည်။
ဘုရားဖူးခရီးစဉ်မှာ 10.05.2018 ၊ သောကြာနေ့ ညနေ5နာရီတွင်စတင်ခဲ့ပေသည်။ ခရီးစတင်သည်ဆိုလျှင်ပဲ
လူငယ်များအဖွဲ့က ဂစ်တာတီးပြီး သီချင်းဆိုကြလေသောအခါ
ကားတစ်စီးလုံး အပျော်တွေ ကူးစက်ကုန်လေတော့သည်။
အောက်ပါ Video လေးမှာ လူငယ်လေးများ ပျော်ရွှင်စွာ သီချင်းဆိုနေကြပုံများဖြစ်ပါသည်။
https://m.facebook.com/story.php?story_fbid=404443683354829&id=100013676014690
ခရီးစဉ်မှာ ပထမဦးဆုံး လွိုင်ကော် သို့သွားရောက်ကာ ဘုရားဖူးကြမည် ဖြစ်ပြီး လွိုက်ကော် သို့ မနက်5နာရီ တွင် ရောက်ရှိခဲ့လေသည်။
အောက်ပါပုံများမှာ ကယားပြည်နယ် လွိုင်ကော်မြို့ မှ
တောင်ကွဲ စေတီဖြစ်ပါသည်။
လွိုင်ကော်မြို့လေး၏ ရာသီဥတု မှာ
ပြင်ဦးလွင် မြို့၏ ရာသီဥတု နှင့်ခပ်ဆင်ဆင်ဖြစ်သည်။ တိုက်ခက်သောလေများမှာ အအေးဓာတ်ပါကာ ပတ်ဝန်းကျင်တစ်ခုလုံးက တောင်ကုန်း တောင်တန်းများနှင့် စိမ်းစိုလျှက်ရှိပေသည်။
ခရီးသွားနေရင်း ရေးလိုက်ရခြင်းကြောင့် အမှားပါများပါခဲ့ပါက
သည်းခံပေးကြပါဗျာ...
မြန်မာစတီးမစ်မိသားစုဝင်များကို အစဉ်အမြဲ ချစ်ခင်လေးစားလျှက်...
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko